တခါတလေကျ လူတွေရဲ့ သနားပါတယ်ဆိုတဲ့ စိတ်ဟာ အဆိပ်အတောက်တွေပဲ …

တခါတလေကျ လူတွေရဲ့ သနားပါတယ်ဆိုတဲ့ စိတ်ဟာ အဆိပ်အတောက်တွေပဲ …

သူ့ဟာသူ လောကဓံရဲ့အထုအထောင်း အရိုက်အနှက်နဲ့ နေသားကျနေတဲ့ ကလေတစ်‌ယောက်ကိုအတင်းတွေကူညီ အတင်းတွေ အိမ်တွေငှားပေး..အခုကျ သူ့ထက်လူပိုစိတ်ဝင်စားလာတဲ့ အကြောင်းအရာပေါ်လာပြန်တော့… တောလေးကနေ ပွားလေးဖြစ်ပြီး ပြေးကြပြန်ပြီ…လုပ်စား ချနင်းတဲ့သူက သူ့အလုပ်သူလုပ်မှာပဲ… ကလေးကမသိတတ်ရင်… ကလေးမိဘတွေကသိတတ်ရမယ်ငွေပုံပေးလည်း ငွေကိုခိုင်းမစားတတ်လို့ပြန်မွဲသွားတဲ့သူတွေမှတပုံကြီးပဲ…ငွေရလာတုန်းမှာ သိန်းကျော်ပေးရတဲ့ အိမ်ကိုငှားနေ၊

လူစပ်မြင်ကပ်စေမယ့်စကားတွေပြော (သူ့ကို ပထမဆုံးမိတ်ကပ်လိမ်းပေးခဲ့တာ မိန်းမလျာမိတ်ကပ်ဆရာ၊ အင်တာဗျူးလည်းကျရော အခြောက်တွေမိတ်ကပ်လိမ်းပေးတာမကြိုက်ဘူးဆိုပြီး ဖြေ)နဂိုကတည်းကမှ အတန်းပညာနည်း မိအုပ်လျက် ဖအုပ်လျက်မကြီးရလို့ တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့စရိုက်က ပိုဆိုးပြီး လူမုန်းစရာတွေဖြစ်…အင်း….

လူတွေကရော ဘယ်လောက်သနားပြီး၊ ဘယ်လောက်ကူညီကြဦးမှာတဲ့လဲ…အမယ် … အခုဆို သူက သရုပ်ပါဆောင်တတ်လာပြီ… မထွက်တဲ့မျက်ရည်ကို သုတ် သုတ်ပြီးဖြေတာနော် ဂျမ်းတောရေ … လူတွေပေးတဲ့ဒုက္ခတွင်းမှာ ကူးခတ်နေလိုက်ဦး”ဆိုပြီးရေသားထားပါတယ်။

(Visited 55 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*