နိုင်ငံရပ်ခြားကို ရောက်နေပေမဲ့လည်း တောထဲကခလေးတွေကိုအားပေးစကားဆိုကာ ကတိတစ်ခုပြုလိုက်တဲ့ မင်းမော်ကွန်း ….

နိုင်ငံရပ်ခြားကို ရောက်နေပေမဲ့လည်း တောထဲကခလေးတွေကိုအားပေးစကားဆိုကာ ကတိတစ်ခုပြုလိုက်တဲ့ ပြည်သူချစ်မင်းသားချောလေး မင်းမော်ကွန်း ….

မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။နုပျိုလွန်းတာကြောင့် ” သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင် ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို

ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ဟာလက်ရှိမှာ ပုဒ်မ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာပါ။ဒါကြောင့်လဲ ဘေးကင်းရာ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်ပြီးနောက်နှစ်နှစ်နီးပါးခက်ခက်ခဲနေထိုင်ခဲ့ရပါတယ်။အခုလက်ရှိအချိန်မှာတော့ မင်းသား မင်းမော်ကွန်း ဟာ

သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီးတော်လှန်ရေးအတွက် ထောက်ပို့တပ်သားအဖြစ် တာဝန်ယူထားပါတယ်။နိုင်ငံရပ်ခြားကို ရောက်ရှိသွားတဲ့ မင်းမော်ကွန်း ကတော့ တော်လှန်ရေးအတွက် လိုအပ်နေတဲ့လက်နက်ရိက္ခာတွေ ပိုမိုရအောင် ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ဒါအပြင် နွေဦးတော်လှန်ရေးကြီး အောင်မြင်မယ်ဆိုတာ

ယုံကြည်တယ်လို့လဲ ပြည်သူတွေကို ပြောပြသွားပါသေးတယ်။သူဟာ ဓမ္မနဲ့အဓမ္မမှာ အားနည်းနေတဲ့ ဓမ္မဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ဒါကြောင့်လဲ အားပေးတဲ့ပရိသတ်တွေက အရမ်းကိုဂုဏ်ယူလေးစားချစ်ခင်အား‌ပေးရကျိုးနပ်ခဲ့ကြပါတယ်။

မင်းသား မင်းမော်ကွန်း ကတော့ လွတ်မြောက်နယ်မြေမှကျန်ရစ်ခဲ့တဲ့ ပြည်သူ့ရဲဘော်တွေနဲ့မကြာခင်ပြန်ဆုံမယ်လို့ ကတိပေးလိုက်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး ” ငါပြန်လာပြန်ဆုံချင်တာ စရောက်ထဲကကွာ ငါ့ညီတွေင့ါရဲဘော်တွေနဲ့ ပြန်တွေ့မယ်ခဏပဲ ” လို့ ရေးသားထားပါတယ်။

(Visited 59 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*