အိမ်နီးချင်းရဲ့ မီးဖိုချောင်အပြင်ဘက်မှာ ချိတ်ဆွဲထားတဲ့ ခြင်းတောင်းမှ အပုပ်နံ့ကို သွားရောက်စုံစမ်းကြည့်ရာ See more ..

အိမ်နီးချင်းရဲ့ မီးဖိုချောင်အပြင်ဘက်မှာ ချိတ်ဆွဲထားတဲ့ ခြင်းတောင်းမှ အပုပ်နံ့ကို သွားရောက်စုံစမ်းကြည့်ရာ See more ..

စင်္ကာပူနိုင်ငံသားများဟာ များသောအားဖြင့် HDBဟုသော တိုက်ခန်းအိမ်ရာများတွေ အချင်းချင်းနီးကပ်စွာနေ ထိုင်ကြသောကြောင့် ဘေးကတိုက်ခန်းမှလာတဲ့ အနံ့အ သက်များကိုလည်း လျင်မြန်စွာ ရှုရှိုက်နိုင်ကြပါတယ်။၎င်း င်းတိုက်ခန်းအိမ်ရာမှ နေထိုင်သူတစ်ဦးဟာ အိမ်နီးချင်းရဲ့ တိုက်ခန်းမှလာတဲ့ အနံ့ကို ရှုရှိုက်မိလိုက်ပြီးနောက်မှာတေ ာ့ သူ့ရဲ့အတွေးစိတ်ကူးဟာ သူ့အတွက် ပိုကောင်းလာခဲ့ပါတော့တယ်။ သူဟာ အိမ်နီးချင်းရဲ့ ပြတင်းပေါက်အပြင်ဘက်မှာ ချိတ်ဆွဲထားတဲ့ ခြင်းတောင်းကို မြင်လိုက်ပြီးနောက် ၎င်းခြင်းထောင်းထဲက အရာက ကလေးလို့ ထင်မှတ်ကာ ရဲအားချ က်ချင်း အကြောင်းကြားခဲ့ ပါတော့တယ်။

ရဲများရောက် လာတဲ့အခါ အနံ့ဆိုးဟာ ခြင်းတောင်းထဲမှ ဆားသိပ်ထားတဲ့ ငါးများမှထွက်လာခြင်းဖြစ်ကြောင်းသိသွားခဲ့ရပါတယ်။ Shin MinDailyNewsရဲ့ အဆိုအရ ရိပ်သာလမ်းမှနေထို င်သူတစ်ဦးဟာ ၎င်းအိမ်နီးချင်းရဲ့ တိုက်ခန်းမှလာတဲ့ ပုပ်စ ပ်နေသည့် အနံ့ဆိုးကို ၄ရက်ဆက်တိုက် အနံ့ရနေခဲ့ပြီးနောက် အဆိုပါ နေထိုင်သူဟာ အိမ်နီးချင်းရဲ့ မီးဖိုချောင်ပြတင်းပေါက်မှ ချိတ်ဆွဲထားတဲ့ အပြာရောင်ခြင်းတောင်းကို တွေ့ခဲ့ရပြီး ခြင်းတောင်းထဲမှ နီညိုရောင် အရည်များကျနေသည်ကိုပါ ထပ်မံ မြင်တွေ့ခဲ့ရတာကြောင့် နေထိုင်သူရဲ့ သံသယများ ပိုမိုကြီးထွားလာခဲ့ပါတော့တယ်။

ထို့နောက် အဆိုပါနေထိုင်သူဟာ ချက်ချင်းဘဲ ရဲကိုဖုန်းဆက်ခဲ့ပုံရပါတယ်။Shin Min Daily News သတင်းမှ ဖော်ပြချက်အရ ရဲမျ ားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်တွင် ရဲစခန်းမှ အလျင်အမြန် ထွက်ခွါလာခဲ့ကြပြီး ၎င်းတို့ဟာ အိမ်နီးချင်းရဲ့ တိုက်ခန်းသို့သွားကာ ၎င်းခြင်းထောင်းအား တောင်းကြည့်ခဲ့ကြပါတယ်။သို့ပေမဲ့ အဆိုပါ လျှို့ဝှက်ဆန်းကြယ်တဲ့ ခြင်းတောင်းကြီးမှာ ဆားသိပ်ထားတဲ့ ငါးများနှင့် ဂျင်းပါရှိနေကြောင်းကို ၎င်းတို့တွေ့ရှိသွားတဲ့အခါ အဖြစ်အပျ က်တစ်ခုလုံးဟာ ရယ်စရာ ကောင်းလွန်းတဲ့ ဟာသတစ်ခုလို ဖြစ်သွားခဲ့ရပါတယ်။

ဆားသိပ်ထားတဲ့ ငါးတွေကို အခြောက်ခံဖို့ တောင်းထဲထည့်ပြီး အပြင်မှာ ချိတ်ဆွဲထားရမယ်လို့ အဆိုပါအိမ် နီးချင်းက တွေးထားပုံရပြီး ခြင်းတောင်းမှ ထွက်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရည်ကလည်း ငါးများမှ ထွက်လာတဲ့ အစိုဓာတ်သာ ဖြစ်နေခဲ့ပါတယ်။ ထို့နောက်အိမ်နီးချင်းက ခြောက်သွားတဲ့ ငါးခြင်းတောင်းကို အထဲသိမ်းလိုက်ပြီးနောက် ဘေးတိုက်ကနေထိုင်သူက ဆိုးရွားတဲ့ အနံ့အသက်များ မရတော့ကြောင်းပြန်ပြေ ာပြခဲ့ပါတယ်။စင်္ကာပူနိုင်ငံဟာ မကြာခဏ ကလေငယ် များအား အမှိုက်မှာ တွေ့ရလေ့ရှိတာကြောင့် အဆိုပါ တိုင်သူကလည်း ၎င်းကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေခဲ့ပုံရပါတယ်။

သို့ပေမဲ့ ၎င်းဖြစ်ရပ်မှာ ကလေးမဟုတ်ဘဲ ဆားသိပ်ထားတဲ့ ငါးတွေဖြစ်နေခဲ့တာကိုဘဲ ကျေးဇူးတင်ရမှာပါ။ ထို့ကဲ့ သို့သော ရယ်စရာအဖြစ်လေးတွေဟာ တိုက်ခန်းအိမ်ရာများ၌ နေထိုင်သူအဖို့ မိမိပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများနှင့် ပုံမှန်ပွင့်လင်းတဲ့ ဆက်သွယ်မှုမျိုး လိုအပ်ကြောင်းကို အလေးအနက် ဖော်ပြပေးနေခဲ့ပါတယ်။Credit

(Visited 1,072 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*