ကမ္ဘာ့အချောဆုံး အမျိုးသားပြိုင်ပွဲ ဆန်ကာစာရင်းမှာ အုပ်စိုးခန့်အစား ဒေါင်းကိုထည့်ပေးဖို့ တောင်းဆို …

ကမ္ဘာ့အချောဆုံး အမျိုးသားပြိုင်ပွဲ ဆန်ကာစာရင်းမှာ အုပ်စိုးခန့်အစား ဒေါင်းကိုထည့်ပေးဖို့ တောင်းဆို …

လက်ရှိနွေဦးတော်လှန်ရေးမှာ သရုပ်ဆောင် ဒေါင်းကတော့ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း အတူရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အရေးတော်ပုံအတွက် တစ်ဖက်တစ်လမ်းကနေ အမြဲတမ်းကူညီပေးနေတဲ့ ဒေါင်းဟာရံပုံငွေတွေများစွာကိုလည်း ရှာဖွေပေးခဲ့သလို တော်လှန်ရေးအတွက် အလုပ်တွေဆက်တိုက်လုပ်ကိုင်နေခဲ့တဲ့ ဒေါင်းဟာ ပရိသတ်တွေ လေးစားရတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။

အဲ့ဒီအတွက် ပရိသတ်တွေဟာ (၂၀၂၂) ခုနှစ်အတွက် စတင်ပြီးဆန်ကာတင်စာရင်းတွေထုတ်ပြန်နေပြီဖြစ်တဲ့ TC Candler ကိုမြန်မာမင်းသားဒေါင်းကိုပါ ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပရိသတ်တွေက ရုပ်ရည်အရာမှာရော စိတ်ဓာတ်အပိုင်းမှာပါ အပြစ်ပြောဖွယ်မရှိတဲ့ ဒေါင်းအတွက်

TC Candler က ရွေးချယ်ထားတဲ့ အုပ်စိုးခန့်ရဲ့ ပုံအောက်မှာ အုပ်စိုးခန့်အစား ဒေါင်းကိုသာရွေးချယ်သင့်တယ်ဆိုပြီးကောမန့်ပေးကာ ဝိုင်းဝန်းတောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် ပိုင်တံခွန်ဟာ

TC Candler ရဲ့ ကမ္ဘာ့အချောမောဆုံး နံပတ် (၁) အမျိုးသားအဖြစ် ရွေးချယ်ခံခဲ့ရသလို ယခု (၂၀၂၂) ခုနှစ်မှာတော့ ဆန်ကာတင်စာရင်းမှာ အုပ်စိုးခန့်ကို ထည့်သွင်းပေးထားခဲ့ပြီပဲဖြစ်ပါတယ်။

(Visited 129 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*