ရွှေဈေးထက် ကန်စွန်းရွက်ဈေးတက်မှာကြောက်နေသောပြည်သူအဖြစ် ထမင်းတစ်နပ် လျှော့စားရတော့မှာလား …

ရွှေဈေးထက် ကန်စွန်းရွက်ဈေးတက်မှာကြောက်နေသောပြည်သူအဖြစ် ထမင်းတစ်နပ် လျှော့စားရတော့မှာလား …

အခေါက်ရွှေ (၁၆ ပဲရည်) ၁ ကျပ်သားကို ပြင်ပပေါက်ဈေး ငွေကျပ် ၂,၄၂၀,၀၀၀ ကျပ်နှင့် ၁၅ ပဲရည် ရွှေ ၁ ကျပ်သားကို ငွေကျပ် ၂,၂၁၀,၀၀၀ ကျပ်သို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ထိုသို့ ရွှေဈေး စံချိန်တင် မြင့်တက်မှုကြောင့် ရွှေအရောင်းအဝယ် အားလုံး ရပ်တန့်သွားပြီး ပေါင်နှံမှုများ ပိုများလာတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းများ အသင်းကတော့ အကယ်ဒမီ မီးလင်းရွှေ အပိတ်ဈေးမှာ ၂,၀၉၀,၀၀၀ လို့

ဖော်ပြထားတာကြောင့် ပြင်ပဈေးကွက်နဲ့ အစိုးရ ရည်ညွှန်းဈေး သို့သော်လည်း ပြင်ပကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်တွင် အစိုးရ ရည်ညွှန်းဈေးနှင့် ငွေကျပ် ၃ သိန်းကျော်အထိ ကွာဟမှုရှိနေတာ ဖြစ်ပါတယ်။ ယခင်က အခေါက်ရွှေ (၁၆ ပဲရည်) ရွှေ ၁ ကျပ်သားကို ငွေကျပ် ၂,၀၆၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ပြီးခဲ့တဲ့

ဇူလိုင်လ ၁၈ ရက်မှ စတင်ကာ ပြင်ပ ကြိုက်ရောင်းကြိုက်ဝယ် ရွှေဈေးမှာ တဖြည်းဖြည်းမြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ရွှေဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတွေ အနေနဲ့ ထမင်း တနပ် လျှော့စားရတော့မယ့် အခြေအနေ ဖြစ်လာနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသုံးကုန်ပစ္စည်းများ တစ်နေ့ထက် တစ်နေ့ပို ဈေးတက်လာတာကြောင့် လက်လုပ် လက်စားသမားတွေအတွက် စားဝတ်နေရေးအခက်အခဲတွေ ရှိလာပြီး ထမင်း ၁ နပ်လျော့စားရမယ့်အခြေအနေတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

အခြေခံစားသုံးကုန်ပစ္စည်းတွေဟာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်းမှာ ဈေးနှစ်ဆမြင့်တက်သွား သလို ဆန်ဈေးနှုန်းမှာလည်း မိုးသုခဆန်ကြမ်းတောင် ၁ အိတ် ၄ သောင်းထိဈေးမြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတွေအတွက် မိသားစုစားဝတ်နေရေးအခက်အခဲတွေရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။

စားသုံးဆီ ဈေးမှာလည်း ၁ ပိဿာကို ၉ ထောင်ကျော်မြင့်တာလာသလို လူသုံးကုန်ပစ္စည်းမှန်သမျှ ဈေး ၂ ဆကျော်မြင့်တက်သွားတာကြောင့် အခြေခံလူတန်းစားတွေအတွက် မိသားစုစားဝတ်နေရေးပိုမိုခက်ခဲလာတာ လို့ ဆိုပါတယ်။ ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေမှာ ၂ ဆကျော် မြင့်တက်လာကြောင့် ဈေးဆိုင်ဖွင့် သူတွေအနေနဲ့လည်း အရင်က ၅ သိန်းရင်းရင်

ခု ၁၀ သိန်းလောက်ရင်းလာရပြီး ဈေးကတော့ ရောင်းမကောင်း တော့ဘူးလို့ ဈေးဆိုင်ဖွင့်သူတွေက ပြောပါတယ်။“ဈေးက ၂ ဆထိုးတက်သွားတာ ဝမ်းတီးနို့ဆီ ၁ ပါကင်ကို ၂၂၀၀၊ စူပါကော်ဖီက ၈၀၀၀၊ နို့မှုန့်က ၆၅၀၀၊ ရှပ်ဘူး ၁ ဘူး ၁၂၀၀၊ အီလန်ဆပ်ပြာအဆီတောင် အခု ၂၀၀၀ ထိဖြစ်နေပြီ ဈေးတက်လည်း တက်သလိုရောင်းပါတယ်

ကျတော့လည်း ကျသလိုရောင်းရတာပေါ့ ဒါပေမယ့် ဈေးတွေတက်သွားပြီးနောက်ပိုင်း အရင်လိုရောင်း မကောင်းဘူး”လို့ ကုန်ခြောက်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။စစ်တပ်အာဏာသိမ်ပြီးနောက်ပိုင်း လူသုံးကုန်ပစ္စည်းတွေအပြင် ဆန်၊ဆီ၊ ဆား အခြေခံစား သုံးကုန်ပစ္စည်းတွေပါ ဈေး ၂ ဆကျော်လောက်မြင့်တက်လာတာကြောင့် လက်လုပ်လက်စားသမားတွေ အတွက် ရေရှည်ရပ်တည်ဖို့ခက်ခဲလာတယ်လို့ သိရပါတယ်။

(Visited 150 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*