သူခိုးရယ် မင်းအတွက်ကတော့ အဆင်ပြေသွားပေမဲ့ ကျန်ခဲ့တဲ့ အဖိုးအိုကတော့ See more …

သူခိုးရယ် မင်းအတွက်ကတော့ အဆင်ပြေသွားပေမဲ့ ကျန်ခဲ့တဲ့ အဖိုးအိုကတော့ See more …

သူခိုးရယ်… မင်းကတော့ အဆင်ပြေသွားပေမဲ့… အဖိုးက ဆိုက်ကားနင်းပါတယ်….. နှစ်ပေါင်း (၄၀)ကျော်ပါပြီ ဆိုက်ကားနင်းလာတာ အုံနာကို တရက် (၇၀၀)ကျပ် ပေးပြီ နင်းတာပါတဲ့ နေ့လည်ခင်း တခုမှာ… ဆိုက်ကားနင်းရတာလဲ ပါးနေချိန်… ဈေးကို ပို့ပေးဖို့ ဆိုက်ကားလာငှါးတယ် လူပါးတော့…ပါဆင်ဂျာရတော့ ပျော်တာပေါ့…အဖိုး ပိုက်ဆံရတော့မယ်ဆိုတဲ့ စိတ်နဲ့ လိုက်သွားတယ် ဈေးရောက်တော့…ကွမ်းဝယ်ပေးပါဆိုပြီ အဖိုးကို ဝယ်ခိုင်းတော့…

ရိုးသား ကူညီချင်တဲ့ အဖိုး… ဆိုက်ကားလေး ဘေးချပြီ ကွမ်းလေး သွားဝယ်ပေးရှာတယ်(သူပြောတဲ့ဆိုင်မှာပေါ့) ပြန်ရောက်တော့ ဆိုက်ကားမရှိတော့ဘူး…ထူပူပြီ လိုက်ရှာတယ်… မတွေ့ဘူး… ညမိုးချုပ်တဲ့ထိ ရှာပေမဲ့ မတွေ့တဲ့ အဆုံး အိမ်ပြန်လာခဲ့ရတယ် အုံနာစီ အကျိုးကြောင်းပြောပြပေမဲ့…

သူများဆိုက်ကားဆိုတော့ ပြန်လျော်ပေးရမယ်တဲ့ (ဆိုက်ကား တန်ဖိုး (၄)သိန်းး (၅)သိန်း လောက်ရှိတယ်တဲ့) နောက်နေ့ကစပြီ… အဲ့စိတ်နဲ့ အိပ်ယာထဲ လှဲသွားရှာတယ် နေတာက ကျူးတဲမှာ မီးတောင်မရှိဘူး… မီးအိမ်လေးနဲ့ နေရတာ… စိတ်ဓာတ်တွေကျပြီ နေမကောင်းဖြစ်သွားတာ…

ကံကောင်းလို့ မသေတာတဲ့ (အဖွား ပြောပြတာပါ) ကျနော့်ဆီ အကူညီတောင်းတဲ့ စာလေး တွေ့မိတော့… အိမ်လိုက်သွားတော့… အရင်က ကျနော် လှူပေးနေကြ အဖိုးဖြစ်နေတယ် အဖိုး ဘာမှ စိတ်ဓာတ်မကျပါနဲ့… အဆင်ပြေသွားမှာပါ… မနက်ကျ သားတို့ အုံနာစီ သွားကြမယ်လေနော်…

အဆင်ပြေအောင် သားတို့ ကူညီပေးမှာပေါ့ အဓိက စိတ်ပဲ အဖိုး… အဖိုးက သန်မာ ကျန်းမာပါတယ်… ဘာမှ မဖြစ်နဲ့နော် ဆိုက်ကားလဲ ပြန်ရမှာ သားရယ်… အဖိုး ဆိုက်ကားပဲ နင်းချင်တာ… ဆိုက်ကား မနင်းရတော့ အဖိုး နေမကောင်းဖြစ်တာ… ဒူးတွေကအစ နာနေတယ်… အဖိုး စိတ်ဓာတ်အရမ်းကျတာပဲ

ဘာမှမဖြစ်ဘူး အဖိုး… မနက်ကျ အဆင်ပြေသွားမှာနော်… စိတ်ချ ဒီည စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်နော် အဖိုးမှာ ဝမ်းသာပြီ ပျော်လွန်းလို့ ကျနော်တို့ ကား ရပ်တဲ့နေရာထိ ဓာတ်မီးလေးနဲ့ လိုက်ပို့ရှာတယ် •အော… ခိုးသူကတော့ အဆင်ပြေသွားပေမဲ့… ကျန်ခဲ့တဲ့သူမှာတော့… မသေရုံတမယ်ပါလား…

*** ပို့စ်အား Copy & Paste မလုပ်ခြင်းဖြင့် ကူညီပေးကြပါ… ပြဿနာတွေ ရှင်းရလွန်းလို့ပါ လူနာတင်ယာဉ် အကူညီလိုအပ်ပါက… ကိုပူတူးနှင့်ဘော်ဒါများ ☎️ – 095408437

(Visited 3 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*