Youtube အစားထိုး Mtube ပလက်ဖောင်းကို မကြာခင်အစားထိုးအသုံးပြုမယ်လို့ စကစဆို …

Youtube အစားထိုး Mtube ပလက်ဖောင်းကို မကြာခင်အစားထိုးအသုံးပြုမယ်လို့ စကစဆို …

ရုပ်သံဗီဒီယိုတွေ ကြည့်ရှုနိုင်တဲ့ ကမ္ဘာသုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Youtube နေရာမှာ ပြည်တွင်းကမြန်မာနိုင်ငံသားပညာရှင်တွေ ရေးဆွဲထားတဲ့ Mtube ကို စမ်းသပ်အသုံးပြုနေပြီလို့ စစ်ကောင်စီက ဒီကနေ့စက်တင်ဘာ ၂ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မကြာခင်မှာ စတင်အသုံးပြုနိုင်မယ့်အချိန်ကာလကို ထပ်ကြေညာမယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ မြန်မာလူထုအများဆုံးအသုံးပြုတဲ့ Facebook နေရာမှာ ပြောင်းလဲအစားထိုးဖို့ ဆိုရှယ်မီဒီယာတစ်ခုကို ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူတွေဟာ ဒီဂျစ်တယ်သပိတ် (Digital Strike) အနေနဲ့ Facebook၊ Youtube တွေပေါ်မှာ ကလစ်ပြုလုပ်ကာ ရန်ပုံငွေရှာဖွေနေတာတွေကို လိုက်လံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ ဘက်က အခုလိုလုပ်ဆောင်လာတာလို့ သုံးသပ်နေကြပါတယ်။ Crd

(Visited 258 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*