ချောင်းဦးမြို့နယ်မှာ PDF ၂ ဖွဲ့ပေါင်းပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တဲ့ ( ရုပ်သံ )

ချောင်းဦးမြို့နယ်မှာ PDF ၂ ဖွဲ့ပေါင်းပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တဲ့ ( ရုပ်သံ )

စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင္စီယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ ငါ့ရှန်ရွာနှင့် နတ်ရေကန်ကျေးရွာကြားတွင် ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်၌ ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ် ၂ ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း T.G.R မြောင်တပ်ဖွဲ့ထံမှ သိရှိရသည်။

“စစ်ကိုင်းကနေ မုံရွာဘက်ကို လာတဲ့ ခွေးကားကို ဆွဲတာပါဗျ၊ မြင်းမူနဲ့ချောင်းဦးကြားက ငါရှန်ရွာနဲ့ နတ်ရေကန်ရွာကြား မှာခွဲတာပါဗျ၊ မုံရွာ-မန်းလေး လမ်းမကြီးမှာပါ၊ စစ်ခွေး ၆ ကောင်သေတယ်၊ နောက်ထပ် ၂ ကောင် ဒဏ်ရာရတယ်” ဟု T.G.R တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaung People’s Defense Force TGR)နှင့် Young Fighters People’s Defence Force Of Myaung-YFPDF မဟာမိတ် နှစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရုပ်သံကြည့်ရန် >>>

(Visited 947 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*