ရွှေထည်ပစ္စည်း သိန်း ၁၅၀၀၀ဖိုးလောက်ပါသွားတဲ့ မန္တလေးမြို့လယ်ခေါင်က ဝိန့်လီရွှေဆိုင်ဓားပြတိုက်မှု သတင်းအပြည့်အစုံ

ရွှေထည်ပစ္စည်း သိန်း ၁၅၀၀၀ဖိုးလောက်ပါသွားတဲ့ မန္တလေးမြို့လယ်ခေါင်က ဝိန့်လီရွှေဆိုင်ဓားပြတိုက်မှု သတင်းအပြည့်အစုံ

မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ်မှာရှိတဲ့ မြို့လယ်ခေါင်က ဝိန့်လီစိန်ရွှေရ တနာ အရောင်းဆိုင် ကို ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီ ကျော်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတွေက သေနတ်ပစ်ပြီး ဓားပြတိုက် ခံခဲ့ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဓားပြတိုက်တဲ့ အမျိုးသားတွေက မျက်နှာဖုံးတွေ ဝတ်ဆင်ထားပါတယ် ။ ဆိုင်ကယ်တွေနဲ့ ရောက်လာတာဖြစ်ပြီး သေနတ်ပစ်ဖောက်ပြီး ရွှေဆိုင်ထဲကိုဝင်ကာ မှန်ပုံးထဲထည့်တားတဲ့ ရွှေထည်တွေကို ယူဆောင်မောင်းနှင် ထွက်ပြေးခဲ့တယ်လို့ သိရ ပါတယ်။

“သေနတ်နဲ့ပစ်ပြီး ဆိုင်ထဲကို ဝင်သွားတယ် နောက်ပြေး ထွက်လာပြီး ဆိုင်ကယ်ကို အမြန်မောင်း ထွက်ပြေး သွားတာပဲ ထွက် လာတဲ့ အချိန်မှာ အထုတ်တွေ လည်းပါတယ် “လို့ ဝိန့်လီရွှေ ဆိုင်နားက ဆိုင်ရှင်တစ်ယောက်ကပြောပါတယ်။ ရွှေဆိုင်ဓားပြတိုက်တဲ့ အမျိုးသားတွေဟာ ဆိုင်လုံခြုံရေးအစောင့်ကို မြေပေါ်ဝပ်ခိုင်းပြီး ဆိုင်ထဲကိုဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

(Visited 1,417 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*