ကြောက်စရာအလွန်ကောင်းတဲ့ အာလူးဟင်းတစ်ခွက် …

ကြောက်စရာအလွန်ကောင်းတဲ့ အာလူးဟင်းတစ်ခွက် …

ဒီနေ့မနက် ဟင်းချက်ပီး ကြောက်စရာကောင်းတဲ့ အစာအဆိပ်တစ်ခု ကိုယ်တိုင်ကြုံတွေ့ရလို့ မျှဝေလိုက်ပါတယ်။ အာလူးအလုံးကောင်းကောင်း ဝယ်ထားတယ် မကြာသေးပါဘူး

အပင်လည်းမပေါက်ဘူး အရောင်လည်းမစိမ်းဘူး အခွံခွာ ပါးပါးလှီး ဆားစိမ် ရေဆေးပီး အဲ့အချိန်ထိအကောင်းပဲ ဆီထည့်ကြော် ကျက်လို့ မြည်းကြည့်တော့မှ အာပူ သလိုဖြစ်တယ်

တခါတလေဖြစ်တက်သလိုပဲလို့ထင်တာ ခနကြာတော့မှ ပါးစပ်ထဲ ပူလာတယ် ရှိန်းရှိန်းနဲ့တော်တော်ဆိုးဆိုးဝါးဝါး ဖစ်လာ အဲ့ဒါနဲ့ အာလူးကြော်ပန်းကန်ကို မေမေ ယူကြည့်လိုက်တာ အာလူးအကုန်လုံးစိမ်းနေတာ

ချက်ချင်းပြောင်းသွားတာအရောင်က လည်းတော်တော်လန့်သွား အသိဆရာဝန်တွေပြောတဲ့ အာလူးအလုံးကြီးအောင်သုံးတဲ့ chemicals က အဆိပ်ပြင်းတယ်ဆိုတာ လက်တွေ့ကြုံသွားပီ ကံကောင်းတာက

သားသားလေးကိုမကျွေးမိတာ တို့အမေတွေတော်တော်များများက ကလေးတွေကို အာလူးအကျွေးများတယ်နော် စိတ်ထဲမကောင်းမိဘူး သူတို့သာစားမိရင် ရင်ထဲနေလို့မကောင်း တော်တော်ခံစားရမှာပါလားဆိုပီး

သဘာဝအတိုင်းရတဲ့အသီးအနှံတွေကလည်းရှားပါးလာတော့ ဘယ်လိုခရီးဆက်ကြမလဲနော်😥😥😥 လွင့်ပစ်ပီးတော့မှအမှတ်တရရိုက်ထားတဲ့အာလူးကြော်စိမ်းစိမ်း crd

(Visited 730 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*