တံတားပေါ်က ပိုင်ရှင်မဲ့သွားတဲ့ ဖိနပ်လေးတစ်ရံ …

တံတားပေါ်က ပိုင်ရှင်မဲ့သွားတဲ့ ဖိနပ်လေးတစ်ရံ …

သာကေတမြို့နယ်၊ ကမာကြည်တံတားပေါ်က အမျိုးသားတစ်ဦးခုန်ချမှုဖြစ် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဒီကနေ့ စက်တာဘာ ၁၄ ရက် မနက် ၁၀နာရီဝန်းကျင်လောက်က တံတားပေါ်ကနေအမျိုးသားတစ်ဦးခုန်ချမှုဖြစ်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။ လူမှုကူညီရေးအသင်းတွေရောက်သွားချိန်မှာတော့ ခုန်ချသွားတဲ့ အမျိုးသားရဲ့ စက်ဘီး၊ဖိနပ်နဲ့အသုံးအဆောင်တချို့ ကို

ချန်ထားခဲ့တာကိုတွေ့ရပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့အတည်ပြုနိုင်တာမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ တံတားပေါ်က ခုန်ချသွားတဲ့ အမျိုးသားကို ရှာဖွေနိုင်ဖို့ နယ်မြေခံရဲ တပ်ဖွဲ့တွေက လုပ်ဆောင်နေပြီး နေ့လယ်ပိုင်းအထိတော့ ရှာဖွေတွေ့ရှိတာမရှိသေးဘူးလို့ သာကေတ မြို့နယ်လူမှုကူညီရေးအဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနောက်ဆုံးရက်သတ္တပတ်တွေတုန်းကလည်း ရန်ကုန်အပါအဝင် ဒေသတချို့မှာ အဆုံးစီရင်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး တစ်ပတ်အတွင် လူ ၇ ဦးသေဆုံးခဲ့ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ခုလို ဘဝကိုဆက်လက်ပြီး ရှင်သန်နေထိုင်ဖို့ အားမရှိတော့ဘူးဆိုတဲ့ဖွင့်ဟဝန်ခံမှုတွေ ကြုံရတဲ့အခါမှာ သူ့ရဲ့ပြဿနာကို အလေးထားပြီး နားထောင်ပေးပြီး ဆွေးနွေးပေးဖို့နဲ့

ဒါဟာ ကိုယ်တစ်ဦးတည်း ကြုံနေရတာမဟုတ်ကြောင်းနဲ့တစ်ရက်ချင်းကို အကောင်းဆုံးရှင်သန်ဖို့ဝိုင်းဝန်းအဖြေရှာဖို့ နဲ့ အဆုံးစီရင်ခြင်းဟာ ထွက်ပေါက်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ၊ ဗားမောက်တက္ကသိုလ်မှာ စိတ်ပညာ ပါရဂူဘွဲ့တက်ရောက်နေတဲ့ Clinical Psychologist မဖြူပန်းနုခင်က ဘီဘီစီနဲ့သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အကြံပြုထားပါတယ်။ Crd

(Visited 244 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*