အမွေပြတ်ပါ စွန့်လွတ်ခံထားရတာကို နောက်ထပ်ဘာတွေ ဆုံးရှုံးစေချင်သေးတာလဲလို့ ဒဲ့မေးလာတဲ့… see more

အမွေပြတ်ပါ စွန့်လွတ်ခံထားရတာကို နောက်ထပ်ဘာတွေ ဆုံးရှုံးစေချင်သေးတာလဲလို့ ဒဲ့မေးလာတဲ့… see more

ပုံတွေပဲဆွဲနေလို့ လိပ်ပြာလုံရဲ့လားလို့ မေးနေတဲ့သူတွေကို မေးခွန်းထုတ်လိုက်တဲ့ အဆိုတော် ကျားပေါက်ပရိသတ်ကြီးရေ အဆိုတော် ကျားပေါက် ကတော့ ရော့ခ်သီချင်းတွေကို အများဆုံးသီဆိုသူတစ်ဦးဖြစ်ပြီး ယောက်ကျားလေးတွေရဲ့ အသည်းစွဲအဆိုတော်တစ်ဦးဖြစ်ပါတယ်။ ကျားပေါက်ဟာ ဝါရင့်အဆိုတော်ကြီး ရင်ဂို ရဲ့သားဖြစ်သူလဲ ဖြစ်ပါတယ်။

သီချင်းကောင်းများစွာကို ဖန်တီးသီဆိုနိုင်တဲ့အပြင် တူရိယာပေါင်းများစွာကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ပြီး ဘက်စုံတော်တဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိအခြေအေနတွေကြောင့် ကျားပေါက် ဟာ သီချင်းဖန်တီးသီဆိုမှု့တွေ နည်းပါးသွားပေမယ့် doodle art တွေရေးဆွဲလျှက်ရှိပါတယ်။

သူ့ရဲ့ Ukulele မှာဖန်တီးရေးဆွဲထားတဲ့ doodle art ကိုလေလံတင်ရောင်းချခဲ့တာဆိုရင် ကမ္ဘာအဆင့်ဈေးအ ကြီး ဆုံး Ukulele အဖြစ်စံချိန်တင်ခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ကျားပေါက် ဟာအချစ်ရေးနဲ့ပတ်သတ်ပြီး အ ကြောင်းအရာတစ်ခု ပျံ့နှံ့နေပါတယ်။

အဆိုတော် ကျားပေါက်ဟာ အမှန်တရားအတွက် ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီး ဘေးကင်းရာကို တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ ဒီလိုတိမ်းရှောင်နေရင်း ကျရာတာဝန်ကို ထမ်းဆောင်နေပြီးကူညီ နေတာလဲ ဖြစ်ပါတယ်။ဒါကြောင့်လဲ ဖခင်ဖြစ်သူ အဆိုတော် ရင်ဂိုမှ ဟန်ထူးလွင် (ခေါ်) ကျားပေါက်ကို

သားအဖြစ် အမွေပြတ်စွန်လွှတ်ခဲ့တယ်ဆိုတဲ့အကြောင်းကို သတင်းစာမှတစ်ဆင့်ကြေငြာခဲ့ပါတယ်။ကျားပေါက် ဟာ ဇနီးဖြစ်သူ ဆုလဲ့ဝင်းဇုံဇုံ (ဇုံဇုံ) နဲ့ ၂၀၀၆ ခုနှစ်မှာတရားဝင်ကွာရှင်းပြတ်စဲခဲ့ပြီး သမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ လက်ရှိမှာ ကျားပေါက် ဟာ doodle art တွေကိုပဲအချိန် ပြည့်ဆွဲနေတာကြောင့် လိပ်ပြာလုံလားလို့ ဝေဖန်နေတဲ့လူတွေကို

” ပုံဆွဲနေလို့လိပ်ပြာလုံလားဆိုတော့ ဒီထပ်ဘာထပ်ဆုံးရှုံးစေချင်သေးတာလဲ ပြောကြည့်လေ” လို့ အခုလိုပဲမေးခွန်းထုတ်ခဲ့ပါတယ်။Crd

(Visited 1,586 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*