ကိုယ်ပိုင်သီချင်းလေးနဲ့ ကြက်ဥပူတင်း လိုက်ရောင်းတဲ့ အဘကို လုပ်ရက်ကြတယ်ဗျာ …

ကိုယ်ပိုင်သီချင်းလေးနဲ့ ကြက်ဥပူတင်း လိုက်ရောင်းတဲ့ အဘကို လုပ်ရက်ကြတယ်ဗျာ …

လွန်ခဲ့တဲ့ လပိုင်းတုန်းက လူမှုကွန်ရက်ပေါ်မှာ လူသိများခဲ့တဲ့ ကိုယ်ပိုင်သီချင်းလေးနဲ့ ကြက်ဥပူတင်းရောင်းတဲ့ အဘကို မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ တောင်ဒဂုံမြို့နယ်ကနေ လာရောက်ရောင်းချတဲ့ အဘဟာ စက်ဘီးနောက်မှာ တင်ထားတဲ့ ကြက်ဥပူတင်းပုံးလေးကို ခေါက်ခေါက်ပြီး သံစဉ်လေးတွေနဲ့ ရောင်းချနေကြဖြစ်လို့ လူအများက သတိထားမိနေကြပါတယ်။

အဲဒီလို လူချစ်လူခင်များတဲ့ အဘရဲ့ ဘဝဇာတ်သိမ်းကတော့ ကြေကွဲဖို့ ကောင်းလှပါတယ်။ ယမန်နေ့ညက စံပြဈေး ပြည်ထောင်စု ခုံးကျော်တံတားအောက်မှာ ခိုးဆိုးလုနှိုက်သူတွေက အဘရဲ့ ပိုက်ဆံ၊ ဖုန်းနဲ့ စက်ဘီးတွေကို လုယက်ပြီး -ါးနဲ့ ထိုးခဲ့တာကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန် သွားပြီလို့ သိရပါတယ်။

အဆိုပါ သတင်းကို မီဒီယာသမားတဦးဖြစ်တဲ့ ဇေယျာမြတ်ခိုင်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။ ယခုလို ကာလမှာ လူငယ်တွေတောင် ခိုးဆိုးလုနှိုက်တွေရဲ့ ဒဏ်ကို ကြောက်ရွံ့နေရပြီး လမ်းပေါ်က သက်ကြီးရွယ်အိုတွေအနေနဲ့လည်း အချိန်မရွေး အန္တရာယ် ဖြစ်နိုင်တဲ့အနေအထားကို ရောက်ရှိနေပြီ ဖြစ်ကြောင်း

ယခု ဖြစ်ရပ်က သက်သေ ပြနေတာပဲ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လျက် ရှိနေပြီး ဒုစရိုက်လောကသွားရဲ့ တဖြည်းဖြည်း ကြီးထွားလာတာကြောင့် ပြည်သူတွေ လုံခြုံမှု ကင်းမဲ့လာတာကို ကူညီစောင့်ရှောက်မယ့်သူ မရှိ ဖြစ်နေတာကို ဝမ်းနည်းဖွယ် တွေ့ရပါတယ်။

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာခြင်း၊ ဝင်ငွေ လျော့နည်းလာခြင်း၊ အလုပ်အကိုင် မရရှိခြင်း၊ လူမှုဒုက္ခများ ပိုမိုများပြားလာခြင်း စတဲ့အချက်တွေက ဒုစရိုက်လောကကို ပိုမိုကြီးထွားလာအောင် ရေလောင်းပေါင်းသင် ပေးတဲ့ အဖြစ်အပျက်တွေ ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အာဏာပိုင်လို့ အတင်း သတ်မှတ်ထားသူတွေကလည်း

ပြည်သူ့အကျိုးထက် ကိုယ့်အကျိုးကိုသာ ဦးစားပေးနေတာကြောင့် ဒီလို ဝမ်းနည်းဖွယ် အဖြစ်အပျက်တွေ ထပ်မံပေါ်ပေါက်လာနိုင်ပါသေးတယ်။ အသံအေးအေးလေးနဲ့ ကိုယ့်ဝမ်းစာ ကိုယ်ရှာနေရတဲ့ အဘတယောက် နောင်ဘဝကျရင် ဒီလို နိုင်ငံမှာ လူလာမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးရင်း….

(Visited 400 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*