ဒေါ်လာဈေးတက်ပြီးနောက် ကုန်ဈေးနှုန်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာပြီး ကုန်စည် စီးဆင်းမှု အားလုံး ရပ်တန့်တော့မည့် အခြေအနေကို ရောက်တော့မှာလား …

ဒေါ်လာဈေးတက်ပြီးနောက် ကုန်ဈေးနှုန်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာပြီး ကုန်စည် စီးဆင်းမှု အားလုံး ရပ်တန့်တော့မည့် အခြေအနေကို ရောက်တော့မှာလား …

ဗဟိုဘဏ်ရဲ့ ဒေါ်လာရည်ညွှန်းဈေး ၁၈၅၀ ကျပ် သတ်မှတ်ချိန်က တစ်လီတာ ၁၆၀၀ ကျပ်စွန်းစွန်းသာ ရှိခဲ့ပေမယ့် ၂၁၀၀ ကျပ်ကို တိုးမြှင့်လိုက်ချိန်ကစပြီး ဈေးထိုးတက်လာခြင်းဖြစ်ကာ ၉၂ တစ်လီတာ ၁၈၀၀ ကျပ်အောက် ပြန်လည်ရောက်ရှိဖို့ မဖြစ်နိုင်သေးကြောင်း နေ့စဉ် ကားအသုံးပြုနေသူအချို့က ယခု လက်ရှိတွင် ပြောဆိုနေကြပါတယ်။သြဂုတ်လ ၈ ရက်နေ့မှစပြီး စက်သုံးဆီဈေးနှုန်းမှာ ၂၀၀ ကျော်အထိပြန်လည်မြင့်တက်လာပြီး

နောက်ပိုင်းတွင် 92 နှင့် 95 Ron စက်သုံးဆီများ ဆိုင်တိုင်းဝယ်ယူ၍ မရတော့ကြောင်း အငှားယာဉ်မောင်းနှင့် ကိုယ်ပိုင်ယာဉ်မောင်းနှင်သူများထံမှ သိရပါတယ်။ ထို့သို့အချိန်တွင် စွမ်းအင်ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁ ဒသမ ၃)ဘီလီယံ သုံးစွဲနေကာ ပြည်ပနိုင်ငံ တွေထံက တင်သွင်းနေရတဲ့ စက်သုံးဆီတင်သွင်းမှုကို လျှော့ချဖို့ စကစ ဥက္ကဋ္ဌက မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

စကစ ဥက္ကဋ္ဌက ‘‘ပြည်တွင်းမှာ အထိုက်အလျောက် ရေနံထွက်ရှိပြီး အချို့ဒေသတွေက တွင်းတိမ်ရေနံတူးဖော် ထုတ်လုပ်မှုတွေကို စနစ်တကျဖြစ်ဖို့ လိုအပ်ပါတယ်။ ရေနံထုတ်လုပ်မှု လုပ်ငန်းများကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုပါတယ်’’လို့ ပြောဆိုခဲ့ပါတယ်။ ယခုလို တင်သွင်းမှုလျှော့ချဖို့ ပြောကြားနေစဉ်မှာပဲ

ဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာနေပြီး ရန်ကုန်အထိုင်ဈေးဖြစ်တဲ့ ၉၂ တစ်လီတာက ဩဂုတ်လ ၇ ရက်မှ ယနေ့အထိ ၂ ရက် အတွင်းမှာပင် ၂၅၀ ကျပ်နီးပါးအထိ ဈေးထိုးတက်သွားခဲ့ပါတယ်။ 92 နှင့် 95 Ron စက်သုံးဆီများကို နံနက်ခင်းပိုင်းတွင် ဝယ်ယူ၍ အဆင်ပြေသော်လည်း နေ့လည်ပိုင်းနှင့်ညနေပိုင်းတွင် ဝယ်ယူ၍မရတော့ဘူးလို့ သိရပါတယ်။ “မနက်ပိုင်းကရတယ်။

နေ့လည်နဲ့ညနေပိုင်းက ဆီလက်ကျန်ရှ်သလောက်ပဲ ရောင်းနေကြတာ။ အခုလည်း ပြည်ပကနေ စက်သုံးဆီတင်သွင်းတာကို လျှော့ချမယ်လို့ကြားတယ်။ နောက်ပိုင်း စက်သုံးဆီဈေးနှုန်းက ထပ်တက်ဖို့ပဲရှိတော့တယ်”ဟု အငှားယာဉ်မောင်း ကိုအောင်ကျော်ကျော်ဦးက ပြောပါတယ်။ စက်သုံးဆီကဲ့သို့ မရှိမဖြစ် ကုန်ပစ္စည်းမျိုးကို နိုင်ငံခြားကနေ တင်သွင်းမှု လျှော့ချလိုက်ပါက ဖြစ်လာမယ့်

အကျိုးဆက်က မတွေးရဲစရာ ဖြစ်နေတယ်လို့ စီးပွားရေး ပညာရှင်တဦးက မှတ်ချက်ပြုပါတယ်။ ဓာတ်ဆီဈေး အဆမတန် ကြီးမြင့်မှုကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားမယ့်အပြင် ကုန်ဈေးနှုန်းတွေပါ ယခုထက်ပိုပြီး (၃) ဆ လောက် မြင့်တက်သွားနိုင်တယ်လို့ အဆိုပါ စီးပွားရေးပညာရှင်က ဆက်လက် ပြောဆိုပါတယ်။

(Visited 521 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*