အကြွေးကျ မဆပ်ဘဲ အလှူငွေစာရင်းမှာ နာမည်လာတပ်တဲ့ ကိစ္စကို ဒဲ့ရှင်းလာတဲ့ နန်းသူဇာ …

အကြွေးကျ မဆပ်ဘဲ အလှူငွေစာရင်းမှာ နာမည်လာတပ်တဲ့ ကိစ္စကို ဒဲ့ရှင်းလာတဲ့ နန်းသူဇာ …

ချစ်စရာကောင်းလွန်းလှတဲ့ မော်ဒယ်နဲ့ အဆိုတော် တစ်ဦးဖြစ်သူ နန်းသူဇာကတော့ ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကိုသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေး ချစ်ခင်ခြင်းကိုပါ ခံရသူလေး ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်အချစ်တော် အဆိုတော် ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ လိုက်ဖက်ညီလွန်းပြီးအရမ်းကို ချစ်ကြတဲ့ အနုပညာရှင်စုံတွဲ ဖြစ်ကြတဲ့အပြင် နှစ်ရှည်ကြာအောင် သစ္စာမြဲမြံစွာ တွဲခဲ့ကြသူတွေ ဖြစ်တာကြောင့် ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူးနော်။

ပရိသတ်တွေရဲ့ ဝန်းရံအားပေးကာ အချစ်ခံကြရတဲ့ သူတို့စုံတွဲလေးကတော့ ယခုလတ်တလောမှာ ယုန်လေး တင်လာတဲ့ ပို့စ်မှာ သူတို့နာမည် ပါလာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်ပြည်သူတွေရဲ့ မေးမြန်း စုံစမ်းမှုကို ကြုံလာရသဖြင့် နန်းသူဇာက ယခုလို ပြတ်သားပွင့်လင်းစွာ ရှင်းလင်း ပြောပြ လာခဲ့တာကို တွေ့ရပါတယ်။နန်းသူဇာ က “အလှူငွေစာရင်း နာမည်ပါလာတဲ့ ကိစ္စရှင်းပြပါရစေ။

ကိုကျော်ကို ကိုယုန်လေး အရင်ထဲက ရှင်းပေးရမယ့် အနုပညာကြေးလေးတွေ ရှိခဲ့ပါတယ်။အဲငွေလေးတွေကို သူရှင်းပေးဖို့ပြောထားခဲ့တာ ကြာခဲ့ပါပြီ၊ နောက်တော့ ဒီလို နိုင်ငံရေး ကိစ္စတွေ ဖြစ်လာခဲ့တဲ့အတွက် အဲကိစ္စ ဆက်မပြောဖြစ်ခဲ့ကြပါဘူး။ ( အနုပညာကြေးဆိုလို့ အများကြီးလည်း မထင်ပါနဲ့နော် တော်တော်ကို နည်းပါတယ်) အခု ဒီအပါတ်တွင်း ကိုကျော့်ကို messenger ကနေသူ အလှူလာခံ ပါတယ်၊

“ချို့တဲ့ပြည်သူတွေအတွက် လှူဖို့ အလှူမှာ ပါဝင်ပေးဖို့ပါ“ တဲ့။ အဲ့ဒီအချိန်တုန်းက နန်းတို့၂ယောက်လုံး ခရီးရောက်နေတဲ့ အတွက်သူ့ကို ဘာ Reply မှ မလုပ်ဖြစ်ခဲ့ပါဘူး။သူ ဘာကို နားလည်မှု လွဲသွားလည်း မသိပါဘူး။ နန်းတို့လည်း သူရေးတာကို Screenshot မြင်တော့မှပဲ သိရတာပါ။ ဖြေရှင်းမှ ရတော့မယ် ထင်လို့ ဒီစာရေး ရပါတယ် ကျေးဇူးပါ။

” ဆိုပြီး မော်ဒယ်လ်နန်းသူဇာက ယုန်လေး တင်လာတဲ့ အမည်စာရင်း မှာသူတို့စုံတွဲရဲ့ အမည်စာရင်းနဲ့ အလှူငွေ ၁သိန်း ဆိုပြီး ဖော်ပြလာတဲ့ ကိစ္စကို ကာယကံရှင်သူတို့တောင် မသိရှိကြောင်း ပွင့်လင်းစွာ ဒဲ့ရှင်း လာတာပဲ ဖြစ်ပါ တယ်နော်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ နည်းတူ အဆိုတော်နေဝင်း ကလည်း မကြာခင် နာရီပိုင်းအတွင်းက ပို့စ်တင်ကာ ယုန်လေး ရေးသားတင်လာသော ပို့စ်မှာသူ့နာမည်စာရင်း ပါလာတာနဲ့ ပတ်သက်ပြီး

သူ့အနေနဲ့ လုံးဝ မသိရှိကြောင်းကို ဖြေရှင်းထား ခဲ့တာကို တွေ့ရပါတယ်။ ယုန်လေးကတော့ အစပိုင်းမှာ သူ့ဆီသို့အလှူငွေ ပေးပို့ထားသူများ စာရင်းဆိုပြီး နာမည်တွေနှင့် အလှူငွေ ပမာဏကို နံပါတ်စဉ်တပ်၍ တင်ခဲ့ပေမယ့် ယခုအခါမှာတော့ ထိုအမည်စာရင်းအား ပို့စ်editလုပ်ကာ ပြန်ဖျက်လိုက်ပြီး ငွေပမာဏနှင့် ပစ္စည်းအရေအတွက်သာ မည်မျှရပြီဆိုပြီး ပြောင်းလဲ တင်ထားတာကို တွေ့မြင်ရပါတယ်။

ကာယကံရှင်များ မသိဘဲ အမည်စာရင်းနဲ့ ငွေပမာတွေ ထည့်သွင်းရေးသားရတဲ့ အကြောင်းကတော့ ယုန်လေးကိုယ်တိုင်သာ အရင်အကြိမ်တွေတုန်းကလို liveလွှင့်လိုက် ပြန်ဖျက်လိုက်နဲ့ ပြန်လည်ဖြေရှင်းမှ သိရတော့မှာပဲ ဖြစ်တယ်လို့ ယူဆရပါတယ်။

(Visited 698 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*