ထမင်းကြမ်း၊ ထမင်းကြော် စားတတ်သူများအတွက် သတိပြုသင့်တဲ့ အကြောင်းအရာ …

ထမင်းကြမ်း၊ ထမင်းကြော် စားတတ်သူများအတွက် သတိပြု ဆင်ခြင်သင့်တဲ့ အကြောင်းအရာ …

ဆန်ဟာ မြန်မာနိုင်ငံရဲ့ အဓိကအစားအစာဖြစ်ပါတယ်။ အာဟာရဓာတ်လည်း ကြွယ်ဝသလို ဓာတ်မတည့်တာမျိုးတွေလည်း တော်တော်ဖြစ်ခဲတဲ့အတွက် အားလုံးအဆင်ပြေပြေစားသုံးနေတဲ့ အစားအစာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်ဟာ အထားအသို၊ စားသောက်ပုံ မှားသွားခဲ့ရင် တော်တော်ဆိုးဆိုးရွားရွား ဒုက္ခပေးနိုင်တယ်ဆိုတာ သိထားဖို့ အရမ်းကိုအရေးကြီးပါတယ်။

တစ်ခါတလေ အစားမှားသွားတဲ့ အခါမျိုးတွေမှာ ဟင်းတွေထဲမှာ ဓာတ်မတည့်တာမျိုးရှိနေလို့ လို့ပဲ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ ဟင်းကြောင့်မဟုတ်ပဲ ထမင်းက ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဆန်ကို နည်းလမ်းမှန်စွာ မချက်ပြုတ်တဲ့အခါ အစာအဆိ++ပ်သင့်တတ်ပါတယ်။လွန်ခဲ့သောလက အမေရိကန်နိုင်ငံ Texas ပြည်နယ်က အမျိုးသမီးတစ်ယောက်ဟာ

(၈) ရက်တိတိ အရေးပေါ်အနေနဲ့ ဆေးရုံတက်ခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ သူမဟာ ဘူဖေးဆိုင်က ထမင်းကြော်ကို စားမိလိုက်လို့ပါ။ ထမင်းကြော်ဟာ ကြော်ပြီး အချိန်ကြာတာနဲ့အမျှ အခန်းအပူချိန်ကြောင့် ဘက်တီးရီးယား ပိုးမွှားတွေ ဖြစ်ပေါ်လာပြီး အစာအဆိပ်သင့်မှုတွေ ဖြစ်စေခဲ့တာပါ။

ဒါကို Fried Rice Syndrome လို့ခေါ်ပါတယ်။ထမင်းကြမ်းစားတတ်တဲ့ သူတွေအနေနဲ့လည်း ပြန်နွှေးတဲ့အခါမှာ ပူနွေးနေအောင် နွှေးဖို့ လိုအပ်ကြောင်း အထူးသတိပြုရပါမယ်။ ထမင်းကြမ်းပြန်နွှေးပြီး စားတတ်သူတွေမှာလည်း အစာအဆိပ်သင့်မှုတွေ ဖြစ်ပေါ်နိုင်တာကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ ထမင်းကျန်တွေကို မစားဘဲနေရင်အကောင်းဆုံးပါပဲ။

ထမင်းကို ရေခဲသေတ္တာထဲမှာ ပူနေတုန်း မထည့်ဘဲ အအေးခံပြီးမှ ထည့်ပါ။ နောက်ပြီး ရေခဲသေတ္တာထဲမှာ တစ်ရက်ထက် ပိုကြာအောင် မထားရပါဘူး။ ထမင်းကို ပြန်နွှေးတဲ့အခါမှာလည်း ပူနွေးနေအောင် နွှေးရပါမယ်။ နောက်ပြီး ထမင်းကြမ်းတွေကို တစ်ခါထပ်ပိုပြီး လုံးဝပြန်မနွှေးသင့်တော့သလို၊ စားလည်း မစားသင့်တော့ပါဘူး။

(Visited 3,371 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*