ဆော့ကစားနေစဉ် မူးလဲသည့် ‌ခုနစ်တန်းကျောင်းသူကို စစ်ဆေးရာ See more …

ဆော့ကစားနေစဉ် မူးလဲသည့် ‌ခုနစ်တန်းကျောင်းသူကို စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့သည့် ကလေးငယ်မှာ သေဆုံးခဲ့

ဆော့ကစားနေစဉ် မူးလဲသည့် ‌ခုနစ်တန်းကျောင်းသူကို စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့သည့် ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။ အုတ်တွင်းမြို့ ကြက်သွန်ခင်း ၂ ရပ်ကွက်မှ မခင်အိဖြူဆိုသည့် ‌ခြောက်တန်းကျောင်းသူမှာ စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီခန့်က အုတ်တွင်းမြို့ အထက်တန်းကျောင်းတွင် ဆော့ကစားနေစဉ် မူးလဲကာ သတိလစ်ခဲ့‌ကြောင်း၊

၎င်းအား အုတ်တွင်းမြို့ ဆေးခန်းမှ တောင်ငူဆေးရုံကြီးသို့ အရေးပေါ် အချိန်မီအခမဲ့ ပို့ဆောင်ကူညီပေးခဲ့‌ကြောင်း အဆိုပါအသင်းမှ သိရသည်။ ယင်းနောက် နေပြည်တော်ခုတင် ၁၀၀၀ သို့ထပ်မံလွှဲ‌ပြောင်းခဲ့ရာ တောင်ငူမြို့ အသင်းတစ်သင်းမှ ပို့ဆောင်ပေးခဲ့‌ကြောင်း၊ ကလးငယ်မှာ စက်တင်ဘာ ၆ ရက်တွင် ကွယ်လွန်ခဲ့‌ကြောင်း၊

ကလေးငယ်ကို ဆေးစစ်ရာ COVID (positive) ဖြစ်ကြောင်း၊ ကလးငယ်ကို နေပြည်တော်၌ သဂြိုလ်ပြီးဖြစ်‌ကြောင်း အဆိုပါအသင်းမှ သိရသည်။ စက်တင်ဘာ ၆ ရက်တွင် ကလေးငယ်၏ မိသားစုဝင်များနှင့် ထိစပ်သူ ၁၀ ဦးကို ကို‌ဗစ်ပိုးရှိမရှိ စစ်ဆေးရာ ကိုဗစ်ပိုးမတွေ့ရှိ‌ကြောင်း သိရသည်။

(Visited 28,535 times, 4 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*