၅၀၀၀ ကျပ်တန် ငွေစက္ကူများ ဖျက်သိမ်းဖို့မရှိကြောင်း ဗဟိုဘဏ်ဒုဥက္ကဌပြော

၅၀၀၀ ကျပ်တန် ငွေစက္ကူများ ဖျက်သိမ်းဖို့မရှိကြောင်း ဗဟိုဘဏ်ဒုဥက္ကဌပြော

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် ၅၀၀၀ ကျပ်တန်ငွေစက္ကူများ ဖျက်သိမ်းတော့မည်ဆိုသည့် သတင်းမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ဗဟိုဘဏ်ဒုဥက္ကဌထံမှ သိရသည်။

“အစိုးရတခုတက်လာတဲ့အခါကြလို့ရှိရင်ငွေကြေးတွေ အသစ်ထုတ်မှာဖြစ်ဖြစ်တခုခုလုပ်မှာဆိုရင်ပြည်သူလူထုကိုကြိုပြီးတော့ အနည်းဆုံးတလသတင်းပေးတယ်ဘာလုပ်မယ်ဆိုတာကိုကြိုတင်အသိပေးတယ်။ အဲဒီသဘောပါ။အကြောင်းအမျိုးမျိုးနဲ့တခုခုပြသနာဖြစ်အောင် အနှောက်အယှက်ပေးတဲ့သဘောပါ ဖျက်သိမ်းဖို့မရှိပါဘူး”ဟု မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌဦးဝင်းသော်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

နိုဝင်ဘာလ အတွင်းကလည်းက အလားတူ ၁၀၀၀၀ ကျပ်တန် နှင့် ၅၀၀၀ ကျပ်တန် ငွေစက္ကူများ ဖျက်သိမ်းမည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသော်လည်း ဟုတ်မှန်ခြင်းမရှိကြောင်း ဗဟိုဘဏ်တာဝန်ရှိသူများက ငြင်းဆိုခဲ့ဖူးကြောင်း သိရသည်။ crd ; Ayeyarwaddy_Times

(Visited 359 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*