စစ်ကောင်စီကို တိုက်စစ်ဖွင့်တော့မယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် PDF တပ်ဖွဲ့များ

စစ်ကောင်စီကို တိုက်စစ်ဖွင့်တော့မယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် PDF တပ်ဖွဲ့များ

ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကရင်ပြည်နယ်က လှို့ဝှက်တောတွင်းစခန်းတစ်ရဲ့ အခြေအနေကို ရိုက်တာသတင်းဌာနက တင်ပြထားပါတယ် ။ အဲ့ဒီနေရာကို သတင်းကျင့်ဝတ်အရ အတိအကျ ဖော်ပြမထားပေမယ့် ထိုင်းနယ်စပ်လို့တော့ ဖော်ပြထားပါတယ် ။ ဒီစခန်းမှာ ရောက်နေသူတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား ၊ အစိုးရဝန်ထမ်း ၊ စီးပွားရေးသမား ၊ အလုပ်သမားနဲ့ ဘာသာရေးဆရာ ၊ ဘုန်းကြီးတွေအထိ ပါဝင်ပါတယ် ။

ထိုင်းနယ်စပ်က ဝေးလံသီခေါင်တဲ့ တောင်ကုန်းတွေမှာ ယာယီတဲတွေထိုးပြီး စစ်ရေးလေ့ကျင့်နေတာပါ ။ ဒီစခန်းတွေဟာ KNU ဌာနချုပ်ရဲ့ ကွပ်ကဲမှု့အောက်မှာ ရှိနေသလားလို့ ရိုက်တာက မေးထားပေမယ့် KNU ကတော့ အကြောင်းမပြန်ပါဘူး ။

ပြောက်ကျားတိုက်ခိုက်ရေးသမားတွေ ဖြစ်လာဖို့ သူတို့ဟာ ကျောင်းထွက် ၊ အလုပ်ထွက် ၊ မိသားစုကိုစွန့်ခွာပြီး ဒီနေရာကို ခက်ခက်ခဲခဲ ရောက်လာသူတွေပါ ။ ကိုယ်ပေါ်က အရောင်စုံ အဝတ်အစားတွေကို ချွတ်ပြီး တံဆိပ်ဆင်တူပါတဲ့ တီရှပ်တွေနဲ့ ပထမဆုံး စစ်သင်တန်း တက်ကြရပါတယ် ။ ပြီးတော့ ရိုင်ဖယ်သေနတ်တွေ ကိုယ်စီကိုင်ကြရပါတယ် ။ တဆင့်တက်ပြီး လက်လုပ်ဗုံးလုပ်နည်းနဲ့ ဖောက်ခွဲရေးပစ္စည်း တပ်ဆင် အသုံးပြုနည်းတွေကို သင်ယူကြရပါတယ် ။ သင်တန်းပေးသူတွေကတော့ မြန်မာစစ်တပ်ကို သူတင်ကိုယ်တင် တိုက်ခိုက်နိုင်တဲ့ ဝါရင့် ပြောက်ကျားတပ်ဖွဲ့ဝင်တွေလို့ ရိုက်တာက ခန့်မှန်းပါတယ် ။ ( ဓာတ်ပုံအချို့မှာတော့ ဥရောပတိုက်သား သင်တန်းဆရာတွေလည်း တွေ့ရပါတယ် )

ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ၊ ကြံ့ခိုင်ရေး သင်တန်းနည်းပြဖြစ်သူက” လက်နက်ကိုင်တာဟာ ကျွန်တော်တို့အတွက် တစ်ခုတည်းသာရှိတဲ့ ရွေးချယ်မှု့ပါ “လို့ ဖြေကြားထားပါတယ် ။

“မြေပြန့်က အရပ်သားပြည်သူတွေကို ကာကွယ်ပေးတာ ၊လေ့ကျင့် ပေးတာဟာ ပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြသတာပါ ၊ အတူတူတိုက်ပွဲဝင်ဖို့ပါ ။ များပြားလှတဲ့ ယုံကြည်ချက်ရှိသူတွေကို ကာကွယ်ပေးထားပါတယ် ။ ဒီနေ့အထိ ရောက်လာသူတွေ မနည်းပါဘူး ။ ဒါဟာ မြန်မာပြည်သူတွေနဲ့အတူ စည်းလုံးမှု့ရှိတာပါ ”

လို့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောထားပါတယ် ။ မြန်မာပြည်အနှံ့အပြားမှာ ဒီလို စစ်ရေးလေ့ကျင့်နေတဲ့ PDF တပ်ဖွဲ့ဝင် အရေအတွက်ဟာ မြန်မာစစ်တပ်ထက်တောင် အင်အားအရ အသာရနေပါတယ် ။

PDF တပ်ဖွဲ့ဝင် ကျောင်းသားလူငယ်တစ်ဦးက” ပြည်လည်တိုက်ခိုက်ခြင်းဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ ။ ငါ့လူမျိုးကို ကာကွယ်ရတာ ဂုဏ်ယူတယ် “လို့ ရိုက်တာရဲ့အမေးကို ဖြေကြားထားပါတယ် ။ ဒါကတော့ ရိုက်တာသတင်းဌာနက တင်ပြထားတာတွေကို တစ်ဦးဆီ အင်တာဗျူးအချို ကို လုံခြုံရေးအတွက် ချန်လှပ်ထားပြီး စာရေးသူက ကောက်နုတ် တင်ပြလိုက်တာပါ ။

သုံးသပ်ရရင် ……၊ကရင်ပြည်နယ်ကို စစ်ကောင်စီဝင်မွှေတဲ့သတင်းတွေ ဒီရက်ပိုင်း ပလူပျံနေတာ တွေ့ကြမှာပါ ။ စစ်ကောင်စီဟာ ဒီလိုလုပ်ခဲ့တာ အခုမှမဟုတ်ပါဘူး ။ ၁၉ ၈၈ အရေးအခင်းပြီးခါစကလည်း ဒီပုံအတိုင်းပါပဲ ။ မဲသဝေါ ၊ ဖလူး ၊မာနယ်ပလော စခန်းတွေကို အသည်းအသန် ကာကွယ်ခဲ့တုန်းကလည်း မြေပြန့်က ရောက်လာသူတွေ ရှိတဲ့နေရာတွေကို အရင်ဆုံး ဝင်မွှေတာပါ ။ ပြီးတော့မှ စခန်းကြီးတွေကို အင်အားသုံးပြီး ဝင်ပါတယ် ။

စာရေးသူ ရေးခဲ့ဘူးသလိုပါပဲ ။ စစ်ပွဲနဲ့ တိုက်ပွဲက မတူပါဘူး ။ တိုက်ပွဲဆိုတာ အခြေအနေအရ စခန်းစွန့်ရတာရှိသလို ၊ စခန်းရတာလည်း ရှိပါတယ် ။ အဲ့ဒီတုန်းက KNU ဟာ စခန်းပေးလိုက်ရပေမယ့် ဆုံးရှုံးမှု့တော့ သိပ်မရှိခဲ့ပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့ ဖလူးစခန်းရဲ့ ဝင်ပေါက်ဟာ ကရင်ပြည်နယ်ထဲမှာရှိပြီး အနောက်ပိုင်းကတော့ ထိုင်းနိုင်ငံထဲကိုပွင့်နေတဲ့ ရေအိုးပုံစံပါ ။ စခန်းကျတော့ ကျောင်းသားတော်တော်များများက ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံပါတယ် ။ အမေရိကန်က အထူးပုဂ္ဂိုလ်တွေ ထိုင်းကိုလာနေတာဟာ ဒီကိစ္စတွေလည်း ပါဝင်ပါတယ် ။

လက်ရှိအခြေအနေအရ PDF စခန်းတွေဟာ ထိုင်းနိုင်ငံကို မေးတင်ထားတာပါ ။ အချုပ်အခြာ အာဏာအရ မြန်မာစစ်တပ်က တိုက်လို့မရပါဘူး ။ ထိုင်းခေါင်းဆောင်က စစ်ကောင်စီနဲ့ ပနံသင့်ပေမယ့် သူ့ဆရာ အမေရိကန်ကိုတော့ လေးစားရပါတယ် ။ ဒီတော့ PDF စခန်းတွေဆီ သွားနေတဲ့ အင်အားတွေကို ဖြတ်တောက်နိုင်ဖို့ လေးကေကော်ကို အရင်ဆုံးမွှေတာပါ ။ သို့ပေမယ့် KNU ကတော့ သူ့ဆီမှာရောက်နေသူတွေကို လက်ဖျားနဲ့တောင် အထိမခံပါဘူး ။ ကျွန်တော်တို့ငယ်ငယ်က သောင်းကျန်းသူလို့ မှိုင်းသွင်းခံရပြီး အထင်လွဲခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နွေဦးတော်လှန်ရေးမှာတော့ သူတို့ရဲ့ ပြည်သူတွေနဲ့အတူ စည်းလုံးတဲ့စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း ပြသလိုက်တာပါပဲ ။

ကောင်းပြီ ……၊နွေဦးတော်လှန်ရေး ဘယ်အခြေအနေလဲ …..?
ဆိုရင် ၊ ရေးခဲ့ဘူးသလိုပါပဲ ။ အချိန်ကြာလာလေလေ PDF က အင်အားကောင်းလေလေပါပဲ ။ အခုအချိန်မှာ နိုင်ငံအနှံ့အပြားက PDF တပ်ဖွဲ့ဝင် အရေအတွက်ဟာ စစ်ကောင်စီအင်အားထက် သာလွန်သွားပါပြီ ။ အတန်အသင့် လက်နက်တွေလည်း ကိုင်နိုင်လာပါပြီ ။ ဖောက်ခွဲရေးသင်တန်း ပြီးမြောက်သူတွေလည်း အများအပြား ရှိနေပါပြီ ။ NUG လည်း လက်နက်တပ်ဆင်နေသလို စီစဉ်မှု့တွေရှိနေတယ်ဆိုတာ မလွဲပါဘူး ။

ဒီရက်ပိုင်းကတော့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်ရေးအခြေအနေ လှုပ်ခတ်လာသလို ၊ စိတ်ဓာတ်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် ၊ အရှုံးပေးရတဲ့ သတင်းတွေကလည်း နိုင်ငံတကာသတင်းတွေအထိ ရောက်လာပါတယ် ။ လေးကေကော်တိုက်ပွဲဟာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ၊ ပြည်သူတွေရဲ့ ရည်မှန်းချက်က အနိုင်နဲ့အရှုံး ၊ အဖြုနဲ့အမဲ သဲကွဲမယ့် စစ်ပွဲပါပဲ ။ ဘကြီးအောင် LA 17 December,2021

(Visited 600 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*