ကုန်ဈေးနှုန်း အဆမတန် တက်လာတဲ့အပေါ် ဖိူးသောကြာရေ ထမေးလှည့်ပါဦးလို့ ပြောလာတဲ့ တိုင်းကျော် …

ကုန်ဈေးနှုန်း အဆမတန် တက်လာတဲ့အပေါ် ဖိူးသောကြာရေ ထမေးလှည့်ပါဦးလို့ ပြောလာတဲ့ တိုင်းကျော် …

ပရိသတ်တွေကို ရယ်မောပျော်ရွင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။ပြက်လုံးတွေကိုဖန်တီးသရုပ်ဖော်တာ တော်ရုံမက ရုပ် ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ရင်ဘတ်ချင်းတူ ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာဆိုရင် အမှန်တရားအတွက် လွတ်‌မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

တောတွင်းတစ်နေရာဖြစ်တာကြောင့်အစားအသောက်အနေ အ ထိုင် ခက်ခဲကြမ်းတမ်းပါတယ်။ရာသီဥတုမမှန်တဲ့အ ပြင် စောင်၊ခြင်ထောင် လုံလောက်စွာမရရှိတဲ့ တောထဲမှာ ခက်ခဲစွာနေထိုင်နေကြရတာကြောင့် တစ်ခါတရံကျန်းမာရေးတွေ ထိခိုက်ကြရပါ့တယ်။ ဟားငါးကောင်အဖွဲ့ဟာ အာဏာစသိမ်းခဲ့တဲ့ အချိန်ကစပြီးတော့ ပြည်သူတွေနဲ့အစောဆုံးရပ်တည်ခဲ့တဲ့ အနုပ ညာရှင်တွေပဲဖြစ်ပါတယ်။

ဒါကြောင့်လဲ ခက်ခဲကြမ်း တမ်းတဲ့ လွတ်မြောက်နယ်မြေမှာ အာဏာရှင်ကိုတွန်း လှန်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ကြိုးစားနေတာလဲ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေစဉ်အတွင်း ပွဲလမ်းသဘင်တွေ လုပ်နေကြတာ မြင်ရရင် စိတ်မကောင်းပါဘူးလို့လဲ ရင်ဖွင့်ထားပါသေးတယ်။

လူရွှင်တော် တိုင်းကျော် ကတော့ ဖိုးသောကြာကို ပိုစ်တင်ပြီးဒဲ့ဆော်လိုက်ပါတယ်။ဖိုးသောကြာ ကတော့ လွန်ခဲ့တဲ့ ၂၀၁၆ တုန်းက ကန်စွန်းရွက်တစ်စည်း ၃၀၀ ၊ တစ်ဒေါ်လာကို ၁၄၀၀ ဖြစ်တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ ပိုစ်တစ်ခုတင်ခဲ့တာကို အားလုံးပဲသိကြမှာပါ။ အဆိုပါပိုစ်ကို ပြန်လည်မျှဝေပြီး တိုင်းကျော် ဟာ “လူ ကြီးမင်းတို့ရေအစချီပြီး တခုခုပြောကြည့်ပါဦးလား” လို့ ပြည်သူတွေကို မေးခွန်းထုတ်လိုက်ပါတယ်။

အဆိုတော် ဖိုးသောကြာ တစ်ယောက်ကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာတော့ ဘာမှတုန့်ပြန်ထားခြင်းမရှိတာကို တွေ့ရပါတယ်။

(Visited 1,313 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*