အရူးပါးစပ်က နတ်စကားထွက်ဆိုတယ်ဆိုပြီ အွန်လိုင်းမှာလူပြောများနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ စကားတခွန်း

အရူးပါးစပ်က နတ်စကားထွက်ဆိုတယ်ဆိုပြီ အွန်လိုင်းမှာလူပြောများနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ စကားတခွန်း

မြန်မာပြည်ကြီး အေးချမ်းသာယာပါစေလို့ စစ်ခေါင်းဆောင် ဆုတောင်း

မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပါစေလို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျိုက်ဒေးဝိဘုရား ထီးတော်တင်ပွဲမှာ ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးကို ကရဝိမင်းကြီး ဟံသာဝတီ ထီးနန်းစိုးစံစဉ်တည်ထားကိုးကွယ်တော်မူသော စေတီတော်(၇)ဆူအနက် စတုတ္ထမြောက်တည်ထားသည့်စေတီတော်ဖြစ်ကာ ကျိုက်သည်ဘုရား၊ဒေးသည်ကုန်း၊ဝိသည် သဖန်းဖြစ်သဖြင့် သဖန်းကုန်းဘုရားဟု အဓိပ္ပာယ်ရသည်။

ဆံတော်ရှင် ကျိုက်ဒေးဝိစေတီတော်ကြီးသည် ရွှေတိဂုံစေတီတော်၊ ရွှေ မော် ဓေါစေတီတော်တို့နှင့်မျဉ်းတ ဖြောင့်ထဲနီးပါးတည်ရှိ နေကာ မြန်မာနိုင်ငံ၏ ဆဌမ မြောက်ဉာဏ် တော်အမြင့်ဆုံး စေတီလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လှည်းကူးမြို့နယ်၊ အင်းတိုင်အုပ်စုရှိကျိုက်ဒေးဝိဘုရား ထီးတော်တင်ပွဲသို့ လာရောက်စဉ် ရေးသားခဲ့သည့် ဧည့်သည်တော်မှတ်တမ်းဓါတ်ပုံတစ်ပုံ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လျက်ရှိတာဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းမှာ “မြန်မာနိုင်ငံတော်ကြီး သာယာဝပြောပါစေ၊စားရေရိက္ခာဖူလုံပေါများပါစေ၊ အေးချမ်းသာယာပါစေ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

” ဗုဒ္ဓဘာသာသာသနာတော်ကြီး ကမ္ဘာတည်သရွှေ့ ထွန်းလင်းတည်တံ့နေစေရန်ရည်ရွယ်၍ သမိုင်းဝင် ကျိုက်ဒေးဝိစေတီတော်ကြီးအား ဘက်စုံပြုပြင်မွန်းမံခြင်းနဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့တင်လှူပူးဇော်မှုပြုခွင့်ရခြင်းအတွက် များစွာ ပီတိဝမ်းသာဂုဏ်ယူရပါသည် “လို့ ရေးသားထားပါတယ်။ crd

(Visited 1,581 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*