ထူးထူးခြားခြားအိပ်မက်တွေပေး မင်းသွေး ပြန်ဝင်စားတယ်ဆိုပြီး လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကလေးလေး …

ထူးထူးခြားခြားအိပ်မက်တွေပေး မင်းသွေး ပြန်ဝင်စားတယ်ဆိုပြီး လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကလေးလေး …

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသွေး လူပြန်ဝင်စားတယ် ဆိုပြီး လိုင်းပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်ကာ နာမည်ကြီးနေတဲ့ယ်ကလေးလေး ရုပ်ရှင်သရုပ်ဆောင် မင်သားတစ်ဉီးလည်း ဖြစ်သလို အဆိုတော်တစ်ဉီးလည်း ဖြစ်တဲ့ မင်းသွေးဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ဘောလုံးကန်ရင်း အမော ဖောက်ရာမှ လဲကျခဲ့ပြီး ပါရမီ ဆေးရုံ သို့ အရေးပေါ် ပို့ဆောင်ခဲ့ ကြပေမယ့် အသက်မမီခဲ့ဘဲ ရုတ်တရက် ကွယ်လွန်သွား ခဲ့ပါတယ်။ ဆုံးပါးချိန်မှာ မင်းသွေးဟာ အသက် ၃၃နှစ်သာ ရှိသေးတာဖြစ်ပြီး အနုပညာအလုပ်ဆွေ အရှိန်အဟုန်မြှင့်ပြီး ကြိုးစားနေစဉ်

အရွယ်ကောင်းမှာပဲ ကွယ်လွန်သွားခဲ့တဲ့အပေါ် မိသားစုဝင်များအပြင် ပရိသတ်များနှင့် အနုပညာရှင်များဟာလည်း အထူးပင် ဝမ်းနည်းကြေကွဲခဲ့ ကြရပါတယ်။ မင်းသွေးဟာ နိုင်ငံကျော်သရုပ်ဆောင် မင်းသားကြီး နေတိုးရဲ့ ညီဖြစ်သလို သူကိုယ်တိုင်ကလည်း အစ်ကိုဖြစ်သူနေတိုးရဲ့ လွှမ်းမိုးမှု မပါဘဲနဲ့ ကိုယ်တိုင်အရည်အချင်းနဲ့ အနုပညာလောကကို ထိုးဖောက်ကာ နာမည်ရလာခဲ့သူ ဖြစ်ပါတယ်နော်။ အခုတစ်ခါမှာတော့ မင်းသွေးတစ်ယောက် လူပြန်ဝင်စားပြီ ဆိုတဲ့ သတင်းများဟာ ခိုင်ခိုင်မာမာ ထွက်ပေါ်လို့ လာနေတဲ့အတွက် ပရိသတ်ကြီးအား ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ဖေ့ဘုတ်စ် လူမှုကွန်ရက်ပေါ်မှာ “အရှင်နာရဒ” အကောင့်မှ အခုလို ဖော်ပြထားပြီး ပရိသတ်ပြည်သူတွေကလည်း သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို မှတ်ချက် အမျိုးမျိုး ပေးထားကြပါတယ်။ဖတ်ရှု့အားပေး နေကြသော ပရိသတ်ကြီးကလည်း ဆရာတော်ရဲ့ပြောကြားချက်ကို ဖတ်ရှု့ပြီး မိမိတို့ရဲ့ ထင်မြင်ယူဆချက် မှတ်ချက်လေးတွေ ပေးသွားကြပါဦးနော်။“‘ယောက်ျား ညက အိပ်မက် ထူးခြားတယ်သိလား ‘ဘာတွေမက်လို့လဲ နန်း ထီဂဏန်းလား ? “ဟုတ်ပါဘူး ဆုံးသွားတဲ့ ဟိုမင်းသား မင်းသွေးလေ သူ့ကိုမက်တာ၊အိပ်မက်ထဲ သူနဲ့တွေ့ပြီး စကားပြောရတယ်” ‘ဘာတွေပြော’ “သူ ကျမရှေ့မှာ လာထိုင်နေတယ် မျက်နှာလည်း မသာမယာနဲ့ ဟဲ့နင် မင်းသွေးမဟုတ်လား လို့ မေးလိုက်တယ်

ဟုတ်တယ်အမတဲ့ ဟင် နင်က သေပြီးပြိလေ ဘာလို့ ဒီမှာ လာထိုင်နေတာလဲ? “ကျနော် အမတို့နဲ့ လာနေချင်လို့ပါ” ဟဲ့နင်က သေပြီးပြိ ငါတို့နဲ့ ဘယ်လိုနေလို့ ဖြစ်မလဲ”ကျမအဲလို ပြန်ပြောပြီး အိပ်မက်က ဟိုရောက်ဒီရောက် ဖြစ်သွားတယ်။ “နန်းရယ် နင် ဖေ့ဘုတ်စ်တွေ ဖတ်ပြီး သူ့ကို စိတ်စွဲလို့ ဖြစ်ပါလိမ့်မယ်” “သူဆုံးတာ နှစ်လကျော် နေပြီလေ သူ့သတင်းတွေလည်း ဖေ့ဘုက်မှာ မတက်လာတော့ပါဘူး ကျမလည်း သူ့သတင်းတွေ မေ့မေ့ပျောက်ပျောက်ဖြစ်နေပါပြီ စိတ်စွဲလမ်းတာတော့ မဖြစ်ဘူး ယောက်ျားရဲ့” “ဒါဆိုလည်း နန်း ဘုရားရှိခိုးပြီး သူ့ကိုအမျှဝေပေးလိုက်ပေါ့ ပြီးရင် နင် ငါတို့ဆီ တကယ် လာနေချင်တယ်ဆိုရင် သုံးခါတိတိ အိပ်မက်ပေးပါလို့ ပြောထားလိုက် ပြီးရင်စောင့်ကြည့်ကြတာပေါ့”။

အဲဒီညမှာပါပဲ မနေ့က ပုံစံအတိုင်း တထေရာတည်း ပုံစံတူ အိပ်မက်မျိုး ပြန်မက်လာတယ်။မနက်မိုးလင်း ယောက်ျားကို ပြောပြတော့ နင်လာမယ်ဆိုရင် အမှတ်အသား တခုခု လုပ်လာလို့ပြောထားလိုက်လို့ ယောက်ျားဖြစ်သူ အကြံပေးလိုက်သည်။မောင်နှမ သုံးယောက် မိသားစု နှစ်စု စက်ရုံအလုပ်ရုံနဲ့ နီးတဲ့ ဆိပ်ငြိမ်ရပ်ကွက်လေး တခုက လုံးချင်းအိမ်လေးတလုံးမှာ စုပေါင်းငှါးနေကြသည်။ အိမ်ထောင်သည်တွေလည်းဖြစ် မောင်နှမများလည်း ဖြစ်ကြတော့ သင့်သင့်မြတ်မြတ် ရှိကြသည်။ အသောက်အစား မရှိကြ၊ အားလုံး အလုပ်က ပြန်ရောက် ညစာစားပြီး လူတိုင်း ဘုရားကန်တော့ပြီးမှ အိပ်ရာဝင်ကြသည်။

အိမ်ဦးခန်းမှာဘုရားခန်းကိုလည်း သီးသီးသန့်သန့် သပ်သပ်ရပ်ရပ် ပူဇော်ထားသည်။ မနက်လင်းတော့ ယောက်ျားဖြစ်သူ စမေးလာသည်“ညက ထူးခြားသေးလားနန်း” “ထူးခြားတယ် ယောက်ျား အရင်က ညတွေက ပုံစံအတိုင်းပဲ ယောက်ျားပြောသလို သူပြောသွားတယ်အမ ကျနော်လာမယ်နော်၊ ကျနော့် ဘယ်ဘက် ခြေထောက်မှာအမှတ်အသား ပေးထားပြိးပြီ။ အင်းလေ ဒါဆိုလည်း လာပေါ့လို့ ပြောပြိး ပျောက်သွားတယ်။ “သတ္တဝါတခု ကံတခုပေါ့ နန်းရယ် သူလာချင်နေတာ တို့ တားလို့ ရတာလဲ မဟုတ်၊ တို့နဲ့ ကံစပ်ရင် သူရောက်လာချင် ရောက်လာမှာပေါ့”။နန်းတို့ အိမ်ထောင်ကျပြီး ၇ လအကြာမှာ အထက်ပါ အဖြစ်အပျက်များ ဖြစ်လာခဲ့သည်။

နန်းနဲ့ မင်းသွေး နေတိုး တို့ဆိုတဲ့ နိုင်ငံကျော်မင်းသားတွေနဲ့ ဘယ်လိုမှ မပတ်သက်ခဲ့ဘူးနန်းက သာမန် ဆင်းရဲသူ၊ အများနည်းတူ မလေးရှားသွား အလုပ်လုပ်ရင်း သူနဲ့ အကြောင်းပါလို့ နောက်တခေါက် မလေးရှားပြန်ပြီသူနဲ့ အိမ်ထောင်ပြုဖြစ်တယ်။ သူ့နာမည်က ကိုအောင်ကျော်ဇော၊ ကိုအောင်နဲ့ အကြောင်းပါပြီး သူ့အလုပ်မှာပဲ လိုက်နေရင်း လင်မယားနှစ်ယောက်လုံး သူတို့အလုပ်မှာပဲ အတူလုပ်ကြတာ။တရက် နန်းနေမကောင်းလို့ ဆေးခန်းသွားပြတော့ နန်းမှာ တလသား ကိုယ်ဝန်လွယ် ထားရပြီဆိုတာ သိခဲ့ရတယ်။

ဒီလို အိပ်မက်တွေ မက်ရလောက်အောင်မင်းသွေးတို့နဲ့ နန်းတို့ ဘာဆိုဘာမှ မပတ်သက်ခဲ့ဘူး စကားလည်း မပြောဘူး တယောက်ကို တယောက်လည်း မတွေ့ခဲ့ဖူးဘူး။ တခုတော့ ရှိတယ် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဇလပ်ပြင်ရွာငယ်လေးမှာ အတူတူ လူဖြစ်ခဲ့ကြတာပဲ ရှိတာ။ အိပ်မက်က သုံးခါတိတိမက်ရုံနဲ့ မပြီးသေးဘူးနောက်တရက် ဆက်မက်ခဲ့သေးတယ်။ အိပ်မက်ထဲ ရွာမှာ လျှောက်သွားနေတုန်း အဒေါ်ကြီးအရွယ် အမျိုးသမီးကြီးတယောက်နဲ့ လမ်းမှာဆုံးကြရင်း “ဟဲ့ သမီး ဒီနေ့ မင်းသွေး တလပြည့်ဆွမ်းတရားနာတာ ညဉ်းမသွားဘူးလား” “ကျမ ဘာလို့သွားရမှာလဲ ကျမနဲ့လဲ မပတ်သက်ဘူး၊ ကျမကိုလည်း မဖိတ်ပါဘူး”လို့ ပြန်ပြောလိုက်တော့အဲလို ဘယ်ဟုတ်မလဲ တရွာတည်းသားဆိုတာ ဖိတ်ဖိတ် မဖိတ်ဖိတ် သွားရတယ် ဆိုမှ

“အော်ဟုတ် ကျမ သွားလိုက်ပါ့မယ် အန်တီ”လို့ ပြောပြီး မင်းသွေးတို့ အိမ်ရောက်သွားတယ်။ကျမရောက်သွားချိန်မှာ အမျှဝေနေပြီ ကျမလည်း နောက်နား ဝင်ထိုင်ရင်း သာဓုခေါ်ပြီးပြန်ခဲ့တယ်။” ပရိတ်တရားနာပြီး မင်းသွေးဝင်စားတယ်လို့ ထင်ရတဲ့ ကလေးအမေ ကိုယ်တိုင်က ဒီကလေးလေးရဲ့ ကိုယ်ဝန်လွယ်ထားချိန်က ထူးခြားတဲ့ အိပ်မက်အကြောင်းတွေကို ကိုယ်တိုင်ပြောပြလာလို့ အလျင်းသင့်သလို ပြန်လည် စာစီလိုက်မိသည်။ “ဒါနဲ့ သမီး သူအမှတ်အသား ပေးခဲ့တယ် ဆိုတာကရော” “တင်ပါ သူ့ဘယ်ဘက်ခြေထောက် ပေါင်လည်မှာဘုရား၊ မွေးခါစကတော့အတော် ထင်ထင်ရှားပါဘုရား၊ အခု ငါးလသားမှာ နည်းနည်း အရောင် မှိန်လာနေတယ် ဘုရား” တဲ့ဒါနဲ့ ကလေးပေါင်လေးကို လှန်ကြည့်မိတော့ အမှတ် မဲမဲရောင်လေးကို တွေ့ခဲ့ရသည်။

ကံ ကံရဲ့ အကျိုးတရားကို ယုံကြည့်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက် လူဝင်စားကိစ္စ ဆိုတာ အဆန်းတကြယ်တော့ မဟုတ် ၊သံသရာဆိုတာနဲ့တွဲဖက်ပြီးလူဝင်စား ဆိုတာ ယုံကြည့်လက်ခံပြီးသား တခုပဲ၊ တကယ်မင်းသွေး ဟုတ်မဟုတ်ဆိုတာတော့ ဒီကလေးလေး စကားပြောတတ်ခါစအရွယ်မှာ စောင့်ကြည့်ပြီး သူ့ဘဝနောက်ကြောင်းတွေ တစွန်းတစ ပြန်ပြောပြလာနိုင်တယ်ဆိုရင်။ ကလေးမိဘများ နှင့် မလေးရှားမှာ ရင်းနှီးကျွမ်းဝင်တာ ကြာပေမယ့် အိမ်ထောင်ကျပြီး ကတည်းက မတွေ့တာကြာလို့ သူတို့နေတဲ့ အိမ်ထဲ အလည်သွား တွေ့မိတယ်။

သားလေးတယောက် ဖွါးမြင်ကြောင်း ကိုယ်ဝန်လွယ်ပြီး တလလောက်မှာ ယခုလို အိပ်မက်တွေပေးကြောင်း ပြောပြလာတယ်။ ဦးဇင်းရောက်သခိုက် ပတ်ဝန်ကျင်က မြန်မာများလည်း သံဃာကြွလာတယ်ဆိုတော့တရားနာလိုကြောင်း တောင်းဆိုလို့ သီလပေး တရားပေး တရားဆွေးနွေးပေးရတာ အချိန် ၂ နာရီကျော်ကြာသွားခဲ့တယ်။ စေ့စေ့စပ်စပ် ကလေးနဲ့ ပတ်သက်ပြီး မမေးမြန်းမိခဲ့ မင်းသွေးဆိုတာ ဆုံးပါးသွားမှ မင်းသား နေတိုးညီသူလည်း ရုပ်ရှင်မင်းသားဆိုတာ သိခဲ့တာ။ သူဆုံးတဲ့ ရက်နေ့လတွေ အမှတ်တမဲ့သာ ဒီပိုစ့်ကို ရေးမိလိုက်တော့ထောက်ပြ ဝေဘန်လာတာတွေ တွေ့မှ ဟုတ်သားပဲလို့ သတိထားမိလိုက်တယ်။ အဘိဓမ္မာ သဘောတရားအရသဘာဝနိယာမအရ ရက်နဲ့ တွက်ကြည့်ရင် မဖြစ်နိုင်တာတွေ့ရလို့ကလေးမိဘများကို ကလေးအသက်ကို ပြန်လည်မေးကြည့်မိမှ ရက်လ တွေ သိပ်ကွာဟတာ မတွေ့ရ။

ဖြစ်မယ်ဆိုလည်း ဖြစ်နိုင်ချေရှိသလို ဖြစ်ကောင်းမှလဲ ဖြစ်ပါလိမ့်မယ်။ကလေးမိဘများဘက်က တကယ့်ကို ရိုးရိုးသားသား ဘာရည်ရွယ်ချက်မှ မရှိ ထူးခြားလို့ ဦးဇင်းကို တိုင်ပင်ပြောပြရုံသက်သက်သာ ဦးဇင်းဘက်ကလည်း မင်းသွေးတို့ အမျိုးအဆွေတွေ အနေဲ့ သူ လူပြန်ဖြစ်နိုင်တယ် ဆိုတာ ကောင်းသတင်းမို့ ရိုးရိုးသားသား ရေးလိုက်မိခြင်းသာ ဖြစ်၏။ ကွန်မန့်မှာ ဆဲဆူခြင်း မတရားစွပ်စွဲခြင်းများက ကလေးမိဘများအတွက် နစ်နာစေတဲ့အတွက် ပြောစရာရှိရင် ဦးဇင်းဆီသာ တိုက်ရိုက် ဆက်သွယ်၊ ဆဲလိုကဆဲ ပြောလိုက ပြောနိုင်ကြောင်းအသိပေး အပ်ပါသည်။အရှင်နာရဒ

(Visited 1,044 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*