အုပ်စုလိုက် တောင်းရမ်းနေသူတွေ နေရာအနှံ့အပြားမှာ အရင်ကထက် ပိုမိုများပြားလာ …

အုပ်စုလိုက် တောင်းရမ်းနေသူတွေ နေရာအနှံ့အပြားမှာ အရင်ကထက် ပိုမိုများပြားလာ …

စားဝတ်နေရေး အခက်အခဲကြုံနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့နေရာ အနှံ့အပြားမှာ အထုတ်အပိုးတွေကိုင်ပြီး အုပ်စုလိုက် တောင်းရမ်းနေသူတွေ အရင်ကထက် ပိုမိုများပြားနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဒီလိုအုပ်စုဖွဲ့တောင်းရမ်းမူတွေမှာ အမျိုးသားကြီးတွေပါဝင်ပြီး စားဝတ်နေရေးအဆင်မပြေလို့၊ အလုပ်တွေရပ်နားထားရလို့ နယ်ပြန်စားရိတ်မရှိလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မြို့စွန်ရပ်ကွက်ထဲက လမ်းတွေအထိ တောင်းရမ်းတာတွေလုပ်နေတယ်လို့ ရန်ကုန်မြို့နေသူအချို့က ပြောကြပါတယ်။

“အရင်ကဆို အမျိုးသမီးနဲ့ ကလေးတွဲရက် ဒါမှမဟုတ် ကလေးနှစ်ယောက်သုံးယောက် အဖိုးအဖွား အဲ့လိုပဲတွေ့တာ။ အခုက သန်သန်မာမာယောက်ကျားကြီးတွေ လမ်းထဲမှာ ထိုင်ကန်တော့ပြီးတော့ကို တောင်းနေတာ။ တစ်ရက်ကို သုံးဖွဲ့လောက်လာတယ်။ အထုတ်အပိုးတွေနဲ့ မြင်နေရတာစိတ်ထဲမကောင်းဘူး။ သတိတော့ထားရတာပေါ့။

အုပ်စုလိုက်ဆိုတော့ သတိတော့ထားနေရတယ်”လို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အရင်က ရန်ကုန်မြို့လည်ဆူးလေလမ်းမအနီးနဲ့ အောင်ဆန်းကွင်းလိုနေရာနဲ့ ဘူတာကြီးလိုနေရာမျိုးမှာ အိမ်ပြန်ဖို့ လမ်းစားရိတ်မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့တောင်းရမ်းမူတွေရှိခဲ့ဖူးပါတယ်။

” ခုကဘယ်နားကြည့်ကြည့် အုပ်စုလိုက်တောင်းနေကြတာ။ စားဝတ်နေရေးကြပ်တည်းတာ အကြောင်းပြ ပြီးတိုက်ခန်းအမြင့်ထိတက်တောင်းတယ်”လို့ သာကေတမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာကုန်ဈေးနူန်းတွေအဆမတန်မြင့်တက်နေတာ၊ လုပ်ခတွေပုံမှန်မရတာတွေ စက်ရုံအလုပ်ရုံအချို့ပိတ်သိမ်းတာ၊

ဆောက်လုပ်ရေးလုပ်ငန်းအချို့ပစ်စည်းဈေးအဆမတန်မြင့်တက်နေလို့ လုပ်ငန်းတွေရပ်နားထားရတာကြောင့် အလုပ်လက်မဲ့ တွေများနေတယ်လို့ အခြေခံလူတန်းစားအချို့က ပြောပါတယ်။ ” အရင်ကကျွန်တော်တို့ယုဇနပလာဇာမှာကုန်ထမ်းတာ တစ်ရက် တစ်သောင်းအနည်းဆုံးရတယ်။

ခု ငါးထောင်ရအောင်မနည်းရှာနေရတာ။ ဆိုင်တွေပိတ်ထားရတာအများကြီးပဲဆိုတော့ အလုပ်မဖြစ်ဘူးလေ။ ရပ်ကွက်ထဲလဲအလုပ်မရှိသူတွေအများကြီးပဲ။ မနက်ဆိုအုပ်စုလိုက်ထွက်သွားကြတာတွေ့တယ် တစ်မိသားစုလုံး ဘာတွေလုပ်နေလဲတော့မသိ “လို့ယုဇနပလာဇာအနီးမှာ ကုန်ထမ်းသူအမျိုးသားတစ်ဦးကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်မှာ ကလေးလူကြီးအရွယ်စုံပါတဲ့ မိသားစုလိုက် သို့မဟုတ် အဖွဲ့လိုက် ငါးဦးကနေ ခုနှစ်ဦး ဝန်းကျင်ရှိတဲ့ တောင်းရမ်းသူတွေဟာ ရန်ကုန်မြို့လူစည်ကားရာနေရာတွေသာမက ရပ်ကွက်ထဲကနေအိမ်တွေအထိပါ တောင်းရမ်းမူတွေ ပြုလုပ်နေကြတာဖြစ်တယ်လို့ နေထိုင်သူတွေဆီကနေသိရပါတယ်။ Crd

(Visited 321 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*