ဦးဏှောက်အကျိတ် ရောဂါဝေဒနာကို တရားအားထုတ်ရင်း နောက်ဆုံးအချိန်ကို အကောင်းဆုံးဖြတ်ကျော်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ …

ဦးဏှောက်အကျိတ် ရောဂါဝေဒနာကို တရားအားထုတ်ရင်း နောက်ဆုံးအချိန်ကို အကောင်းဆုံးဖြတ်ကျော်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ …

အဆိုတော် အိအိချွန် ကတော့ မြန်မာသံစဉ်တွေကို ငယ်စဉ်ကတည်းက သီဆိုလာခဲ့သူဖြစ်ပြီး မြန်မာ့ဝတ်စုံလေးတွေကို စွဲစွဲမြဲမြဲဝတ်ဆင်တတ်သူ ဖြစ်ပါတယ်။ ဒါအပြင် ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မြန်မာ့သံစဉ်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။

ချိုလွင်တဲ့အသံလေးနဲ့ သီဆိုထားတဲ့ သူမရဲ့မြန်မာ့သံစဉ်သီချင်းလေးတွေက ကြားရသူအဖို့ စိတ်နှလုံးချမ်းမြေ့စေပါတယ်။ လက်ရှိမှာ အဆိုတော် အိအိချွန် ဟာ သာသနာ့ဘောင်ကို ရောက်ရှိနေပါတယ်။ အဆိုတော် အိအိချွန် ရဲ့ သာသနာ့ဘောင်ထဲက ဘွဲ့နာမည်ကတော့ တနင်္ဂနွေသမီးဖြစ်တာကြောင့် ဒေါ်အဂ္ဂညနီ ပဲ ဖြစ်ပါတယ်။

ဘွဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့ ကြီးကြယ်မြင့်မြတ်ခြင်းပဲ ဖြစ်ပါတယ်။ အဆိုတော် အိအိချွန် ကတော့ ဦးနှောက်အကြိတ်ရောဂါကို ခံစားနေရပြီး ဆေးကုသမှု့ ခံယူနေရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာဆေးကုသမှု့ကို ပုံမှန်ကုသနေပြီး ရောဂါဆိုးဝါးလာရင်တော့ နောက်ဆုံးမှာ မျက်လုံးကွယ်သွားနိုင်တယ်လို့ ဆရာဝန်က ပြောထားပါတယ်လို့ သိရပါတယ်။

ဒါကြောင့်လဲ နောက်ဆုံးအချိန်ရောက်ရှိလာရင် ကုသိုလ်စိတ်လေးနဲ့ပဲ ဘဝကူးကောင်းချင်တာကြောင့် အသက်ရှင်သန်နေချိန်မှာ ကောင်းမှု့ကုသိုလ်တွေများစွာ လုပ်နေတာကို တွေ့ရပါတယ်။ ဦးနှောက်အကျိတ်တည်ဝေဒနာအတွက် ဆေးကုသမှုကို တရားရှုမှတ်ရင်း ရင်ဆိုင်ဖြတ်ကျော်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ရောဂါခံစားနေရတဲ့ အဆိုတော် အိအိချွန် ခေါ် ဆရာလေး ဒေါ်အဂ္ဂညနီ အတွက် ရောဂါအမြန်ဆုံးသက်သာပါစေလို့ ကောမန့်မှတစ်ဆင့် ရေးသားသွားပေးခဲ့ပါအုန်းနော်။

(Visited 264 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*