ကြုံတောင့်ကြုံခဲ နွယ်ရှင်လေးပါဆိုပြီး နွယ်ရှင်မဟုတ်တဲ့ ဇွန်ဘီ (ခေါ်) ကပ်ပါးကောင်

ကြုံတောင့်ကြုံခဲ နွယ်ရှင်လေးပါဆိုပြီး နွယ်ရှင်မဟုတ်တဲ့ ဇွန်ဘီ (ခေါ်) ကပ်ပါးကောင်

ဇွန်ဘီ (ခေါ်) “Nematomorpha” ကပ်ပါးကောင်.. Nematomorpha မနေ့တနေ့က ဖေ့ဘုတ်ပေါ် video အပိုင်းလေးတခု တွေ့လိုက်ရတယ်.. ကြိုးရှည်ရှည်လို အရာလေးက လှုပ်ရှားနေပြီး နွယ်ရှင် ဆိုတဲ့ ဗီဒီယိုတွေ။ ဘာရေးထားလဲ ဆိုတော့ “ကြုံတောင့်ကြုံခဲ နွယ်ရှင်လေးပါ မြင်တွေ့ရအောင် တင်ပေးလိုက်တယ်” ဆိုတာလေး အယုံလွယ်သူတွေကို မသိတဲ့သူအပေါ် မသိတဲ့သူက ပြန်ပြီး အသိမှားတွေ ရိုက်သွင်းတာ မြင်လိုက်ရတော့ အတော်လေးစိတ်ပျက်မိတယ်.. တကယ်တော့ နွယ်ရှင် မဟုတ်ပဲ ကပ်ပါးကောင်တမျိုးသာ ဖြစ်တယ်။ သူ့ကို နယ်မာတိုမိုဖာ လို့ခေါ်တယ်။

ဒီ Nematomorpha လေးတွေဟာ ပျမ်းမျှအားဖြင့် 20 စင်တီမီတာ ကနေ 40 စင်တီမီတာ ခွဲထိ ရှည်ပါတယ်.. သူကို တနည်းအားဖြင့် Horsehair Worms (သို့) ဂေါ်ဒီးယန်း ကောင်တွေလို့လဲ ခေါ်သေးတယ်။ သေချာကြည့်ရင် ထိပ်ပိုင်းမှာ အမဲရောင်သမ်းနေတဲ့ ဦးခေါင်လေးကို မြင်ရမှာပါ။

အရွယ်ရောက်ပြီးသား ဒီကောင်လေးတွေကို များသောအားဖြင့် ရေကန်တွေ စမ်းချောင်းငယ်တွေ စတဲ့ စိုစွတ်တဲ့နေရာဒေသတွေမှာ တွေ့ရတတ်တယ်။ ဒီ Nematomorpha ဆိုတဲ့ ကောင်တွေ ဘယ်လို ရှင်သန် ပေါက်ဖွား လဲဆိုတော့ ဥ သန္ဓေ ပိုးလောင်းအဆင့်မှာရှိနေသေးတဲ့ ပိုးဟပ်တွေ ၊ ပုရစ်တွေ၊ နှံကောင်တွေ၊ ဓားခုတ်ကောင် (သို့) ရှိခိုးကောင်တွေ အပေါ် ချွန်ထက်တဲ့သူတို့ရဲ့ဦးခေါင်းကို အသုံးပြုကာ လက်ခံကောင်ရဲ့ ကိုယ်တွင်းကို ဝင်ရောက်သွားတာဖြစ်ပါတယ်။

လက်ခံကောင်တွေဟာ ပိုးလောင်းဘဝ အဆင့်ကနေ ကူးပြောင်းပြီး အင်းဆက်တွေဖြစ်လာခဲ့ချိန်မှာတော့ ကပ်ပါးကောင်ဟာ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေခဲ့ပါပြီ။ ဒီလက်ခံကောင် အင်းဆက်တွေ ရှာဖွေစားသောက်တဲ့ အစားအစာတွေကနေတဆင့် သူတို့ရဲ့ အဟာရကို ကပ်ပါးကောင်တွေက ရယူစားသုံးကြတယ်။

ဒီလိုနဲ့ ခန္ဓာကိုယ်ထဲက ကပ်ပါးကောင်ဟာ တဖြည်းဖြည်းကြီးထွားလာချိန်မှာတော့ လက်ခံကောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ အပြင်ကို ထွက်ဖို့ စတင် ကြိုးစားလာပါတော့တယ်။ ဒီကပ်ပါကောင်တွေ ဘယ်လိုကြိုးစားလဲဆိုတော့ လက်ခံကောင်ဟာ ကုန်းပေါ်မှာပဲ အမြဲနေတာဖြစ်တဲ့အတွက် သူတို့က ဒီအတိုင် ထွက်မို့ မလွယ်ပါဘူး။ အရင်ဆုံးသူတို့ဟာ လက်ခံကောင်ကို ရေရှိတဲ့နေရာကို သွားခိုင်းပါတယ်။

ကပ်ပါးကောင်ဟာ လက်ခံကောင်တွေရဲ့ ခန္ဓာကိုယ် ဦးနှောက်က ဓာတုဟော်မုန်းပစ္စည်းတွေကို မြှင့်တင်ပေးခြင်းဖြင့် ချုပ်ကိုင် ထိန်းချုပ်ပြီး ရေရှိတဲ့နေရာကို သွားစေတာပဲဖြစ်ပါတယ်။ ကိုယ်ပိုင်ထိန်းချုပ်မှုမဲ့သွားတဲ့ လက်ခံကောင်တွေဟာ ရေရှိရာကို သွားရပြီး ရေထဲရောက်ချိန်မှာတော့ ကပ်ပါးကောင်ဟာ ထိုးထွက်လာပါတော့တယ်။ ဒီအခါမှာတော့ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ ကပ်ပါးကောင်တကောင်ဖြစ်လာပါတော့တယ်။Crd

(Visited 255 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*