ယောက္ခမကို ယောက္ခမလို့တောင် မခေါ်ရက်ပဲ ကိုယ့်အမေတစ်ယောက်လိုသဘောထားခဲ့တယ်ဆိုတဲ့ DJ Violet

ယောက္ခမလို့တောင် မခေါ်ရက်ပဲ ကိုယ့်အမေတစ်ယောက်လိုသဘောထားခဲ့တယ်ဆိုတဲ့ DJ Violet

နိုင်ငံကျော် ဗီဒီယိုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေမျိုးအောင်ကတော့ အနုပညာနဲ့ပတ်သက်လာရင် နာမည်ကြီးသလို သာယာတဲ့မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ နေမျိုးအောင်ရဲ့သားကြီးဖြစ်တဲ့ မင်းထိုက်ဟာလည်း ဖခင်ရဲ့ခြေရာကိုနင်းပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူမို့ ပရိသတ်သိပြီးသားသူတစ်ယောက်ဖြစ်ပါတယ်။

လတ်တလောမှာတော့ မင်းထိုက်ရဲ့ချစ်သူကောင်မလေး DJ Violet နဲ့ နေမျိုးအောင်တို့မိသားစုအကြားမှာ သွေးထိုးလှုံ့ဆော်သူတွေရဲ့ ကြားစကားတွေဟာ ပွထနေပြီး မဟုတ်မမှန်သတင်းတွေဟာလည်း ပျံ့နှံ့နေလျက်ရှိပါတယ်။ထိုကိစ္စနဲ့ပတ်သက်ပြီး နေမျိုးအောင်ရဲ့ဇနီးက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်လာခဲ့သလို မင်းထိုက်ရဲ့ချစ်သူကောင်မလေးကလည်း

“တင်ချင်တဲ့ လူတွေကလဲ တင်ချင်တာတင် မသိဘဲ လာမန့် တဲ့လူကလဲ မန့်ချင်တာမန့် ပွဲတွေကိုစီလို့ဉကိုယ့် မိဘလိုမျိုး ခုချိန်ထိ့ ယောက္ခမလို့တောင် မခေါ ရက်တဲ့ ကျွန်မမေမေပါ။မေမေ ခုချိန်ထိ့ ကျွန်မပေါနာကျင်ခံစားရမယ့် စကားလုံး အသေအဖွဲလေးတောင်မပြောခဲ့ သလို နာကျင်အောင်လဲမလုပ်ခဲ့ပါဘူး။မိကောင်းဖခင်သားသမီးဖြစ်တဲ့ တွက် KTV အလုပ်လုပ်ဖို့ ဆိုတာအဝေးကြီးပါဆင့်” ဆိုပြီး ဖြေရှင်းလာပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ကောလဟာလတွေမှာ မင်းထိုက်နဲ့ DJ Violet တို့ဟာယူထားတာ လေးနှစ်ကျော်လောက်ရှိပြီဖြစ်ပြီး နေမျိုးအောင်တို့ဇနီးမောင်နှံဟာ အမွေဖြတ်ပြီးအိမ်ပေါ်ကနှင်ချထားတယ်လို့ လူတွေကပြောဆိုနေကြတာဖြစ်ပြီး ကာယကံရှင်ဖြစ်တဲ့ နေမျိုးအောင်ရဲ့ဇနီးကတော့ အမှန်တရားကို Live လွှင့်ပြီးရှင်းမယ်လို့ ပြောလာခဲ့ပါတယ်။ ခရက်ဒစ်

(Visited 78 times, 2 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*