အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယမြောက် အမိန့်ချမယ့် ရုံးချိန်းအားရွေ့ဆိုင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယမြောက် အမိန့်ချမယ့် ရုံးချိန်းအားရွေ့ဆိုင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် ပုဒ်မ နှစ်ခုဖြင့် အမိန့် ချမှတ်ရန် ချိန်းဆိုထားသော်လည်း ဒီဇင်ဘာ ၂၇ ရက်နေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူတဦးထံက သိရ သည်။

နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးအနေဖြင့် မူလက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားမှုအား ယနေ့တွင် အမိန့်ချမှတ်ရန် ချိန်းဆိုထားခြင်းဖြစ်သော်လည်း အကြောင်းပြချက်တစုံတရာ မရှိဘဲ ယခုကဲ့သို့ ရွေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

၎င်းအမှုနှစ်ခုသည် စစ်တပ်အာဏာသိမ်းသည့်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား ဝင်ရောက်စီးနင်းစဉ် ဆက်သွယ် ရေးစကားပြောများ ဖမ်းဆီးရမိသည်ဟုဆိုတာ စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုထားခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ သည် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ သည် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် သီး ခြားစွဲဆိုထားသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သက်သေအဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်အား တရားရုံးတွင် လာရောက်ထွက်ဆိုရန် ထောင်အာဏာပိုင်းများက ခွင့်မပြုသည့်အတွက် အိုဘိုထောင်အတွင်းမှ ပင် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် သက်သေထွက်ဆိုရမည်ဖြစ်ပြီး ရုံးချိန်းအား ဒီဇင်ဘာ ၂၇ ရက်သို့ ချိန်းဆိုထားသည်။

စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်းဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၂ မှုဖြင့် စွပ်စွဲကာ တရားစွဲဆိုခံထားရပြီး ၎င်းအမှုများအနက် ပထမဆုံးအမိန့်ချမှတ်မှုအနေဖြင့် ဒီဇင်ဘာ ၆ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင် ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရသည်။

သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြစ်ဒဏ် ၂ နှစ်အား လျော့ပေါ့ပေးကြောင်း အမိန့် ချပြီး မကြာခင်ပင် ထုတ်ပြန်ကြေညာခဲ့သည်။ source ; ဧရာဝတီ

(Visited 291 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*