အသက် ၁၆ နှစ်ကတည်းကလုပ်လာတဲ့ အနုပညာသက်တမ်းတစ်လျှောက် ကြော်ငြာတစ်ခုရဲ့ စော်ကားခံလိုက်လို့ အကြီးအကျယ် ပေါက်ကွဲနေတဲ့ အေးသီတာ …

အသက် ၁၆ နှစ်ကတည်းကလုပ်လာတဲ့ အနုပညာသက်တမ်းတစ်လျှောက် ကြော်ငြာတစ်ခုရဲ့ စော်ကားခံလိုက်လို့ အကြီးအကျယ် ပေါက်ကွဲနေတဲ့ အေးသီတာ …

အနုပညာသက်တမ်း၃၅နှစ်အတွင်း ကြော်ငြာတစ်ခုရဲ့စော်ကားခြင်းခံလိုက်ရတာကြောင့် အကြီးကြီးပေါက်ကွဲနေတဲ့ အေးသီတာ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အေးသီတာ ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှ ာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။အေးသီတာဟာ အခုဆိုရင်အသက်ငါးဆယ်ကျော်အရွယ် လူလတ်ပိုင်းကိုရောက်ရှိနေပြီဆိုပေမယ့်သူမရဲ့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ကာရိုက်တာတွေမှာ ဆက်လက်ပြီးသရုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့အေးသီတာကသူမရဲ့အနုပညာသက်တမ်း(၃၅)နှစ်တာအတွင်းကြော်ငြာတစ်ခုနဲ့စော်ကားခံလိုက်ရကြောင်းကိုရင်ဖွင့်လာပါတယ်။

အေးသီတာက“အသက်၁၆နှစ်ဆယ်တန်းအောင်စထဲက လုပ်လာတဲ့အနုပညာ ခုအသက်၅၁နှစ်ရှိပြီ။onlineကနေငွေလွှဲကြော်ငြာလေးရိုက်ဖို့အတွက် မတ်ကလေးကနေဆက်သွယ်လာတယ်။urgentဖြစ်နေလို့သဘက်ခါရိုက်မယ်။ကျွန်တော့ မန်နေဂျာဆက်သွယ်လာပါ့မယ်ဆိုပြီ။မနက်ကျတော့ဖုန်းဆက်လာတယ်အဲ့ကြော်ငြာလေးရိုက်ဖို့ရုံးကိုcastingလေးလာလုပ်ပေးနိုင်မလားဆိုတော့အိုခေပေါ့။

ပြီးတော့သူတို့ရုံးခန်းမှာဖုန်းနဲ့အိုက်တင်တွေလုပ်ခိုင်းရိုက်ပြီးခါတောင်လုပ်ခိုင်းတယ်ကိုယ်လည်းလုပ်ပြလိုက်ပါတယ်။ပြီးတော့ဈေးပြောအင်္ကျီတိုင်းနေ့လည်အကတိုက်မယ်တဲ့။ကိုယ်ကထမင်းဝေပီးလာခဲ့မယ်ပေါ့။ကိုယ်ထမင်းဝေပြီးဖုန်းဆက်လိုက်တော့အဲ့တယောက်ကအန်တီအကကပြီးသွားပြီတဲ့။နောက်နေ့မှတဲ့ အိုခေကိုယ်ကရက် အရမ်းကပ်နေလို့သမီးအက ဗီဒီယိုပို့ပေးထားမလားလို့ ဖုန်းဆက်တော့ အန်တီအကမပါတော့ဘူးတဲ့။

ဟုတ်လားဆိုတော့အင်္ကျီရောအိုခေလားဆိုတော့ဟုတ်တဲ့။နောက်နေ့ကျတော့ ကိုယ်ကဒီဘက်မှာကိစ္စတခုပေါ်လာတာနဲ့ငါတို့ရိုက်မယ်နေ့ဖြစ်နေတော့မအားဘူးလို့ငြင်းပြီးမှဟယ်ခဏနေဦးသေချာအောင်မေးလိုက်ဦးမယ်ဆိုပြီ းဖုန်းဆက်တော့ဖုန်းမကိုင်ပြန်လည်းမဆက်နောက်တခေါက်ထပ်ဆက်တော့မှသမီးအဲ့နေ့သေချာလားသေချာလားဆိုပြီးမေးတော့မှမသေချာလောက်ဘူးထင်တယ်တဲ့။

ဟယ်ဘာဖြစ်လို့လည်းဆိုတော့မှအန်တီလိုပဲရွေးထားတာတွေရှိတယ်သူတို့လူကြီးကမဖတ်ရသေးလို့တဲ့”ကဲဇာတ်လမ်းကခုမှစပြီ။ဒေါသကငယ်ထိပ်တက်ဆောင့်။နင်တို့ရိုင်းလှချီလားလို့ငါအနုပညာသက်တမ်းကနင်တို့အသက်ရဲ့၂ဆလောက်ရှိတယ်လို့ငါ့ကိုအစောထဲကအဲ့လိုအိုက်တင်လုပ်ပြခိုင်းပြီးရွေးမယ်လိုပွင့်ပွင့်လင်းလင်းပြောခဲ့ရင်ငါနင်တို့ရုံးကိုလာပြီးအရွေးခံစရာအကြောင်းမရှိဘူးလို့ဖဘပေါ်တင်ပီးနင်တို့ကိုဆဲမှာလို့။

မတ်ကလေးကိုလည်းဖုန်းဆက်သူရောညီမအငယ်ရောဒေါသတွေထွက်ကိုယ်လည်း castingဆိုတာဘဝမှာတခါမှမလုပ်ခဲ့ရ။သူတို့ကိုလည်းပြောခဲ့တယ် အမလေလို့ဟိုးငယ်ငယ်လေးထဲ အိုက်တင်တွေလုပ်ပြပြီးမှသင်တန်းတွေဘာတွေတက် အရွေးခံရမယ်ဆိုခုလိုတောင်ဖြစ်လာမှာမဟုတ်ဘူးလို့။ ခုကတော့တကယ်ရိုက်မှာမို့cameratestလာလုပ်ရတယ်လို့ထင်တာလေ။

သူတို့ကလည်းတကယ်ရိုက်ဘို့အင်္ကျီတိုင်းဈေးပြောပြီးစော်ကားခံရတယ်လို့မြင်တယ်။ကျမတို့အနုပညာသည်ဆိုတာဝါသနာပါတဲ့အလုပ်ကိုလုပ်ပြချင်တာ။ကျနော်တို့မှာပိုက်ဆံမရှိလို့ဒီအနုပညာကိုအမနဲ့မှဖြစ်မှာမို့လို့ပါလို့သာပြောတပြားမှမယူဘဲတောင်လုပ်ပြလိုက်ဦးမှာ၊ခုတော့ဒီအသက်အရွယ်ရောက်မှအိုက်တင်တေလုပ်ပြလူရွေးခံရတယ်တဲ့တော့။

ကြုံဘူးပေါင်ဂုဏ်ထူးဆောင်..ဒါမတ်ကလေးကိုဆက်သွယ်လာတဲ့သကောင့်သားကအိညှောင့်အိညှောင့်နဲ့တောင်းပန်ပါတယ်အကြိမ်တသိန်းလောက်ပြောလို့နို့မို့ဆိုအဲ့ကုမ္မဏီနံမည်နဲ့ပါတပ်ပြောမလို့။ကိုယ်ကရိုက်ချင်ပါတယ်လို့သွားပြီးတောင်းဆိုတာလည်းမဟုတ်.မလိမ့်တပတ်နဲ့လာစော်ကားတာ”‘ဆိုပြီးပြောပြလာခဲ့ပါတယ်။အေးသီတာကတော့အသက်(၁၆)နှစ်ကတည်းကလုပ်လာခဲ့တဲ့သရုပ်ဆောင်အလုပ်ကိုအသက်(၅၁)နှစ်ရောက်မှကြော်ငြာလေးတစ်ခုနဲ့စော်ကားခံခဲ့ရတယ်ဆိုပြီးသူမရဲ့ဖြစ်ကြောင်းကုန်စင်ကိုရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

(Visited 263 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*