အိမ်ရှင်မတွေ မျက်ရည်ထပ်ကျရအုံးမယ့် ကြက်သွန်ဖြူဈေးနဲ့ ကြက်သွန်နီဈေး …

အိမ်ရှင်မတွေ မျက်ရည်ထပ်ကျရအုံးမယ့် ကြက်သွန်ဖြူဈေးနဲ့ ကြက်သွန်နီဈေး …

မုံရွာဘက်က ထွက်ရှိတဲ့ ကြက်သွန်တွေက ဈေးကောင်းနေပြီး ကြက်သွန်ဖြူ တစ်ပိဿာကို ကျပ် ၄၀၀၀ ခန့်နဲ့ မုံရွာ ကြက်သွန်နီ တစ်ပိဿာကို ၂၂၀၀ ကျပ်အထိ ဈေးကောင်းလာတယ်လို့ မန္တလေးပွဲရုံတွေနဲ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။ မန္တလေးဈေးကွက်မှာဆိုရင် ဇူလိုင်လအတွင်းက ကြက်သွန်ဖြူအရောင်းအဝယ်အေးခဲ့ပြီး လက်ရှိ မုံရွာဘက်က ကြက်သွန်ဖြူတွေ အရောင်းအဝယ်ကောင်းလာသလို ဈေးနှုန်းပါမြင့်တက်လာတယ်လို့ သိရပါတယ်။

“မန္တလေးဈေးကွက်မှာ မုံရွာကြက်သွန်ဖြူကို ကုန်သည်တွေက အဝယ်များလာတယ်။ ဈေးကွက်ထဲ လက်ကျန်ကြက်သွန်ဖြူ သိပ်မရှိတော့ ချက်ချင်းဆိုသလို ဈေးက မြင့်တက်သွားတယ်။ ဇူလိုင်နောက်ဆုံးအပတ်အထိ ပြည်တွင်းအဝယ်မလိုက်တော့ ကြက်သွန်ဖြူ တစ်ပိဿာကို ၃၅၀၀ ကျပ်လောက်ပဲဈေးရှိတယ်၊၊

အခု သြဂုတ်လ ပထမအပတ်ကစပြီး အဝယ်လိုက်လာတော့ ကျပ် ၄၀၀၀ လောက်ပေါက်ဈေးရှိလာတယ်” လို့ မန္တလေးမြို့ရှိ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဒီနေ့သြဂုတ်လ ၈ ရက်နေ့ ဈေးနှုန်းတွေအရ ကြက်သွန်နီဈေးက တက်လာခဲ့ပြီး မြင်းခြံကြက်သွန်နီရှယ်နဲ့

မုံရွာကြက်သွန်နီရှယ် တစ်ပိဿာကို ကျပ် ၂၂၀၀ အထိ ဈေးကောင်းနေသလို အခြားဒေသထွက် ကြက်သွန်နီတွေကလည်း ကျပ် ၁၄၅၀ ကနေ ၂၀၀၀ ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိဈေးကွက်ထဲမှာ အခြေခံစားသောက်ကုန်အားလုံး ဈေးနှုန်းမြင့်တက်လာနေပြီး တောင်သူတွေကလည်း ဓာတ်မြေသြဇာ၊ မြေဆီစတဲ့

စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးနှုန်းကြီးမြင့်တဲ့အတွက် အမြတ်ကျန်ဖို့ကို မနည်းစိုက်ပျိုးနေရတယ်လို့ဆိုထားသလို ပြည်သူတွေကလည်း ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေကို ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ စကစကိုယ်တိုင် ဒေါ်လာပုံသေဈေးနှုန်းကို တိုးမြှင့်ပြီး မြန်မာကျပ်ငွေ တန်ဖိုးကို လျော့နည်းအောင် ပြုလုပ်လိုက်ချိန်မှာ

သွင်းကုန် ပစ္စည်းမှန်သမျှ ဈေး ၂ ဆ တက်လာတာကြောင့် ပြည်သူများအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကို ခါးစည်းခံနေရပါတယ်။ လက်ရှိအချိန်မှာလည်း ပြည်တွင်းက ထွက်ရှိတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေက ဈေးနှုန်း ထပ်မံမြင့်တက်လာတာကြောင့် အိမ်ရှင်မတွေအနေနဲ့ အခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။

(Visited 5,726 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*