ယုန်လေးနဲ့အတူ အလှူလုပ်ခဲ့တယ်လို့ ဖော်ပြခံရတာကြောင့် စိတ်ဆိုးနေကြတဲ့ ပရိတ်သတ်တွေကို ရှင်းပြလာတဲ့ အဆိုတော် နေဝင်း …

ယုန်လေးနဲ့အတူ အလှူလုပ်ခဲ့တယ်လို့ ဖော်ပြခံရတာကြောင့် စိတ်ဆိုးနေကြတဲ့ ပရိတ်သတ်တွေကို ရှင်းပြလာတဲ့ အဆိုတော် နေဝင်း …

Snare အဖွဲ့က အဆိုတော် နေဝင်းကတော့ သီချင်းတွေထဲမှာ အမိုက်စားစာသားတွေကို သီဆိုလေ့ရှိပေမယ့် သူ့ရဲ့အပြင်ပန်းကပုံစံကတော့ အနေအထိုင်အေးဆေးသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေဝင်းက ပြည်သူတွေ Boycott ခံထားရတဲ့ အဆိုတော် ယုန်လေးက ငွေ သိန်း (၂၉၀) မတည်ပြီး ပြုလုပ်မယ့်အလှူမှာ ငွေကျပ် (၂) သိန်း ပါဝင်လှူဒါန်းခဲ့တယ်လို့ ဖော်ပြခံရတာကြောင့် ပရိသတ်တွေက စိတ်ဆိုးနေကြပြီး နေဝင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။

နေဝင်းက “အလှူစာရင်းမှာ ကျွန်တော့်နံမည် ပါနေလို့ ကျွန်တော်မလှူထားပါဘူးခင်ဗျာ… ဘာလို့ နံမည်ပါလဲတော့ ကျွန်တော်မသိပါဘူး … ကာယကံရှင်က ဖျက်ပေးပေမယ့် SS တွေနဲ့ ရေးတင်ကျ share ကျ ပြီးတော့ record ကျန်ခဲ့တာရယ်ကြောင့် အမှန်ထင်သွားမှာစိုးလို့ ပြောပြရခြင်းဖြစ်ပါတယ်….

ကျွန်တော့်နံမည်ပါလာလို့ ကျွန်တော့်ပရိတ်သတ်တွေကို ကျွန်တော်ရှင်းပြတာပါ ကျန်တဲ့လူတွေတော့ ကျွန်တော်မသိပါဘူး …” ဆိုပြီး အမှန်တရားကို ဖွင့်ဟလာခဲ့ပါတယ်။နေဝင်းကတော့ သူ့အနေနဲ့ အမှားကိုအမှန်ထင်သွားမှာစိုးတဲ့အတွက်

ပရိသတ်တွေကို သူ့အနေနဲ့ ယုန်လေးနဲ့ အတူတူ အလှူမလုပ်ခဲ့ကြောင်း ပြောလာတာပဲဖြစ်ပါတယ်။ ယုန်လေးကလည်း နေဝင်းအနေနဲ့ မလှူခဲ့တာကို ဘာအတွက်နာမည်တပ်ပြီး ငွေ(၂)သိန်းလှူဒါန်းတယ်လို့ ဖော်ပြခဲ့လည်းဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

(Visited 139 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*