အာဏာသိမ်း အဖွဲ့ ဆက်လက် တည်တံ့နိုင်ရေး ရတက်မအေးဖြစ်နေရတဲ့ မင်းအောင်လှိုင်၏ စာလေးတစောင်

အာဏာသိမ်း အဖွဲ့ ဆက်လက် တည်တံ့နိုင်ရေး ရတက်မအေးဖြစ်နေရတဲ့ မင်းအောင်လှိုင်၏ စာလေးတစောင်

စစ်ကောင်စီ သည် နိုင်ငံတလွှား တောင် ပြေးလိုက် မြောက်ပြေးလိုက် ဖြင့် အလုပ်များလျက် ရှိနေသည်။ လက်ရှိတွင် တရုတ်၏ ကြားဝင်မှု ဖြင့် မြောက်ပိုင်းရှိ တိုင်းရင်းသား ကိုယ်စားလှယ် များ နှင့် မိုင်းလားဒေသတွင် ငြိမ်းချမ်းရေးဟု ဆိုကာ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက် မှာလည်း
အဆိုပါ လက်နက်ကိုင် အဖွဲ့များအား လှုပ်ရှားခွင့် ပေးထားသော နယ်မြေများမှ အပြင်သို့ လျှံထွက်မလာရန် နှင့် PDF များကို လက်နက် မထောက်ပံ့ပေးရန် တို့ပင် ဖြစ်သည်။

၎င်းတို့၏ ရည်ရွယ်ချက်ကို ကောင်းစွာ ရိပ်စားမိပြီး ဗမာ အရေး သည် မိမိတို့၏ အရေး ဖြစ်သည်ဟု ခံယူထားသော ကချင် လွတ်လပ်ရေး တပ်တော် ကေအိုင်အေ မှ ပါဝင်ခဲ့ခြင်း မရှိ‌သည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

တရုတ် ချမှတ်ပေးလာသော “ပြန်လည် ရင်ကြားစေ့ရေး မူဝါဒ” လမ်းညွန်ချက်များ အတိုင်း စစ်ကောင်စီ ဖက်မှ ‌ဆွေးနွေးလာခြင်း ဖြစ်သည်။ မင်းအောင်လှိုင်ကလည်း ထိုသို့ ကြားဝင်ပေးပါရန် တရုတ် သံကြီး ဆွန်ကောရှန်ကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

တောင်ပိုင်း တွင် တိုက်ပွဲများ ဖြစ်လာက မြောက်ပိုင်း သွားချော့ကာ လိုရာပြောပါ လုပ်နေရသည်။လေးကေ့ကော် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဖက် ထွက်ပြေး တိမ်းရှောင်သွားသည့် ၇၀၀ ခန့် ရှိသည်ဟု AFP သတင်းက ဆိုသည်။ ၃,၀၀၀ ခန့်လည်း ဘေးလွတ်ရာ တွင် ပုန်းအောင်းနေကြရသည်။

ထိုသို့ မြန်မာအခြေအနေသည် ပြင်ပသို့ ကူးစက်လာနေယုံမျှမက ပြည်တွင်းတွင်လည်း စစ်ကောင်စီ သည် ၎င်းတို့၏ တပ်များအား no-holds barred စိတ်ကြိုက်လုပ်ခွင့်ပေးထားသဖြင့် လူထု အား ထင်သလို အကြမ်ဖက် နေကြသည် နှင့် အမျှ နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာ အရေးကို လက်ပိုက်ကြည့်မနေကြရန် ကျယ်လောင်စွာ ပြောဆိုလာနေကြပြီ ဖြစ်သည်။

အလားတူ အမေရိကန် နှင့် အနောက်အုပ်စု နိုင်ငံများရှိ ဥပဒေပြု အမတ်များ နှင့် လူ့အခွင့် အရေး အဖွဲ့များက စစ်ကောင်စီ ၏ ဝင်ငွေ မြိုးမြိူးမြက်မြက် ရနေသည့် ရေနံ နှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများကို ပြစ်ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းထဲ ထည့်သွင်းရန် သက်ဆိုင်ရာ အစိုးရ များ အား ဖိအားများ ပြင်းပြင်းထန်ထန် ပေးလာနေပြီ ဖြစ်သည်ဟု ဝေါ်စတြိ ဂျာနယ် သတင်းစာကြီး တွင် ရေးသားထားသည်။

အမေရိကန် အထက် နှင့် အောက်လွှတ်တော် အမတ်များအတွက် ခန့်အပ်ထားသော ရေနံ ကုမ္ပဏီကြီးများ ၏ လောဘီ သမားများ အဖို့လည်း လက်မှိုင်ချရလောက်အောင် မြေပြင် အခြေအနေများက ဆိုးဝါးလာနေပြီ ဖြစ်သည်။

ဂျာနယ်ပါ သတင်းအရ မင်းအောင်လှိုင်မှ မြန်မာရေနံလုပ်ငန်း MOGE အား ရဲတံခွန် သဘာဝဓါ‌တ်ငွေ့ အကွက် မှ ခြောက်လ ကာလအတွင်း အမြတ်ငွေ မည်မျှ ရရှိသည်ကို တင်ပြရန် နိုဝင်ဘာလ အတွင်းက တောင်းဆိုလာသည်ဟု သိရသည်။

အဆိုပါ စာတွင် (၁) ပြည်ပတင်ပို့မှု အိုကေလား (၂) ပိုက်ဆံကော ရရဲ့လား (၂) သူတို့ မပေးဘူး ဆို ဘယ်လို လုပ်ကြမလဲ စသည့် စာကြောင်းရေ သုံးကြောင်းဖြင့် မေးမြန်းလာခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် အဆိုပါ လုပ်ငန်းများမှ ရရှိသော ဝင်ငွေသည် အာဏာသိမ်း အဖွဲ့ ဆက်လက် တည်တံ့နိုင်ရေး အတွက် မည်မျှ အထိ အရေးပါနေသည်ကို ပြဆိုလျှက် ရှိသည်ဟု Justice for Myanmar ပြောခွင့်ရ ဒေါ်ရတနာမောင် က ထောက်ပြခဲ့သည်။

၎င်းသိချင်နေသည့် ရဲတံခွန် ဓါတ်ငွေ့တွင်းအား ထိုင်း၊ မလေးရှား နှင့် ဂျပန်ကုမ္ပဏီများ ဖက်စပ် လုပ်ကိုင်လျက် ရှိနေသည်။အမေရိကန် ကွန်ဂရက်၏ Burma Act သည် ထိုသို့ ပိတ်ဆို့ဒဏ်ခတ်နိုင်သည့် အခွင့်အာဏာကို သမ္မတ ဘိုင်ဒင် အား လွှဲအပ်ထားပြီး ဖြစ်သည်၊ အီးယူ ပါလီမန်ကလည်း စွမ်းအင် ကဏ္ဍကို ပစ်မှတ်ထား ပိတ်ဆို့ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် ကို ချမှတ်ထားခဲ့သည်။

စွမ်းအင် ကဏ္ဍမှ ကျွမ်းကျင်သူများက ယခုထိ ဖြစ်မလာသေး၍ အံဩနေမိသည်ဟု ပြောဆိုခဲ့ကြသည်၊ သက်ဆိုင်ရာ အစိုးရများက ၎င်းတို့၏ ကုမ္ပဏီများ မည်သို့ မည်ပုံ ချောမွေ့စွာ ထွက်ခွာ နိူင်ရေး နှင့် တရုတ် ကုမ္ပဏီများ ဝင်ရောက်လာနိူင်သည့် အပေါ် အကျပ်ဆိုက်နေကြသည်ဟု သတင်းစာက ရေးသားထားသည်။

ဝါရှင်တန် နှင့် ဘရပ်ဆဲလ် တို့တွင် အဓိက ဆွေးနွေးဖို့ ဖြစ်လာသည်က ရတနာ သဘာဝ ဓါ‌တ်ငွေ့တွင်းပင် ဖြစ်သည်၊ အဆိုပါ လုပ်ကွက်အား တိုတယ် မှ ၃၁%၊ ချက်ဗရွန် မှ ၂၈%၊ ထိုင်း PTTE မှ၂၅% နှင့် လက်ကျန်ကို MOGE မှ ပိုင်ဆိုင်ထားသည်၊ ထွက်ရှိ သမျှ ထဲမှ အများစုကို ထိုင်းသို့ တင်ပို့ရောင်းချနေပြီး ရန်ကုန် ၏ လျပ်စစ် အသုံးစရိတ် တဝက်ကျော်ကျော် အတွက်လည်း ထောက်ပံ့ပေးနေသည်၊

စစ်အာဏာသိမ်း အဖွဲ့ အတွက်လည်း ဒေါ်လာ ၁.၄ ဘီလီယံ ခန့် နှစ်စဉ်လို ရရှိနေမည်ဖြစ်သည်။ ချက်ဗရွန်က အမေရိကန် အစိုးရ၏ ပိတ်ဆို့ဒဏ်ခတ်မှု အတွက် မစိုးရိမ်သော်လည်း ၎င်းတို့၏ ဝန်ထမ်းများကို အမှုဆင် အရေးယူလာမည်အရေးကို ထည့်သွင်းစဉ်းစားရမည်ဟု ဆိုသည်။တိုတယ်ကမူ ၎င်းတို့ ထုတ်လုပ်သမျှကို ထိုင်းက ဝယ်ယူနေသည့် အတွက် MOGE နှင့် ငွေပေးငွေယူ မရှိဟု ဆိုသည်။

မည်သို့ပင် ဆိုစေ ရေနံ နှင့် ဓါတ်ငွေ့မှ ရနေသော အာဏာသိမ်း အဖွဲ့၏ ဝင်ငွေများကို ဖြတ်တောက်ပြီး သီးသန့် ရံပုံငွေ ထူထောင် သိမ်းဆည်းထားနိုင်မှ ဖြစ်ပေမည်။စစ်ခေါင်းဆောင်များသည် ၎င်းတို့အပေါ် ကျရောက်လာလတ္တံသော အမေရိကန် နှင့် အီးယူတို့၏ ဒဏ်ခတ်မှုများကြောင့် ၎င်းတို့၏ ငွေကြေးများနှင့် ကင်းကင်းရှင်းရှင်းဖြစ်ရန် တရုတ်ယွမ်ငွေကို နိုင်ငံခြား ကုန်သွယ်မှုများတွင် အသုံးပြုရန် အတည်ပြုလိုက်ပြီဟု တရုတ် အစိုးရ ၏ ဂလိုဘယ် တိုင်းမ်မှ ဖေါ်ပြလာသည်။

နောက်ထပ် ရရှိသော သတင်းတရပ်အရ နိုင်ငံတကာ အလုပ်သမား သမဂ္ဂ များ၏ ဖက်ဒရေးရှင်းကြီးမှလည်း ကုလအတွင်းရေးမှုးချုပ်ထံ စာရေးသား ပေးပို့ပြီး မြန်မာစစ်ခေါင်းဆောင်များသည် မကောင်းဆိုးဝါး သက်သက် သာ ဖြစ်ပြီး ၎င်းတို့ကျုးလွန်နေသော လူသတ် အကြမ်းဖက်မှုများကို အမြန်ဆုံး ရပ်တန့်ပေးပါရန် တောင်းဆိုလိုက်သည်။တော်လှန်ရေးကြီး မုချအောင်ရမည်!!! crd ; Hla Soewai

(Visited 812 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*