သောင်းကျန်းလွန်းတဲ့ ခါးပိုက်နှိက်တွေကြောင့် လစာထုတ်ရက်မှာ လစာကို လုံခြုံစွာနဲ့ အိမ်ပြန်ပါအောင် ပိုက်ဆံသိမ်းနည်း …

သောင်းကျန်းလွန်းတဲ့ ခါးပိုက်နှိက်တွေကြောင့် လစာထုတ်ရက်မှာ လစာကို လုံခြုံစွာနဲ့ အိမ်ပြန်ပါအောင် ပိုက်ဆံသိမ်းနည်း …

လစာထုတ်ရက် Pay Day ရောက်ပြီဆိုတော့ လစာတွေ အိမ်ပြန်မပါသွားတာမျိုး မဖြစ်အောင် Suggest လာလုပ်တာပါ (သိတဲ့သူတွေ ကျော်သွားကြပါ) ကျနော့်ကိုလည်း အသိတစ်ယောက်ပြောပြတာပါ.. ကျနော်လည်း လက်ရှိလုပ်နေတာပါ.. it’s very work.ပုံမှန်ဆိုရင်ကျနော်တို့က ပိုက်ဆံကို လွယ်အိပ်၊ ဘေးလွယ်အိတ်.. etc ပေါ့.. အဲ့တာတွေထဲ ထည့်လေ့ရှိတယ်.. ဘောင်းဘီအိတ်ကပ်လည်း ထည့်ကြတာပါပဲ.. Pay Day ကျတော့ ပိုက်ဆံကအထပ်လိုက်လေး စာအိတ်လေးတောင်ပါသေးတယ်..

တစ်ချို့ကတော့ သရေကွင်း or စက္ကူပတ်ပေါ့.. ခါးတွေကလည်း ဒီလိုနေ့မျိုးဆို ရှယ်ကြိုက်တာ.. ဘာလို့လည်းဆိုတော့ အပေါ်မာပြောခဲ့သလို ပိုက်ဆံလေးကအထပ်လိုက်လေးဆိုတော့ အိတ်ကိုဖြဲပြီးရင် စမ်းရတာလွယ်တာကိုး (မယုံရင်ကို့ဘာသာ ပြန်စမ်းကြည့်ကြ).. အဲ့တော့ အသာလေးယူသွားလို့ရတယ်..

တစ်ရွက်ချင်းဆိုရင် ခါးပိုက်နှိုက်အလုပ်ရှပ်မှာဆိုးလို့ Service ပေးထားသလား မှတ်ရတယ်.. ဆိုတော့ကာ ခါးတွေ သိပ်မတွေးမိတဲ့နေရာ တွေးမိရင်တောင် ဓားနဲ့ခွဲလို့မရတဲ့နေရာ‌လေးတစ်ခုက ” ထမင်းချိုင့်ပါ ” စတီးထမင်းချိုင့်ပေါ့နော်.. မိမိဘာသာ ပိုက်ဆံဘယ်လောက်များများထုတ်ခဲ့ထုတ်ခဲ့.. ၃ ဆင့်ချိုင့်ဆို ၅ သိန်း ၆ သိန်းလောက် အေးဆေးအောင်းထားလို့ရတယ်.. ထမင်းချိုင့်တိုင်းကို လိုက်ကြည့်ရအောင်လည်း ခါးပိုက်နှိုက်ရဲ့မျက်လုံးမှာ “အက်ထရာစောင်း” မပါဘူး။ ပါခဲ့ရင်တောင် ” မင်းခွဲစမ်းယူစမ်း ရော့အင့်အင့် ” ဆိုပြီးနေလို့ရတယ်.. ကိုယ့်ဘာကိုထုတ်ကြည့်ပြီးတော့မှ ခါးတွေကမြင်သွားလို့ ဓားထောက်လုခံရရင်တော့ ခံပေါ့။

ကော်ဘူးကတော့ မစမ်းဖူးဘူး.. လှည့်ဖွင့်ရတဲ့အဝိုင်းလေးတွေဆို ရလောက်မယ်။အဲ့တာတောင်မှ အိပ်ငိုက်နေပြီး ထမင်းချိုင့်ကျန်ခဲ့တာမျိုးဖြစ်ရင်တော့ chat box လာခဲ့ပေးပါ.. ကြည်ညိုလွန်းလို့ video call ခေါ်ပြီး ရှိခိုးမလို့.. စတီးထမင်းချိုင့်မှ Saved Your Money အကြံလာပေးရုံပါပဲ.. ဆရာကြီးမဟုတ်တဲ့ တပည့်လေးပါ.. (Tushio Michiko)

(Visited 639 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*