သေမင်းနဲ့အသက်လုနေရတဲ့ စိုးရိမ်စရာကောင်းတဲ့ တောထဲက အလှမယ် ထားထက်ထက်ရဲ့ ကျန်းမာရေးအခြေအနေ …

သေမင်းနဲ့အသက်လုနေရတဲ့ စိုးရိမ်စရာကောင်းတဲ့ တောထဲက အလှမယ် ထားထက်ထက်ရဲ့ ကျန်းမာရေးအခြေအနေ …

သူငယ်ချင်းတို့ရေ တော်လှန်ရေးအတွက် အလှူငွေမကောက်တော့တာ တော်တော်ကြာပါပြီ…

သြဂုတ်လကုန်ရင် တစ်နှစ်တင်းတင်းပြည့်ပြီ …

တခြားသူတွေရဲ့ Project တွေအတွက်တော့ နိုင်သလောက်ကူညီဖြစ်ပါတယ်။

အလှူကောက်စဉ်ကတည်းက ရသမျှငွေများကို ကိုယ်ရေးကိုယ်တာအတွက် တပြားတကျပ်မှ မသုံးခဲ့သလို ကိုယ်ရေးကိုယ်တာအတွက်လဲ

တစ်ခါမှမတောင်းဆိုခဲ့ဖူးတာကို လိပ်ပြာလုံစွာနဲ့ အာမခံနိုင်ပါတယ်။

ဒီလိုကာလကြီးထဲမှာမှ နဂိုကတည်းက ကျန်းမာရေး ချူချာတတ်သူမို့ ဆေးရုံတတ်ရလောက်တဲ့အထိကိုဗစ်နဲ့နေမကောင်း၂ကြိမ်ဖြစ်တယ်။

နောက်ဆုံးတကြိမ်ဖြစ်တာကတော့ သေမလိုပါပဲ။

ဆေးရုံICU Ward ထဲမှာ Oxygen hight flow နဲ့ဆရာဝန်ကြီးတွေ အစွမ်းကုန် ဝိုင်းကုသပေးကြလို့ ကံကောင်းထောက်မပြီး မသေပဲကျန်ရစ်တာပါ။

ပထမအကြိမ်တုန်းကတော့ လူက အာဟာရပြည့်ပြည့်ဝဝရှိသေးတာရယ် ကိုဗစ်ကလည်း သိပ်မပြင်းထန်တာကြောင့် ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပေမဲ့

အခုတခါတော့ တော်တော့ကို သေလုမျောပါးဖြစ်ရတယ် 50/50 ဆိုပြီးသေမလားရှင်မလား အနေအထားနဲ့ သတိလွတ်နေချိန်

အသက်လုရတဲ့အချိန်မှာ စိုးရိမ်မိတာက ကိုယ်လုပ်နေတဲ့ အလုပ်လေးမပြီးသေးခင် သေသွားမှာက်ုပါပဲ…

တကယ်တော့ ရှည်ရှည်ဝေးဝေးတွေ လျှောက်ပြောနေတာ… ရောင်းစရာ ဘာမှ မရှိတော့ဘူး …

အိမ်ကလဲ အမွေဖြတ်ထားပြီး အဲ့တော့ အရင်းနီးဆုံး သူငယ်ချင်း မိတ်ဆွေဆီကနေ မုန့်ဖိုးတောင်းချင်လို့ ရေးတဲ့စာပါ …

ချစ်သော သူငယ်ချင်းတို့ … တခါမှ ငွေကြေးနဲ့ပတ်သတ်လို့ မပြောဖူးဘူး။

မတောင်းဖူးဘူး… ခုနင်တို့ သူငယ်ချင်း မွဲနေပြီ…😢 ငွေကြေးအရှုပ်အရှင်းလုံးဝမရှိတဲ့

နင်တို့ရဲ့ သူငယ်ချင်းကြီး ငါ့ကို မုန့်ဖိုးလှမ်းပို့ပေးကြပါဦး 😁 ဒီတခါပဲ တောင်းမှာနော် 😁

(Visited 2,331 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*