DJ ကိုတီးတာလား ဖွင့်တာလားတောင် သေချာမသိပဲ DJ လောကထဲဝင်နေတဲ့ သူတွေကို ဒဲ့ဝုန်းလိုက်တဲ့ အဆိုတော် …

DJ ကိုတီးတာလား ဖွင့်တာလားတောင် သေချာမသိပဲ DJ လောကထဲဝင်နေတဲ့ သူတွေကို ဒဲ့ဝုန်းလိုက်တဲ့ အဆိုတော် မေမဒီ

ပရိသတ်ကြီးရေ ဂီတအနုပညာလာကမှာ အချိန်အတိုတွင်း အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်နိုင်ခဲ့သူကတော့ အဆိုတော်မလေး မေမဒီ ပဲဖြစ်ပါတယ်။ မေမဒီဟာ Myanmar idol season – 3 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနုပညာနယ်ပယ်ထဲကို စတင်လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ ဘယ်အရာကိုမဆို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ မေမဒီဟာ ဒီကနေ့မှာလည်း DJ လုပ်မယ်ဆိုတဲ့သူတွေကို DJ တီးတာနဲ့ဖွင့်တာ ကွဲကွဲပြားပြားသိကြဖို့ ပြောလာခဲ့တာကိုလည်း တွေ့ရပါတယ်။

မေမဒီက “ငါးပွက်ရာ ငါးစာချကြသူများ🫡သူ့လောကနဲ့သူ ပညာရှင်တွေကသက်သက်ရှိတယ် ♥️ DJ တီးတယ်လို့စပြောထဲက အဲ့လူနဲ့စကားကိုဆက်မပြောချင် တော့တာ🤣DJ က ဖွင့်တာဟဲ့ဖွင့်တာ တီးရအောင် Guitar လဲမဟုတ် Piano လဲမဟုတ် DJ အကြောင်းမသိတဲ့ကျုပ်တောင် ဖွင့်တာနဲ့ တီးတာတော့ခွဲတက်သေးတယ်။

DJ လုပ်မယ့်လူတွေကအားနေ တီးမယ်ကြီးပဲ🤭ကျမော်ကကိုတော့မုန်းကြ အူးမယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ မေမဒီကတော့ DJ အကြောင်းနဲ့ပတ်သက်ပြီး သေချာမသိတဲ့လူတွေကို အပြောအဆိုကိုတော့ သေချာသိအောင် ခွဲခြားသိသင့်ကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်။

မေမဒီကတော့ သူမစိတ်ထဲရှိရာကို ပွင့်ပွင့်လင်းလင်းကို ပြောချပလိုက်တာပဲနော် ပရိသတ်ကြီးရေ.. Source: May Madi’s fb

(Visited 257 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*