တဖြေးဖြေး လူညွန့်တုန်းဖို့ နီးကပ်လာတဲ့ မြန်မာနိုင်ငံ…

တဖြေးဖြေး လူညွန့်တုန်းဖို့ နီးကပ်လာတဲ့ မြန်မာနိုင်ငံ…

မြန်မာနိုင်ငံက အသုံးပြုနေတဲ့ နို့စိမ်းဗူးတွေမှာ နွားနို့တစ်စက်မှ မပါဘူးတဲ့။ အများအားဖြင့် မသန့်ရှင်းတဲ့ စားအုန်းဆီ ကြိတ်ဖတ်တွေနဲ့အတူ ဓာတုဗေ ပစ္စည်းတွေနဲ့ လုပ်ထားတာလို့ သိရတယ်။ ထို့အတူ ကော်ဖီမစ် ဆိုတာကလည်း အုန်းမှုတ်ခွံ စားအုန်းဆီ ကြိတ်ဖတ်တွေနဲ့ လုပ်ထားတာဆိုပဲ။ ကော်ဖီမစ်နဲ့ နို့ဆီဆိုတာတွေက သာရေး နာရေး ပွဲတွေမှာ ကန်တော့ ပွဲထဲ အမြဲလိုလို ပါဝင်နေတဲ့ ပစ္စည်းတွေ ဖြစ်သလို သိမ်ဆင်းနဲ့ ဆွမ်းဆန် စိမ်း လောင်းပွဲတွေမှာလည်း တစ်ပါးကို တစ်ထုပ်နှုန်း စသည်ဖြင့် အလွယ်တကူ ဝယ်ယူ လောင်းလှူနေကြတဲ့ ပစ္စည်းတွေ ဖြစ်နေတယ်။

တချိန်တုန်းကတော့ ကိုယ်လည်း ကော်ဖီမစ် တစ်ထုပ်ကို နို့ဆီနဲ့ နေ့တိုင်း သောက်လေ့ရှိတယ်။ နောက်ပိုင်း ကျန်းမာရေးမှာ ထိခိုက်မှု ရှိလာလို့ မသောက်ဖြစ်တာ လေးငါးနှစ်လောက် ရှိပြီ။ ကောဖီမစ်အစား နက်စ် ကော်ဖီကိုပဲ သကြားနဲ့ သောက်ဖြစ်တော့ တယ်။ ဒါတောင် စစ်ပါ့မလား မသိနိုင်ဘူး။ သိမ်ဆင်းလောင်းပွဲနဲ့ ဆွမ်းဆန်စိမ်း လောင်းပွဲတွေကရလာတဲ့ ကော်ဖီမစ် မှန်သမျှ အသုံးမပြုပဲ ဒီအတိုင်း ပစ်ထားတယ်။လိုချင်တဲ့သူ ရှိရင်တော့ ပေးလိုက်တယ်။

မြန်မာ့ စားသောက်ကုန် မှန်သမျှက ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေချည်း ဖြစ်နေတော့ ကမ္ဘာပေါ်မှာကင်ဆာရောဂါနဲ့ သေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်နေတာ မဆန်းတော့ပါဘူး။ အရင်ကတော့ သံဃာအတော်များများ ကျန်းမာရေး ကောင်းကြတယ်။ အခု ငယ်ငယ်ရွယ်ရွယ်နဲ့ ပျံတော်မူတာတွေ ရောဂါဖြစ်ကြတာတွေ အတော် များလာနေတယ်။ ရောဂါကိုမမေးနဲ့ လူပဲဖြစ်ဖြစ် သာသနာ့ဝန်ထမ်းပဲ ဖြစ်ဖြစ် ကင်ဆာရောဂါက အများဆုံးပဲ။

အဓိကက အလွယ်တကူ လောင်းလှူရလွယ်တဲ့ ကော်ဖီမစ်တွေ အချိုရည်ဗူးတွေက အဆိုးဆုံးပါ။ သံဃာတွေအတွက် တကယ်အကျိုးပြုမယ့်ဟာကို လှူချင်ရင် ဆပ်ပြာခဲ/ မှုန့်၊ ဘရိတ်ဓား။ ဗလာစာအုပ် ဘော့ပင်။ ဖောင်တိန် စတာတွေကို လှူတာက အကောင်းဆုံးပါပဲ။ ကန်တော့ပွဲထဲ ထည့်ချင်ရင် နို့ဆီဗူးအစား သကြားထုပ်ကို ထည့်ပါ ။ ကော်ဖီမစ်အစား ကော်ဖီအစစ်ကို ထည့်ပါ။ ဒါမှမဟုတ်လည်း တစ်ခုမှ မထည့်ပါနဲ့။

ဒကာ ဒကာမတွေကလည်း အမြင်ကျယ်ဖို့လိုသလို သံဃာတော်တွေကလည်း အမြင်ကျယ်ဖို့ လိုပါပြီ ။ သံဃာတွေကို အအေးကပ်ချင်ရင်လည်း သဘာဝ ဖြစ်တဲ့ အသီးအနှံ့ ဖျော်ရည်တွေကိုကပ်တာက အကောင်းဆုံးပါ ။ ဈေးကွက်မှာရှိတဲ့ အဖျော်ရည်မှန်သမျှ ဆိုးဆေးနဲ့သကြားဆီနဲ့ လုပ်ထားတာကြောင့်ပါ အားလုံးနဲ့ မကင်းနိုင်ပေမယ့် လျှော့ချနိုင်သလောက် လျှော့ချရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို မွဲပြာကျသွားအောင် လူညွန့်တုံးအောင် စစ်တိုက်စရာ မလိုဘူး။ ဓာတုဗုံးတွေ ကြဲစရာ မလိုဘူး။ ဒီလို အရောအနှော အတုအပဖြစ်တဲ့ ပစ္စည်းတွေ သွင်းလိုက်ရုံပဲ။ ထုတ်လုပ်တဲ့ နိုင်ငံတွေက ဒီပစ္စည်းတွေကို လုံးဝ အသုံးမပြုသလိုပြည်တွင်းက ထုတ်လုပ်သူတွေကလည်း သူတို့ပစ္စည်း သူတို့ မသုံးဘူးဆိုတာ သိစေချင်တယ်။ ဘာမှ မဖြစ်ခင်တော့ ဘာမှမဖြစ်ပေမယ့် ဖြစ်လာ ရင်တော့ ရှိသမျှ ဥစ္စာ အကုန်ပြောင်သွားတဲ့အပြင် နောက်က မျိုးဆက်တွေပါ ဒီဒဏ်ကို ဆက်တိုက် ခံရမှာပဲ။

တရုတ်က ပလပ်စတစ်ပစ္စည်းနဲ့ ထိုင်းက ကော်ပစ္စည်းနဲ့ မြန်မာကို ထိန်းချုပ်ထားပြီးတော့ ကိုယ့်ပြည်တွင်းက ထွက်တဲ့သယံဇာတပစ္စည်း အစစ်တွေကို သဲ့ယူနေတယ်။မြန်မာနိုင်ငံသား အများစုကတော့ ကင်ဆာရောဂါ တောမှာ နစ်မြောလို့ ကောင်းတုန်းရှိသေးတယ်။ ပြည်ပကဝင်လာတဲ့ ပစ္စည်းတွေက အရည်အသွေး မမှီရတဲ့ကြားထဲ ပြည်တွင်းကပါ ထပ်ပြီး အရောအနှော အတုအပလုပ်နေကြတော့ ရောဂါ အစုံဖြစ်တာ သေတာတွေက မဆန်းတော့ပါဘူး ဆီထဲမှာ ဆပ်ပြာမှုန့် ရောတယ်။

ငပိထဲမှာ ဓာတ်မြေသြဇာ ရောတယ်။ အသီးအနှံတွေမှာ ကြာရှည်ခံစေတဲ့ ဆေးတွေ ထိုးတယ်။ အသား ငါးမုန့်ဖတ်နဲ့ ပဲပြားတွေကို ကြာရှည်ခံအောင် လူသေမှာ ထိုးတဲ့ ဖော်မလင်ဆေးတွေ ထိုးတယ် ထည့်တယ်။ လဘက်ကို ချဉ်အောင် သဘာဝ ရှောက်သံပုရာကိုမသုံးပဲ ဘတ္ထရီအိုးထဲက အက်စစ်ရည်တွေကို ထည့်တယ်။ ပြုတ်ပြီးသား လဘက်ခြောက်တွေကို ဆိုးဆေးဆိုးပြီးတော့ လဘက်ရည်ဆိုင်တွေမှာ ပြန်သွင်းတယ်။

ဟင်းခတ်ပစ္စည်းတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆိုးဆေးနဲ့ တခြားသော အမယ်ပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတာတွေပဲ ဖြစ်နေတယ်။ တရုတ်ကလာတဲ့ ပလပ်စတစ်နဲ့ ပြုလုပ်ပြီးအနံ့ပဲ ထည့်ပေးထားတဲ့ ဂျယ်လီတွေ မုန့်တွေ၊ တိရစ္ဆာန် အသေကောင်ပေါင်းစုံကို ရောကြိတ်ထားတဲ့ အသားချောင်းတွေ အသားတုတွေက ပြည်တွင်းမှာ နေရာအနှံ့ ပလူပျံနေတယ်။ ရေနုတ်မြောင်းထဲက စွန့်ပစ် ဆီတွေနဲ့ ကြော်ထားတဲ့ အာလူးကြော် ဘာကြော် ညာကြော်တွေ ကလည်း ပေါမှပေါ။

တာဝန်ရှိ အစိုးရတိုင်းကလည်း ဒါတွေကိုသိရက်နဲ့ မပိတ်သိ မ်းခိုင်းဘူး အရေးမယူခိုင်းဘူး ကြေညာချက်လေးတွေ ကိုပဲ လူမသိ သူမသိ ထုတ်ပြန်နေတယ်။ ဒီဟာတွေကို ထိန်းချုပ် စစ်ဆေး အရေးယူဖို့ စားသုံးသူကာကွယ်ရေးအဖွဲ့ကိုလည်း လုပ်ပိုင်ခွင့် အပြည့်အဝ မပေးသလို တာဝန်ရှိ အဖွဲ့အစည်း မှန်သမျှကလည်း မသိသလို နေနေကြတယ်။

တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ဘယ်သူမှ မရှိကြတော့ ကြားထဲက ပြည်သူတွေနဲ့ အနာဂတ် ကလေးငယ်တွေပဲ ဒီဒုက္ခကို ခံစားနေကြရတယ်။အစိုးရကလည်း ပြတ်ပြတ်သားသား အရေးယူ ကိုဟ်တွယ်ဖို့ လိုအပ်သလို ပြည်သူတွေကလည်း အမြင်ကျယ်ဖို့ လိုအပ်နေပါပြီ။ အမြင်မကျယ်ကြလို့ အခုဆို ကချင်ပြည်နယ် ဝိုင်းမော်နယ်ကနေ တာလောကြီးတိုက်နယ်အထိ တရုတ်ငှက်ပျော စိုက်ခင်းတွေချည်း ဖြစ်သွားပြီ။

အဲဒီ စိုက်ခင်းတွေမှာ အသုံးပြုတဲ့ ဆေးတွေက မြေအောက်ကို စိမ့်ဝင်သွားသလို မြစ် ချောင်း အင်း အိုင်တွေထဲလည်း စီးဝင်သွားတယ်။ ရေနေ သတ္တဝါတွေ သေကုန်တယ်။ လူတွေလည်း ဒီအဆိပ်သင့်ရေကိုပဲ သောက်နေရတယ်။ ဒီဆေးတွေက ကချင်ပြည်နယ်သာမက မြန်မာပြည် မြစ်ရိုးအဆုံးထိ ရောက်ရှိသွားမှာပဲ။ အစိုးရပိုင်းကလည်း မစစ်ဆေးမကြပ်မတ်ရဲဘူး။

ဒေသခံတွေကလည်း မစို့မပို့ရတဲ့ ငွေလေးတွေကို မက်မောပြီးတော့ လယ်မြေတွေကို ရောင်းစား ငှားစား လုပ်နေကြတယ်။ အမြော်အမြင်ရှိတဲ့ လူကြီးတွေရဲ့ စကားလည်း နားမဝင်ကြတော့ဘူး ။ မြန်မာပြည်ထဲ လာစိုက်တဲ့ အသီးအနှံ့တွေဆိုတာ သူတို့ ပြည်တွင်းမှာ စိုက်ခွင့် မရှိလို့ မြန်မာနိုင်ငံထဲ လာစိုက်တယ်ဆိုတာ သိဖို့ ကောင်းပါတယ်။

ရေးလို့သာ ရေးရတာပါလေ မြန်မာနိုင်ငံသား အတော်များများမှာ စာဖတ်ပျင်းသူက ကိုးဆယ် ရာခိုင်နှုန်းလောက် ရှိနေတော့ လက်ညောင်းရုံ မျက်စိ မွဲရုံပါပဲ။ ဒါပေမယ့် တစ်ယောက်တလေ အသိဉာဏ် ရသွားမယ်၊ အမြင်ကျယ်သွားမယ် ဆိုရင်တော့ ရေးရကျိုး နပ်ပါတယ်။ အားလုံး ရောဂါဆိုးဘေးမှ ကင်းဝေးကြပါစေ။ Credit

(Visited 681 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*