ရေငုပ်ပြီး ငါးဖမ်းရာမှ ငါးက ပါးစပ်ထဲဝင်သွားခဲ့ပြီး လည်ချောင်းမှာ ခံနေခဲ့လို့ See more …

ရေငုပ်ပြီး ငါးဖမ်းရာမှ ငါးက ပါးစပ်ထဲဝင်သွားခဲ့ပြီး လည်ချောင်းမှာ ခံနေခဲ့လို့ အရေးပေါ် ခွဲစိတ်မှုလုပ်ခဲ့ရသည့် ငါးဖမ်းသမား

နေရာဒေသပေါ် မူတည်ပြီး ငါးဖမ်းသည့် ဓလေ့ကတော့ ကွဲပြားခြားနားမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ထိုသို့ ငါးဖမ်းရာမှ အလွဲလေးနှင့် ကြုံတွေ့ရတာကိုလည်း လူတိုင်းကြားဖူးမှာ သေချာပါတယ်။သို့သော်လည်း ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးကဲ့သို့သော အဖြစ်မျိုးကိုတော့ ကြုံဖူးကြလိမ့်မည် မဟုတ်ပေ။

လူအများ၏ ပြောစကားအရ အမျိုးသားဟာ ရေငုပ်ပြီး ငါးဖမ်းဖို့ ကြိုးစားနေချိန်မှာ ငါးတစ်ကောင်က ပါးစပ်ထဲ ရောက်လာခဲ့တာဟု သိရပါတယ်။ထို့နောက် လည်ချောင်းထဲမှာ ခံနေပြီး အသက်ရှုမရ ဖြစ်လာသည့်အတွက် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

အမျိုးသားကို ချက်ချင်းခွဲစိတ်ကာ ကုသပေးခဲ့ရပြီး ၂နာရီကြာအောင် ခွဲစိတ်ခဲ့ရတယ်ဟု သိရပါတယ်။ ဆရာဝန်ကတော့ ငါးက ပါးစပ်ထဲကို ဘယ်လိုရောက်သွားလဲဆိုတာ စဉ်းစားမရ ဖြစ်နေခဲ့ပါတယ်။ Crd

(Visited 833 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*