ခန္တာကိုယ်အလေးချိန်အလိုက် ရေသောက်ခြင်းဖြင့် ဝိတ်ချပြီး ကျန်းမာအောင်လုပ်နည်း …

ခန္တာကိုယ်အလေးချိန်အလိုက် ရေသောက်ခြင်းဖြင့် ဝိတ်ချပြီး ကျန်းမာအောင်လုပ်နည်း …

ကိုယ်အလေးချိန်အလိုက် ရေကိုပြည့်မီအောင် သောက်ပေးရပါတယ်။ ကိုယ်အလေးချိန်ပေါင်၅၀ကို တစ်လီတာနှုန်းနဲ့သောက်ရပါတယ်။ ပေါင် ၁၅၀ဆို ၃လီတာ၊ ပေါင်၂၀၀ဆိုရင် ၄လီတာနေ့စဉ် သောက်ရမယ်ပေါ့။ ရာသီဥတုပူပြင်းမှုနဲ့ကိုယ်ကာယအား စိုက်ထုတ်ရသူတွေက အဲဒီထက်ပိုသောက် ပေးရပါတယ်။ ဒါမှသာ ကျန်းမာရေးကောင်းမှာ ဖြစ်ပါတယ်။ သို့သော်လည်း လူအများစုက အဲဒီဖေါ်မြူလာကိုမသိကြပါဘူး။ ဒါကြောင့် ရေဆာမှပဲ ရေသောက်ကြတယ်။ သောက်ရင်လည်း ပြည့်မီအောင်မသောက်ကြဘူး။

အချို့လူတွေဆိုရင် ကော်ဖီ၊လ္ဘက်ရည်လောက်ပဲသောက်ပြီး တင်းတိမ်တတ်ကြတယ်။ ရေကိုလုံလောက်အောင် မသောက်တော့ ကိုယ်တွင်းက အညစ်အကျေးအဆိပ်အ တောက်တွေ မထွက်တော့ဘဲ ရောဂါတွေဖြစ်လာပါတယ်။ ရေသောက်နည်းရင် သွေးပျစ်တယ်။ သွေးပျစ်တော့ သွေးထဲ မှာအချိုများပြီး ဆီးချိုဖြစ်တယ်၊ အဝလွန်တယ်။ အငန်များပြီးသွေးတိုးတယ်၊ နှလုံးရောဂါရတယ်။အဆီများပြီး နှလုံးသွေးကြောပိတ်တယ်။

အက်စစ်များပြီးကင်ဆာဖြစ်တယ်။ ရေသောက်နည်းတော့ ဝမ်းချုပ်တာအဆိုးဆုံးပဲ။ အဲဒီကနေ ရောဂါမျိုးစုံဖြစ်လာတော့တာပါပဲ။ နိုင်ငံခြားသားတွေကပြောတယ်၊ မင်းတို့မြန်မာတွေ ရောဂါသိပ်များတာပဲနော်တဲ့…ဟုတ်လည်းဟုတ်တယ်ဗျ။ရောဂါဖြစ်နေကြရတာ ဗဟုသုတအားနည်းလို့ဖြစ်တာအများဆုံးပါပဲ။ ဒါကြောင့်ရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်ဆိုတဲ့ ဗဟုသုတလေးကို တစ်သက်လုံး မှတ်ထားဖို့ကောင်းပါတယ်။

အများကိုလည်း မျှဝေရတာပေါ့။ ပေါင်၁၅၀ ရှိတဲ့လူတစ်ယောက်ဟာ တစ်နေ့ကို‌ ရေ၃လီတာ ပုံမှန်သောက်ပေးရမယ်။ အဲ့ထက်ပိုသောက်လည်းရတယ်။ ၃လီတာဆိုတာ၉ခွက်ပေါ့..မနက်အိပ်ယာထရင် ၃ခွက်သောက်ရမယ်။ အူလမ်းကြောင်းရှင်းတာ။ ရောဂါလည်းကင်းတယ်။ Breakfast နဲ့ Lunch ကြားမှာ၂ခွက်၊

Lunchနဲ့ Dinner ကြားမှာ၃ခွက်၊ မအိပ်ခင်မှာ တစ်ခွက်သောက်ရမယ်။ ကြားချိန်တွေမှာ ပိုသောက်လည်းရပါတယ်။ အထူးသဖြင့်ဆီးအိမ်နဲ့ ကျောက်ကပ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့ နေ့လယ်ပိုင်းမှာပိုင်းသောက်ပေးသင့်တယ်။ အားကစားလုပ်ရင်လည်းပိုသောက်ပေးရမယ်။ အဲဒါ သောက်သင့်တဲ့ဇယားပါပဲ။

အရင်တုန်းက ရေသောက်မမှန်လို့ ကျန်းမာရေးမကောင်းကြတဲ့သူတွေ အခုအခါမှာ ရေသောက်မှန်လာကြပြီး နေကောင်းကျန်းမာလာကြပြီဖြစ်တယ်။ ရေဟာဆေးတစ်ပါးပဲ ဗျ။ ဥပမာချွဲသလိပ်များပြီးချောင်းဆိုးတဲ့သူတွေဆေးမကူဘဲ ရေများများသောက်ပြီးချွဲသလိပ်တွေထွက်သွားကြတယ်၊ အစာအိမ်ရောဂါသည်တွေ မနက်ပိုင်းဂျပန်ရေသောက်နည်းနဲ့ ရောဂါ ပျောက်သွားကြတယ်၊

ကျောက်ကပ်ကျောက်တည်သူတွေရေနဲ့ပဲ ရောဂါပျောက်ကြတယ်၊ ဝမ်းချုပ်သူတွေ ရေသောက်မှန်တော့ ဝမ်းမချုပ်တော့ဘူး၊ လေထိုးလေအောင့်သမားတွေ ရေသောက်ပြီး ရောဂါပျောက်သွားကြတယ်၊ ခါးနာတဲ့သူ ရေသောက်ပြီးပျောက်သွားတယ်… စသည်ဖြင့်ပေါ့ တစ်နွယ်ငင်တစ်စင်ပါဆိုသလိုပါပဲ။ ရေပြည့်မီအောင်သောက်ပြီး ရောဂါတွေပျောက်ကင်းသက်သာနေကြတာ တွေ့ရလို့အင်မတန်ဝမ်းသာပါတယ်။

ရေသောက်ဆိုတော့သောက်ပါရဲ့၊ သို့သော် ကိုယ့်Body weightအတွက် တစ်နေ့တာပြည့်မီအောင် မသောက်ဖြစ်ကြဘူး။ ဒါကြောင့် အဲလိုမဖြစ်အောင်စနစ်တကျလုပ်ရမယ်။ ပေါင်၂၀၀ရှိတဲ့သူက တစ်နေ့တာအတွက် ၄လီတာကို မနက်ထဲက အဆင်သင့်ထားထားရမယ်။ ရေဘူးနဲ့ဖြစ်စေ တစ်ခါတည်းထည့်ပြီး စာပွဲပေါ်တင်ထားပေါ့။ ဒါမှမဟုတ် ပုံထဲကလိုဘူးမျိုးဝယ်ပြီး ထည့်ထားပေါ့။ အချိန်ဇယားအတိုင်းသာသောက်သွား။

ဗိုက်ဆာတာတွေ အချိုရည်သောက်ချင်စိတ်တွေလည်းလျော့ပါးသွားမယ်။ နောက်ပိုင်းရေသောက်ရတဲ့အလုပ်ကို သိပ်ကြိုက်သွားလိမ့်မယ်။ အဲဒါနဲ့အတူ ကျန်းမာရေးအဆင့်အတန်း ကလည်း မြင့်မြင့်လာလိမ့်မယ်။ ရောဂါဖြစ်နေတာတွေပျောက်သွားလိမ့်မယ်။ နေမကောင်းသူတွေပြန်ကောင်းလာမယ်။

ပေါ့ပါးလန်းဆန်းနေလိမ့်မယ်။ ရောဂါဖြစ်လို့ဆေးကုရရင် ပိုက်ဆံအားလုံးကုန်သွားလိမ့်မယ်။ ရေဟာကျနော်တို့အတွက် သဘာဝကပေးထား တဲ့ ဆေးဆိုတာကို သတိမမေ့ကြဖို့လိုပါတယ်။

(Visited 182 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*