ပဲခူးတိုင်း၊ပြည်မြို့အနီးတဝိုက်ရှိ ကပစ တပ်တခုက Zero Army တပ်ဖွဲ့ထံ ထောက်ပံ့ငွေလှူဒါန်း

ပဲခူးတိုင်း၊ပြည်မြို့အနီးတဝိုက်ရှိ ကပစ တပ်တခုက Zero Army တပ်ဖွဲ့ထံ ထောက်ပံ့ငွေလှူဒါန်း

ပဲခူးတိုင်း၊ပြည်မြို့နှင့်အနီးတဝိုက် ကပစ တပ်တခုကနေ Zero Armyတပ်ဖွဲ့ထံကိုလှူဒါန်းထောက်ပံ့ ငွေ ၂၈၃၀၀ ကျပ် ဆက်သွယ်လှူဒါန်းလာတယ်လို့ ZeroArmy တပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ငွေ ၂သောင်းကျော်ရရှိဖို့အတွက်ကို စု ပေါင်းလှူဒါန်းတဲ့ကပစတပ်မိသားစုဝင်တွေအနေ နဲ့ ခက်ခက်ခဲခဲစုဆောင်းခဲ့ရတာဖြစ်ပြီး ပြည်သူနဲ့ တသားတည်းရှိတယ်ဆိုတာကိုပြချင်လို့ လှူဒါန်း တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က အင်အားလိုအပ်ချက်တွေ များပြားနေပြီး စစ်ဆင်ရေးတပ်တွေနဲ့မလုံ လောက်တော့တာကြောင့် လက်နက်ထုတ်တဲ့ စစ်လက်ရုံးကပစတပ်က စစ်သားတွေကိုပါရှေ့တန်း ပို့ဆောင်တာတွေလုပ်နေတယ်လို့ ပေးပို့လှူဒါန်း လာတဲ့ကပစတပ်ထံက သိရတယ်လို့ဆိုပါတယ်။

ZeroArmy ဟာ စစ်ကောင်စီတပ်က CDMပြုလုပ် ရာမှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ဗိုလ်မှူးအဆင့်နဲ့ CDM ပြုလုပ်ပြီးပြည်သူနဲ့ပူးပေါင်းလာတဲ့ ဗိုလ်မှူး ဟိန်းသော်ဦး ဦးဆောင်တဲ့ တော်လှန်ရေး တပ်ဖွဲ့တခုဖြစ်ပါတယ်။

ပဲခူးတိုင်း၊ပြည်မြို့နယ်အတွင်းမှာ ကပစ ၇ နဲ့ ပြည်မြို့တဖက်ကမ်းက ပန်းတောင်းမြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ်တို့မှာ ကပစ (၃/၅/၆/၉/ကထက/ ၁၉) စတဲ့ ကပစတပ်တွေရှိပြီးတော့ ဘယ် ကပစ တပ်က လှူဒါန်းလာတယ်ဆိုတာတော့ လုံခြုံရေး အခြေအနေအရဖော်ပြထားတာမျိုးမရှိဘူးလို့ သိရပါတယ်။ crd ; AyeyarwaddyTimes

(Visited 311 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*