ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်ရင်းကို လက်နက်ကိုင်တစ်ဖွဲ့ဝင်တိုက် … တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်ရင်းကို လက်နက်ကိုင်တစ်ဖွဲ့ဝင်တိုက် … တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အဝင် ရပ်ကွက် ၁ ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ ဒီဇင်ဘာလ ၁၈ ရက် ည ၇ နာရီဝန်းကျင်တွင် လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

“ကွတ်ခိုင် ရပ်ကွက် ၁ ထဲမှာ စစ်ကောင်စီရဲ့တပ်ရှိတယ်၊ အဲဒီထဲမှာ အမြှောက်တပ်တွေရောရှိတယ်၊ တင့်ကားတွေရော ရှိတယ်။ အဲဒီတပ်ကို လက်နက်ကိုင် ၁ ဖွဲ့က လာပစ်တာ၊ K.I.A လို့တော့ ထင်တယ်၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာကတော့ နာရီဝက်လောက်ကြာတယ်၊ အဲဒါကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပြန်ပစ်နေတာ၊ ရွာတွေဘက်ကို ကျနိုင်တယ်”ဟု ကွတ်ခိုင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်သည့်အဖွဲ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် K.I.A ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။လက်ရှိအချိန်တွင် ကချင်၊ ကယား (ကရင်နီ) ကရင်၊ ချင်း၊ ရှမ်း စသည့် ပြည်နယ်များ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသလို ပြည်မတွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများကြောင့် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေသည်။ crd ; khit thit media

ရုပ်သံကြည့်ရန် >>>

(Visited 547 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*