ပစ္စည်းလာဝယ်သလိုနဲ့ ဆိုင်ရှင်ကို တပတ်လှည့်ပြီး လုပ်စားနေတဲ့ အမျိုးသမီး (ဆိုင်တွေ ဘယ်လောက်တောင် လိမ်ခံရပြီးပြီလဲ မသိဘူး)

ပစ္စည်းလာဝယ်သလိုနဲ့ ဆိုင်ရှင်ကို တပတ်လှည့်ပြီး လုပ်စားနေတဲ့ အမျိုးသမီး (ဆိုင်တွေ ဘယ်လောက်တောင် လိမ်ခံရပြီးပြီလဲ မသိဘူး)

လူလိမ် ဂရုပြုရန်၊ ဆေးလာဝယ်တယ်။ ဟိုဆေးရှိလား ဒီဆေးရှိလား ၃ ၄ မျိုးလောက်မေးပြီး ပြခိုင်းတယ်။ ကလေးက ၃ နှစ် ထမင်းမစားလို့ ဘာဆေးတိုက်ရမလဲ မေးတယ်။ ရှင်းပြပြီးတော့ ဆေးနှစ်မျိုးယူမယ် ပြောတယ် (ပိုင်ကွန်ပေါင်း မီကိုခရင် တစ်ဘူးနဲ့ ကယ်လ်ဒရိုင်း တစ်ဘူး)၊ ၁,၀၅၀ ကျတယ်ဆိုတော့ ဟိုနေ့က ၁၀၀ ပြန်အမ်းဖို့ ကျန်တယ်လို့ပြောတယ်။

ဆိုင်က ညီလေးနဲ့ ညီမလေး ထမင်းစားပြန်သွားတော့ ဪ သူတို့များ သိမလား ၁၀၀ ဆိုတော့လည်း ဒါဆိုလည်း ၉၅၀ ပဲပေးသွားဆိုတော့ ၄၀၀၀ ပြန်အမ်းပါတဲ့။ အမ် ပိုက်ဆံ မပေးရသေးဘူးလေ ဆိုတော့ ကလေးအားဆေး မမေးခင်တည်းက ၅၀၀၀ တန် တစ်ရွက်ပေးလိုက်တာလေတဲ့။

မပေးရသေးဘူး၊ ပေးပြီးပြီလေ။ မပေးရသေးပါဘူးဆို၊ ပေးပြီးပါပြီဆို ဒီမှာတွေ့လား ပိုက်ဆံအိတ်ထဲမှာ အကြွေပဲရှိတော့တယ် ၅၀၀၀ တန်ပေးပြီးပြီ ဆိုပြီး အိတ်ဖြဲပြ။ ကဲ ဒါဆိုခဏစောင့်၊ စီစီတီဗီလေး ပြန်ကြည့်လိုက်ဦးမယ် ဆိုတော့ အာ့ဆိုကြည့်ထားလိုက် အိမ်မှာ မေ့ခဲ့လား မသိဘူးဆိုပြီး လှည့်ပြေးပါလေရော။

ရိုးရှင်းတဲ့ လှည့်ကွက် (Simple trick) ပေမယ့် တစ်ယောက်တည်း ရှိနေချိန်တို့ အူတူတူဖြစ်နေချိန်တို့ဆို လိမ်ခံရနိုင်လို့ သတိထားနိုင်ကြပါရန်။ (ဆေးဆိုင်က မြောက်ဥက္ကလာ ၆ ကွေ့လမ်းဆုံမှာပါ။ အဲ့အမျိုးသမီးက ဘယ်ဘက်လက်မောင်းမှာ တက်တူးကြီးကြီး တစ်ခုပါပါတယ်။ ဘာအရုပ်ထိုးထားမှန်းတော့ မမှတ်မိလိုက်)

(Visited 967 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*