နတ်ပြည်တက်ပြီး သာယာနေတုန်းက Sout သံမထွက်ဘဲ ငရဲကိုဒိုင်ပင်ထိုးဆင်းမှ ဆွဲခေါ်ရက်တယ်ဆိုပြီး သင်ဇာဝင့်ကျော်ကို ဒေါသထွက် ပေါက်ကွဲလာတဲ့ ရှင်ယွန်းမြတ်…..

နတ်ပြည်တက်ပြီး သာယာနေတုန်းက အသံမထွက်ဘဲ ငရဲကျမှ ဆွဲခေါ်ရက်တယ်ဆိုပြီး သင်ဇာဝင့်ကျော်ကို ဒေါသထွက် ပေါက်ကွဲလာတဲ့ ရှင်ယွန်းမြတ်…..

ပရိသတ်ကြီးရေ မော်ဒယ်လ် သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ နှစ်ဦးဟာ မနေ့က ညနေပိုင်းမှာပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ အားလုံး အသိပဲ ဖြစ်ပြီး စစ်ကောင်စီ သတင်းမီဒီယာတွေ ကနေတဆင့် သင်ဇာဝင့်ကျော်နဲ့နန်းမွေ့စံ တို့ကို ဖမ်းဆီးရတာဟာ မြန်မာ့ယဥ်ကျေးမှုကို ထိခိုက်စေသော လိင်အသားပေး ဓာတ်ပုံများနှင့် ဗီဒီယိုတွေကိုအခကြေးငွေ ယူပြီး ဖြန့်ဝေမှုကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)အရ အရေးယူထားပြီးအခြားလိင်အသားပေး မော်ဒယ်လ်တွေကိုလည်း ဖမ်းဆီး အရေးယူသွားမယ်ဆိုပြီး ထုတ်ပြန်လာခဲ့တာ ဖြစ်ပါ တယ်နော်။

ထိုသို့ ဖမ်းဆီးစစ်ဆေးရာမှာသရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ထွက်ဆိုချက်ဆိုပြီး ဖော်ပြလာရာတွင် ယခုကဲ့သို့ အခကြေးငွေဖြင့် လိင်အသားပေးပုံတွေ ဗီဒီယိုတွေကို လုပ်ကိုင်ရာတွင် ဆက်စီမော်ဒယ်လ် တစ်ဦးဖြစ်သော ရှင်ယွန်းမြတ်၏ ချိတ်ဆက်မှုဖြင့် စတင်လုပ်ကိုင် ဖြစ်ခဲ့ကြောင်း သင်ဇာဝင့်ကျော်မှ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ထိုကဲ့သို့ သင်ဇာဝင့်ကျော်ရဲ့ထွက်ဆိုချက်မှာ သူ့နာမည် ပါဝင်နေတာကြောင့် ဆိုပြီး မော်ဒယ်လ်သရုပ်ဆောင် ရှင်ယွန်းမြတ်ကတော့ မကျေနပ် ဖြစ်ကာ ပေါက်ကွဲလာတာကို တွေ့ရပါတယ်။မော်ဒယ် ရှင်ယွန်းမြတ်က သရုပ်ဆောင်သင်ဇာဝင့်ကျော် အဖမ်းခံရပြီး သူမ နာမည်ပါနေသော ထွက်ဆိုချက်နဲ့ပတ်သက်၍ အခုလို တုန့်ပြန် ဖြေရှင်းလာ ခဲ့ပါတယ်။

ရှင်ယွန်းမြတ်က “လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး သတင်းပါ အကြောင်းအရာ အကြောင်းနှင့် မည်သူဆီကမှ အကျိုးအမြတ် % ခံစားထားခြင်း မရှိကြောင်း ရှင်းလင်းချင်လို့သာယာနေတုန်းကျ sout သံမထွက်၊ ခု သူပြဿနာ တက်တော့မှ ကျမ နာမည်တပ် သူ့သဘောနဲ့ သူတင်၊ သူ့ပိုက်ဆံ သူသုံး အဆင်ပြေ သာယာအေးဆေး နေတုန်းကျsout သံမထွက်၊ soutစကားတောင် မပြောဖြစ်ကြပဲ အခု ပြဿနာတက်မှ ကျမကို နာမည်တပ်၊ သူ အကောင့်ဖွင့်တာတောင် ကျမ ကြိုမသိခဲ့သူနဲ့ ကြေငြာချင်တဲ့ Website အကြောင်း သူမေးလို့ သိသလောက်ဖြေပေးတယ်။ ကြေငြာကိစ္စ ဖုန်းနဲ့ ပြောပေးတယ်။

သူတို့ချင်း ပြောပြီး ကြေငြာ post မတင်ဖြစ်ပဲWebsiteမှာ အကောင့်ဖွင့်တာ သူ့သဘော သူ့ဆန္ဒလေ။ကျမ သိမှာစိုးလို့ ကျမလုပ်ပေးလို့ သူအကောင့်ဖွင့်ဖြစ်တယ် ဖြစ်မှာစိုးလို့ မေ့လောက်တော့မှ အကောင့်ထဖွင့်ခဲ့တဲ့ သူက။အခုကျမှ By name တပ်ပြီး ကျမနာမည်ဆိုတော့ အံဩလွန်းလို့ပါ တာဝတိံသာ တက်တုန်းကကျ ဆွဲခေါ်ဖို့ နေနေသာသာ လူသိမှာကြောက်အခု ငရဲသွားတော့မှ အတင်း နာမည်တွေ တပ်ပစ်တာကို စိတ်တိုတာ။ သူသာ စိတ်ရင်းမှန်တယ်ဆိုရင် “ညီမရေ ညီမပြောတဲ့ website နဲ့ ကြေငြာ post မတင်ဖြစ်တော့ပဲအကောင့်ဖွင့်ပြီး သုံးလိုက်တော့တယ်” ဆိုတာမျိုး တခွန်းမရှိ။ ကျမပြောလို့ သူလုပ် ရပါတယ် ဖြစ်မှာစိုးလို့ အသံပိတ်နေခဲ့ပြီး ခုကျမှ ရှင်ယွန်းမြတ် ချိတ်ပေးတာ တဲ့လား စိတ်ဓါတ်ကနိုင်ငံရေးကို စိတ်မဝင်စားတာ မဟုတ်ဘူး။

စည်းနဲ့ ဘောင်နဲ့ နေတာ နိုင်ငံရေး အကြောင်းပြပြီး ပြည်သူ့မေတ္တာ လိမ်ညာ မယူဘူး။အနုပညာ ဝါသနာပါလို့ အနုပညာ လုပ်တာ နိုင်ငံရေး မှိုင်းမတိုက်ဘူး။ လူပြိန်းတွေ ကြိုက်အောင် လုပ်မပြတတ်ဘူး၊ စိတ်ရင်းအတိုင်းပဲ နေတယ်။သာပေါင်းညာစား မလုပ်ဘူး၊ ဆိတ် လ စိ လို မလုပ်ဘူး နဂိုတည်းက မှန်အောင် နေတယ်။ သေသေချာချာ ဘာမှ နားမလည်ပဲ သူများလုပ်တိုင်း လိုက်မလုပ်ဘူး။လူပိန်းကြိုက်အောင်လည်း လုပ်မပြတတ်ဘူး ဆောရီးပဲ။ ဆန္ဒပြ ဖမ်းခံထိတော့မှ ခံဝန်ထိုးပြီး ပြန်ထွက်တာမျိုးလည်း ဘယ်တော့မှ မလုပ်ဘူး။ဝါဒ မှိုင်းမတိုက်ဘူး ကိုယ့်ဘောင် ကိုယ့်စည်းနဲ့ နေတယ် လာမဆဲနဲ့ ပြန်ဆဲမှာ။ ကြောက်လ်ို့ ရှင်းတဲ့ live မဟုတ်ဘူး ကျမကို အခုလိုမှ နာမည်တပ်လိုက်တာကို တင်းတာ။ ဥပဒေ မဲ့လုပ်ရပ် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး ခိုးလုပ်ထားတဲ့ ကိစ္စလည်း ဘာမှ မရှိလို့ အေးဆေး” ဆိုပြီး ရှင်ယွန်းမြတ်က ရေးသားတုန့်ပြန် ​ဖြေရှင်း လာခဲ့တာပဲ ဖြစ်ပါ တယ်နော်။

(Visited 848 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*