ဖုန်းမှားခေါ်ဆိုမိရာကနေ ချစ်သူတွေဖြစ်ခဲ့ကြပြီး အပြင်ချိန်းတွေ့ရာမှ …see more

ဖုန်းမှားခေါ်ဆိုမိရာကနေ ချစ်သူတွေဖြစ်ခဲ့ကြပြီး အပြင်ချိန်းတွေ့ရာမှ …see more

ဖုန်းမှားခေါ်ဆိုမိရာကနေ ချစ်သူတွေဖြစ်ခဲ့ကြပြီး အပြင်ချိန်းတွေ့ရာမှ အသက်ပေးလိုက်ရတဲ့ ဘုတလင်မြို့နယ် ရွာသူလေးဖုန်းမှားခေါ်ဆိုမိရာကနေ ချစ်သူတွေဖြစ်ခဲ့ကြပြီး အပြင်ချိန်းတွေ့ရာမှ အသက်ပေးလိုက်ရတဲ့ ဘုတလင်မြို့နယ် ရွာသူလေးချင်းတွင်းမြစ်အနောက်ဖက်ကမ်း ယင်းမာပင်မြို့နယ် ရွှေတောင်ဦးဘုရားတောင်ခြေရေဆိပ်အဆင်းလမ်း ခြုံပုတ်တစ်ခုတွင်အမျိုးသမီးတစ်ဦးအား သ..တ်၍ ပစ္စည်းယူသွားသူအား ရှမ်းပြည်နယ် ကလောမြို့တွင်ဖမ်းမိခဲ့သည်

အသ .. တ်ခံရသူမှာ ဘုတလင်မြို့နယ် ကံသစ်ရွာမှ အမျိုးသမီးဖြစ်ပြီး ၎င်းသည် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ခတ္တိယရွာတွင်နေထိုင်သည့်အမျိုးသားနှင့် ဖုန်းViber မှတဆင့်ဖုန်းမှားခေါ်မိရာမှ ချစ်သူဖြစ်ခဲ့ကြောင်း ကျူးလွန်သူ အမျိုးသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

အမျိုးသမီးမှ ချိန်းဆိုသဖြင့် မုံရွာသို့ ယမန်နေ့က ရောက်လာပြီး တည်းခိုနေထိုင်ခဲ့ကြောင်း ၊နောက်တနေ့တွင် ရွှေတောင်ဦးဘုရား၌ ချိန်းဆိုပြီးအမျိုးသမီးဝတ်လာသော အပေါ်အင်္ကျီ ဖြင့်လည်ပင်းညှစ်သ .. တ်ကာ ဖုန်း၊ဆိုင်ကယ် နှင့် လက်ဝတ်ရတနာများ ယူဆောင်ကာ တည်းခိုခန်းသို့ ပြန်လာကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်

မုံရွာမြို့တည်းခိုခန်းတွင် ၂ရက် နေ၍ ရှမ်းပြည်နယ် ကလောမြို့သို့ ၂၀ ရက်တွင် ရောက်ကာ ၂၆ ရက်တွင် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။ ကလောရဲတပ်ဖွဲ့မှ ၎င်းအား ခိုးမှုမသင်္ကာဖြင့် စစ်ဆေးခဲ့ရာ မုံရွာမြို့က ထွက်ခွာလာသည့် ကားလက်မှတ်၊ ရွှေအပေါင်လက်မှတ်နှင့်ဖုန်း ၂ လုံးတို့အား တွေ့ရှိသဖြင့် မေးမြန်းရာမှ

ဖုန်းခိုးမှုများအပြင် လူသတ်မှုကျူးလွန်ခဲ့သည်ကို ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းကလောမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးက ပြောသည်။ ပြစ်မှုကျူးလွန်သည့် အဆိုပါအမျိုးသားအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်း သွားမည်ဖြစ်သည်။

(Visited 2,678 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*