မှတ်ပုံတင် သန်းခေါင်စာရင်း တစ်ခုထက်ပိုပြီး မကိုင်ဖို့ ထုတ်ပြန်လာ …

မှတ်ပုံတင် သန်းခေါင်စာရင်း တစ်ခုထက်ပိုပြီး မကိုင်ဖို့ ထုတ်ပြန်လာ …

လူထုအနေနဲ့ရော မှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်းတွေ အသစ်လုပ်တာ၊ ဒါမှမဟုတ် ပြုပြင်ဖြည့်စွက်တာ လုပ်တဲ့အခါ လွယ်လွယ်ကူကူချောချောမွေ့မွေ့ လုပ်လို့ရပါသလား။ အရင်နဲ့မတူတဲ့အခက်အခဲတွေရှိတာ မျိုးကြုံနေရပါသလား။ မှတ်ချက်မှာလာရောက်မျှဝေနိုင်ပါတယ်။ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား၊ အိမ်ထောင်စုစာရင်း စတာတွေကို တစ်ခုထက်ပိုမကိုင်ဆောင်ဖို့နဲ့ ပိုကိုင်ထားသူတွေအနေနဲ့ နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာရုံးတွေကို လာအပ်ပေးဖို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အခုရက်ပိုင်းအတွင်းမှာ ထုတ်ပြန်လာပါတယ်။

ဝန်ကြီးဌာနအနေနဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူနဲ့ တခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုး ကိုင်ဆောင်သူ ၅၂ သန်းကျော်ကို e-ID Biographic Registration Software နည်းပညာနဲ့ စာရင်းသွင်းထားပြီးပြီလို့လည်း ထုတ်ပြန်ပါရှိပါတယ်။ မှတ်ပုံတင် နဲ့ အိမ်ထောင်စုစာရင်း တစ်ခုထက် ပိုကိုင်ထားသူတွေကို သတ်မှတ်ရက်ကျော်လွန်တဲ့အခါ သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။ ဒါကြောင့် မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာ မြို့နယ်ရုံးတွေကို သွားရောက်ကာ ဖြေရှင်းဆောင်ရွက်ပေးကြဖို့ စစ်ကောင်စီဘက်က တိုက်တွန်းထုတ်ပြန်နေပါတယ်။

အခုလို ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့သာမက၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသေးသူတွေ အနေနဲ့ ကိုယ့်မြို့နယ် လဝက ရုံးတွေမှာ သွားရောက် ဖြေရှင်းလုပ်ကိုင်ကြရာမှာ အဆင်ပြေပြေ လုပ်ဆောင်နိုင် မှုရှိကြပါသလား။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေလုပ်ဆောင်ရာမှာ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ အများဆုံးရင်ဆိုင် နေကြရပါသလဲ။ စတဲ့အကြောင်းအရာတွေအပါအဝင် မိမိတို့ကိုယ်တိုင် တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို အခုပို့စ်မှာ မှတ်ချက်ပြုပြောပြနိုင်ပါတယ်။ Crd

(Visited 11 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*