ထူးဆန်းစွာနဲ့ ခါးမှာ အမြီးတစ်ချောင်းပါလာခဲ့ပြီး အမြဲဂရုစိုက်နေရတဲ့ အမျိုးသားရဲ့အဖြစ် …

ထူးဆန်းစွာနဲ့ ခါးမှာ အမြီးတစ်ချောင်းပါလာခဲ့ပြီး အမြဲဂရုစိုက်နေရတဲ့ အမျိုးသားရဲ့အဖြစ် …

ဗီယက်နမ်နိုင်ငံမှာ နေထိုင်တဲ့ Mr.Chong အမည်ရှိတဲ့ အမျိုးသားဟာ ဆင်းရဲ့တဲ့မိသားစုရဲ့ တတိယမြောက်သားတစ်ဦးဖြစ်ပါတယ် ။ သူ့အသက် 10 နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူနဲ့ တောထဲအတူလိုက်ခဲ့ရပြီး တောလိုက်ပညာတွေကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူပါ ။ အသက်အရွယ် ကြီးလာခဲ့ပေမဲ့ သူ့ရဲ့ခါးအနောက်က အမြီးလေးဟာ မပျောက်သွားဘဲ တဖြည်းဖြည်းကြီးလာခဲ့လို့ အခက်တွေ့နေရတာပါ ။

သို့ပေမဲ့လည်း အဆိုပါ အမြီးဟာ Chong ကိုအခြားသူတွေထက် ပိုပြီး ကျန်းမာကြံ့ခိုင်စေခဲ့လို့ သူ့အတွက်တော့ ရတနာတစ်ပါးလိုဖြစ်နေခဲ့ပါတယ် ။သို့ပေမဲ့လည်း ငယ်ရွယ်စဉ်အချိန်က အဆိုပါအမြီးပါလာခဲ့လို့ Chong ဟာ အခြားသူတွေနဲ့ ကွဲပြားနေသလိုခံစားခဲ့ရပြီး အမြဲအရှက်ရနေခဲ့ရတာပါ ။ အဆိုပါအမြီးကို ဖြတ်ပစ်ဖို့ Chong ဟာ နှစ်ကြိမ်ခန့်ကြိုးစားခဲ့ဖူးပါတယ် ။ ပထမအချိန်ကတော့ 7 နှစ်သားအရွယ်မှာ သူငယ်ချင်းတွေကြောင့် အရှက်ရပြီး နေအိမ်ပြန်ပြေးကာ အဆိုပါအမြီးကို ဖြတ်ပစ်ခဲ့ပါတယ် ။

ထို့နောက် ချက်ချင်းဘဲ ဖျားနာသွားခဲ့ပြီး ဆေးရုံတွေ သွားပြခဲ့ပေမဲ့ မသက်သာဘဲ အမြီးတဖြည်းဖြည်း ပြန်ရှည်လာခဲ့ချိန်မှ အဖျား သက်သာသွားခဲ့တာပါ ။ဒုတိယအကြိမ်ကတော့ အရွယ်ရောက်ခါစအချိန် သူငယ်ချင်းတွေနဲ့ မင်္ဂလာပွဲသို့ သွားရင် သိုဝှက်ထားတဲ့ အမြီးကို လူတွေက ရုတ်တရက်တွေ့ရှိသွားခဲ့ကြတာမို့ အရှက်ရပြီး စိတ်ဆိုးကာ နောက်တစ်ကြိမ် ဖြတ်ပစ်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ စားလို့ ၊ သောက်လို့ မရတော့တဲ့အထိ ဖျားနာခဲ့ပြီး ဆန်ပြုတ်နဲ့သာ အသက်ဆက်ခဲ့ရတာပါ ။

ရွာထဲမှာနေရင် လူတွေက သူ့ရဲ့အမြီးကိုသာ အာရုံစိုက်နေပြီး ၊ မိန်းကလေးတွေကပါ အမြီးနဲ့ပက်သက်ပြီး နောက်ကွယ်မှာပြောဆိုနေကြတာတွေ ပြန်ကြားရလို့ လူတွေနဲ့ မျက်နှာချင်းမဆိုင်ချင်လို့ တောထဲမှာသာ နေဖို့ 17 နှစ်အရွယ်မှာ မိဘတွေကို ခွင့်တောင်းခဲ့ပါတယ် ။လက်ရှိမှာတော့ Mr. Chong ဟာ အိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီး သားသမီး 4 ဦးရှိကာ ၊ သားသမီးတွေကတော့ သူ့လို အမြီးတွေ ပါလာခဲ့ခြင်းမရှိကြောင်း သိရပါတယ် ။

သူ့ရဲ့အမြီးဟာ အခုဆိုရင် 60 cm ခန့်ရှည်နေပြီဖြစ်ပြီး သူ့ရဲ့ မြေးလေးတွေကို လူတွေရဲ့ဆံပင်အတိုင်း ကျစ်စမြီးကျစ်ခိုင်းခဲ့ပြီးနောက် အမြဲလူတွေမမြင်အောင် အဝတ်တွေအောက်မှာ သိုဝှက်ထားလေ့ရှိကြောင်းလည်း သိရှိရပါတယ် ။

(Visited 66 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*