ချစ်သူက တခုလပ်ဆိုပြီး ဝေဖန်နေကြတဲ့သူတွေကို ပြတ်သားစွာ ဒဲ့ပြောလာတဲ့ သရုပ်ဆောင် ခေးဆက်သွင်

ချစ်သူက တခုလပ်ဆိုပြီး ဝေဖန်နေကြတဲ့သူတွေကို ပြတ်သားစွာ ဒဲ့ပြောလာတဲ့ သရုပ်ဆောင် ခေးဆက်သွင်

ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ခေးဆက်သွင်ကတော့ မနေ့တစ်နေ့ကပဲ ချစ်သူရဲ့ လက်ထက်ခွင့်တောင်းခြင်းကို ခံရလိုက်ရတာပဲ ဖြစ်ပါတယ်။တစ်ချို့သူတွေဟာ ဂုဏ်ပြုမပေးသည့်အပြင် သူ့ရဲ့ချစ်သူဟာ တစ်ခုလပ်ဆိုပြီး ပြစ်တင်ဝေဖန်မှု့တွေကို ဒဲ့ရှင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ “ဟုတ်ကဲ့ ခေးချစ်သူက တခုလပ်ပါ လက်ရှိအိမ်ထောင်လည်း မရှိပါဘူးရှင့် ကွဲခဲ့တာကြာပါပြီ ဘာလို့ယူဖို့ ဆုံးဖြတ်လည်းဆိုတော့

ချစ်လို့ပါ ယောကျာ်းကောင်းပီသလို့ပါ နားလည်မှု တာဝန်ယူမှုရှိပြီး မဖောက်ပြန်လို့ပါ စDate ကတည်းက အားလုံး မကွယ်မဝှက် ပွင့်ပွင့်လ င်းလင်း ပြောပြထားပြီးသားပါ သူ့မိသားစုနဲ့လည်း ခဏခဏတွေ့ကြည့်ပြီး ရင်းနှီးပြီးသားပါ ပတ်ဝန်း ကျင်သူငယ်ချင်း မိတ်ဆွေကြားမှာလည်း မကောင်းသတင်း မကြားရတဲ့ မိသားစုပါ သူတို့ဆွေမျိုးတွေကြားမှာ ဖြစ်တဲ့

အိမ်တွင်းရေးပြဿနာနဲ့ အမှုအခင်းကိစ္စတွေက ခေး သိပြီးသားပါရှင့်။ ချစ်လို့ ခင်လို့ လာပြောပြကြတဲ့ စေတနာတွေကို နားလည်ပေမယ့် တချို့က အရှက်ခွဲချင်လို့ အားလုံးရှိတဲ့ ခေးရဲ့ post အောက်က public comment မှာ လာမန့်တာတွေ သတင်း media page အောက်မှာ ဝင်ရေးတဲ့ သူတွေကျတော့ ဘယ်လို နားလည်ရမှန်း မသိလို့ပါရှင်

တကယ်သိစေချင်လို့ ချစ်တဲ့ စိတ်ရှိသူတိုင်းက Cbက လာပြောကြပါတယ် ချစ်လို့ခင်လို့ စေတနာထားကြတာ ကျေးဇူးပါနော် တစ်စိတ်ကို တစ်အိတ်မဖြစ်စေချင်လို့ပါ ခေးအဆင်ပြေပါတယ်”ဆိုပြီး ပွင့်လင်းရိုးသားစွာ ပြောပြလာခဲ့ပါတယ်နော်။

(Visited 481 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*