ကိုယ်ကျွမ်းကျင်ရာ အလုပ်မရှိတဲ့ တောထဲမှာ နေရပေမယ့်လည်း ကလေးတွေစာသင်ရင်း ကြိုးစားအသက်ရှင်မယ်ဆိုတဲ့ ကိုပေါက် …

ကိုယ်ကျွမ်းကျင်ရာ အလုပ်မရှိတဲ့ တောထဲမှာ နေရပေမယ့်လည်း ကလေးတွေစာသင်ရင်း ကြိုးစားအသက်ရှင်မယ်ဆိုတဲ့ ကိုပေါက် …

နိုင်ငံကျော်ဒါရိုက်တာတစ်ယောက်လည်းဖြစ်သလိုသရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ဒါရိုက်တာကိုပေါက်ကတော့စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာပြည်သူဘက်ကိုမျက်နှာမူပြီးတရားတဲ့ဓမ္မဘက်ကနေရဲရဲဝံ့ဝံ့ရပ်တည်နေတာပဲဖြစ်ပါတယ်။ကိုပေါက်ဟာမိသားစုနဲ့တကွဲတပြားဖြစ်ပြီးအရင်လိုဝင်ငွေလည်းလုံးဝမရှိတော့ပေမယ့်သူယုံကြည်ရာပန်းတိုင်တစ်ခုအတွက်တောထဲမှာဆင်းရဲဒုက္ခတွေခံပြီးနေထိုင်နေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်းကိုပေါက်ကနှစ်တွေကြာခဲ့ပြီဖြစ်ပေမယ့်တော်လှန်ရေးကြီးကိုစိတ်မပျက်သေးတဲ့အကြောင်းကိုအခုလိုပဲပြောပြလာပါတယ်။

ကိုပေါက်က“ကြိုးစားအသက်ရှင်မယ်။တကယ်တော့ကျနော့ရဲ့proအလုပ်ကရုပ်ရှင်အနုပညာပါ။ဇာတ်လမ်းရေးဇာတ်ညွှန်းရေးဒါရိုက်တာလုပ်သရုပ်ဆောင်လုပ်ပေါ့နှစ်ပေါင်များစွာလူတွေရဲ့သဘောသဘာဝစိတ်နေသဘောထားတွေကိုသရုပ်ဆောင်ရတဲ့ပညာတွေကိုအဓိကထားပြီး လုပ်လာလို့လားမသိဘူး။

မဟုတ်တာလုပ်မယ့်လူတွေရဲ့အမူအကျင့်တွေ၊မှန်မှန်ကန်ကန်လုပ်နေတဲ့လူတွေရဲ့သဘောတရားတွေ၊အခမ်းအနားဆက်တင်တွေနဲ့လိမ်နေတာတွေ၊နည်းပညာကိုအသုံးချပြီးအကွက်ကျကျအသုံးချနေတာတွေ၊အနုပညာသမားဆယ်လီတွေကတစ်ချို့အကွက်တွေကိုရိုးရိုးသားသားမမြင်တော့အကွက်သိသူတွေရဲ့အသုံးချနေတာတွေမြင်ရတွေ့ရကြားရသိနေရတော့ရင်တော့လေးမိတယ်။

အဲ့ဒီအခါခင်ဗျားကြီးတော်လှန်ရေးကိုစိတ်ပျက်နေပြီလားလို့မေးလာခဲ့ရင်ဖြေစရာကရှိနေပါတယ်။ကျနော်စိတ်မပျက်ပါဘူး။ဘယ်တော့မှလည်းစိတ်ပျက်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ကျနော်ဒါရိုက်တာကိုပေါက်အနေနဲ့တော်လှန်ရေးကိုအကြောင်းပြပြီးကိုယ့်အတွက်ကိုယ့်မိသားစုအတွက်အခုအချိန်ထိခေါင်းမာနေဆဲပါ။

သာသာယာယာနေလို့ရတဲ့အခွင့်အရေးတွေရခဲ့ပါတယ်။ အဲ့သည်လိုရခဲ့တဲ့အခွင့်အရေးတွေကိုစွန့်လွှတ်ခဲ့တဲ့သမိုင်းကြောင်းတွေဖြစ်စဉ်တွေကိုတော်လှန်ရေးကြီးပြီးသွားတဲ့တစ်နေ့အသေးစိတ်ရေးဖြစ်အုံးမယ်ထင်ပါတယ်။ကျနော်ကရုပ်ရှင်ပညာတွေနဲ့ပတ်သက်ပြီးဇာတ်လမ်းရေးဇာတ်ညွှန်းရေးသရုပ်ဆောင်လုပ်ဒါရိုက်တာလုပ်တဲ့ပညာတွေပဲသိခဲ့တာ။

ဒါတွေပဲတတ်တာပါ။“အခုတော့တောထဲကကျောင်းတစ်ခုမှာကလေးတွေကိုကျနော်အနေနဲ့proမဖြစ်တဲ့ပန်းချီပညာကို ကြိုးစားသင်ပေးနေပါတယ်။အခြေခံပေါ့လေ။ကျနော်ကိုယ်ကျနော်ပြန်မေးကြည့်တယ်။မင်းမှာအရင်ကလိုရာနဲ့ချီတဲ့ဝင်ငွေတွေလည်းမရှိတော့ဘူး။လက်ရှိလည်းဇီးရိုး။ဘာအတွက်ဒုက္ခခံနေသလဲ?

သူများတွေလိုဖာသိဖာသာဖြစ်ဖြစ်သိသိသာသာဖြစ်ဖြစ်ရပ်လိုက်ပါလားပေါ့လေ။ကျနော်အဆင်မပြေပေမယ့်အခုအချိန်ထိကျနော်ခေါင်းမာနေဆဲပါ။ဆက်ပြီးတော့လည်းခေါင်းမာနေအုံးမယ်ထင်ပါတယ်။ကျနော်အဆင်ပြေပါတယ်။ ခင်ဗျားတို့အဆင်မပြေမှာဘဲဆက်ပြီးစိုးရိမ်နေအုံးမှာပါ။ကျနော်ခင်ဗျားတို့နဲ့အတူတူမြန်မာ့မြေပေါ်မှာရှိနေပါတယ်။

ဒါပေမယ့်မနက်ဖြန်တော့နိုင်ငံခြားခဏသွားအုံးမယ်နော်။အဝေးကြီးမဟုတ်ပါဘူး။ထိုင်းလောက်ပါပဲ။”ဆိုပြီးပြောလာပါတယ်။ကိုပေါက်ကတော့တော်လှန်ရေးကြီးကိုစိတ်မကုန်ပဲပြည်သူတွေနဲ့အတူတူမြန်မာ့မြေပေါ်မှာရှိနေဦးမှာလို့ပြောလာတာပဲဖြစ်ပါတယ်။ကိုပေါက်တစ်ယောက်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကိုအမြန်ဆုံးပြည့်ဝပြီးအရင်လိုအနုပညာအလုပ်တွေပြန်လုပ်ကိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ခရက်ဒစ်

(Visited 110 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*