ကလေး (၄)ယောက်မွေးပြီးနောက် တစ်အိမ်လုံး မီးလောင်ခဲ့တဲ့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရဖူးတယ်ဆိုတဲ့အကြောင်း ပြောပြလာတဲ့ အကယ်ဒမီ ချိုပြုံး …

ကလေး (၄)ယောက်မွေးပြီးနောက် တစ်အိမ်လုံး မီးလောင်ခဲ့တဲ့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရဖူးတယ်ဆိုတဲ့အကြောင်း ပြောပြလာတဲ့ အကယ်ဒမီ ချိုပြုံး …

မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီချိုပြုံးဆိုတာ ပါးချိုင့်လေးနဲ့ ချိုလွန်းတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ပြီး သဘာဝကျကျ သရုပ်ဆောင်နိုင်သူ တစ်ဦးပါ။ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ချိုပြုံးဟာ အရင်ခေတ်ထဲကနေ အခုထိ နာမည်မကျပဲ လူတိုင်းသိရလောက်တဲ့ ဝါရင့် မင်းသမီးကြီးဖြစ်ပါတယ်။ ချိုပြုံးဟာ အကယ်ဒမီဆုကြီးကို (၄)ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ လေးထပ်ကွမ်း အကယ်ဒမီဆုရှင်ကြီးပဲ ဖြစ်ပါတယ်။ အကယ်ဒမီချိုပြုံးဟာ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေရယ် ခက်ခဲကြမ်းတမ်းမှုတွေရယ်ကို ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတာကိုအခုလို ပြောပြလာပါတယ်။

အန်တီချိုက အသက်(၂၀)ကျော်လောက်မှာ ဘဝဆိုတာကြီးကို သိလာတယ်။ နေ့စဉ် ဘုရားပုံမှန်ရှိခိုးပြီး ပန်းရေချမ်း ကပ်လှူတယ်။ ပရိတ်ကြီး(၁၁)သုတ်ထဲက ကိုယ်နဲ့ သင့်တော်တာလေးတွေ ရွတ်တယ်။ အဲ့လိုနေနေပေမယ့် မင်းသမီးဖြစ်ပြီး အသက်(၂၄)လောက် မင်းသမီးဖြစ်ပြီးတဲ့ အချိန် ၂၄ ၂၅ နှစ်လောက်မှာ အရမ်းအောင်မြင်လာတယ်။  သူများတွေက အပျိုဘဝမှာ အောင်မြင်တယ်ဆိုတာ မထူးဆန်းဘူး။ အမေချိုက ကလေးလေးယောက်မွေးပြီးတော့မှ လျှမ်းလျှမ်းတောက် အောင်မြင်တာ။ အဲ့လိုအောင်မြင်လာတာနဲ့အမျှ အမေချို ပေးရတာတွေ များလာတယ်။

အဲ့လို ပူပင်သောကတွေ မကျေနပ်တာတွေများလာတော့ ငါ ဘယ်လိုတွေ ပေးဆပ်ရမလဲ ဘယ်လိုတွေဖြေသိမ့်ရမလဲပေါ့။ နောက်ဆုံးတော့ဘာသာရေးပဲ ကောင်းမယ်ထင်တယ်ပေါ့။အဲ့လိုတွေသာ ပြောနေပေမယ့်လဲ အန်တီချိုက အရင်တုန်းက ဆေးလိပ်လဲသောက်တယ်။ ဆေးလိပ်ကို လက်ထဲကကို မချဘူး။ သူငယ်ချင်းတွေ ဘာတွေဆုံရင်လဲ ဘီယာတွေ ဘာတွေသောက်တယ်။ မကြိုက်ဘူး ဒါပေမယ့် ဆိုရှယ်ကျအောင် ပိုခဲ့တာတွေပေါ့နော်။ အဲ့တာတွေက ကိုယ့်ရဲ့ ပူပင်သောကတွေကို မပြေလည်နိုင်ခဲ့ဘူးပေါ့နော်။

မပြေလည်နိုင်တော့ အမေချို ဘုရားတရားလုပ်တယ်။ ပထမပိုင်းတော့ ကိုးကွယ်မှုတွေ မှားခဲ့သေးတယ်။ ဘုရားနဲ့ နတ်နဲ့အတူတူပဲလို့ အောက်မေ့တာ။ အဲ့တာတွေကနေ လေ့လာရင်းနဲ့ ဘာသာရေးကို ကွဲပြားသွားတယ်။ ဘယ်လိုစိတ်ထားရမလဲဆိုတာ သိသွားတယ်။ ဗုဒ္ဓဘာသာဆိုတာ ကို သေချာနားလည်သွားတဲ့အခါမှာ ဘဝဆိုတာ အကြွေးဆပ်ဖို့လာတာပါဆိုလား ဆိုတာကို သိခဲ့တယ်။အရင်တုန်းက အရမ်းရယူချင်တယ်။

ငါလိုလူမျိုးကိုများ ငါ့ကိုများ ဆိုတဲ့ ငါဆိုတဲ့အတ္တကြီးကို အရမ်းစွဲပြီးတော့ အဲ့လိုတွေဖြစ်ခဲ့တော့ ဘဝကို ငါလာလုပ်တာလဲဆိုတာကို သေချာခွဲခြား သိခဲ့ပြီး ဘဝဆိုတာ အကြွေးဆပ်ဖို့လာတယ်ဆိုတာကို သိသွားတယ်။  အမေချိုက အရင်က အကြွေးကြီးကြီးမားမားရှိခဲ့တယ်။ ဒါကြောင့် အမေချိုရဲ့ အိမ်ကြီးတစ်အိမ်ထဲ ကွက်ပြီးမီးလောင်သွားခဲ့တယ်။ ဒါဟာ အရမ်းကြီးတဲ့ အကြွေးတစ်ခုလို့ ယူဆလိုက်တယ်။ မိသားစုနဲ့ အိမ်ထောင်နဲ့ သိုက်သိုက်ဝန်းဝန်းမနေရတာကိုလဲ အကြွေးတစ်ခု ဆပ်လိုက်ရတယ်လို့ မှတ်ယူလိုက်တယ်။

အဲ့လိုနဲ့ ဒီဘဝမှာ အကြွေးတွေ အကုန်ကြေသွားအောင် မိဘဆွေမျိုး (၇)ရက်သားသမီးတွေအတွက်တတ်နိုင်သလောက်ဆပ်တာ ရင်ထဲမှာအေးတယ်။ ငါခံလိုက်ရတာပဲဆိုတဲ့ စိတ်နဲ့မနေတော့ အကြွေးတစ်ခုကြေတယ်လို့ပဲ သတ်မှတ်လိုက်တော့ ရင်ထဲမှာ အေးတာပေါ့နော်။ အဲ့တာကြောင့် အမေချိုဟာ အရမ်း ငြိမ်းချမ်းတယ်။ လူတွေက အမေချိုကို အရမ်းပျော်နေတယ် အရမ်းအောင်မြင်နေတယ်လို့ ပြောနေရင် အမေချိုပြောချင်တာက အမေချိုဟာ နေတတ်လို့ အောင်မြင်တာ ဘာကိစ္စမဆိုတွေးတတ်တယ်။

သာသာရေးဆိုတဲ့ လှေကြီးပေါ်မှာ အေးအေးငြိမ်းငြိမ်လေး နေနေတော့ ငြိမ်းချမ်းစွာနဲ့ အောင်မြင်နေတာပါလို့ ချိုပြုံးက ပြောပြခဲ့ပါတယ်။  အကယ်ဒမီချိုပြုံးရဲ့ ဘဝ ဖြတ်သန်းခဲ့ပုံတွေကို သိလိုက်ရတော့ ပရိသတ်တွေလဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘဝမှာ ခက်ခဲတာတွေ ကြုံလာတာတောင် ဘာသာရေးလေးနဲ့ ယှဉ်ပြီး ဖြတ်ကျော်ခဲ့တဲ့ အန်တီ ချိုပြုံးရဲ့ လုပ်ရပ်တွေကတော့ လေးစားအားကျဖို့ ကောင်းပါတယ်။

(Visited 675 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*