မြန်မာပြည်ကြီး အေးချမ်းတော့မည့်အကြောင်း မိုင်းဖုန်းဆရာတော်မှ မိန့်ကြား …
၁၁. ၉.၂၀၂၁ မိုင်းကျတ်ဂူတွင် တရားအားထုတ်နေသော မိုင်းဖုန်းဆရာတော် မိန့်ကြားသည်မှာ မြန်မာပြည်ကြီးသည် ၂၀၂၂ ခုနှစ် ၆ လပိုင်းမှ စတင်ကာ အရာရာဟာ အကောင်းဘက်သို့ ပြန်လည်ဦးတည်မည်။ ထိုအချိန်တွင် ကပ်ရောဂါများလည်း ကင်းစင်မည်။ တိုင်းပြည် အေးချမ်းသာယာမည်။
ကောက်ပဲသီးနှံများ ပြန်လည်ဖြစ်ထွန်းမည် တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်လာမည် ကပ်ကြီးသုံးပါးလည်း ရှောင်ခွာတော့မည်။ ၂၀၂၃ နောက်ပိုင်းမှစ၍ မင်းပြောင်းမင်းလွဲ အကြိမ်ကြိမ်ဖြစ်ဦးမည် မင်းသစ်တက်သူကတက် နန်းကျသူကကျ မင်းဟောင်းတွေထဲက နတ်ရွာစံသူကစံနဲ့ တိမ်တောင်သဖွယ် မင်းရေးကျယ်စွာ ရှုပ်ထွေးကြလိမ့်ဦးမည်။
၂၀၃၀ နောက်ပိုင်း၂၀၅၀ ကြားကာလမှာတော့ ဘုန်းကံကြီးစွာ မင်းကောင်းရတနာ မင်းခယောက်ကျားမြတ် တစ်ပါးပေါ်ထွန်းလာလိမ့်ဦးမည်။ ပြည်သူအများ ရင်ဝယ်သားကဲ့သို့ ကျောသားရင်သား မခွဲခြားပဲ မင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်မည်။ဘယ်စနစ်ဘယ်ဝါဒမှ မသုံးပဲ ဗုဒ္ဓဝါဒနဲ့ အုပ်ချုပ်လိမ့်မည်။
တိုင်းပြည်တော်ကြီး သာယာဝပြောလိမ့်ဦးမည် ကမ္ဘာအရပ်ရပ်က ထီးတစ်ရာမင်းတို့၏ ထိပ်ခေါင်ဖြစ်လိမ့်မည်။တိုင်းပြည်သည် ဂျပန်ပြည်လိုတိုးတက်၍ သာသနာသည် နေတဆူ ထင်လင်းပြီး ကမ္ဘာပြန့်ပွား၍ ကမ္ဘာ့သာသနာ့ ထီးကြီးဆောင်းလိမ့်မည်။ယခုအချိန်တွင်တော့ ဘုရား တရား သံဃာကိုသာ အမြဲရှိခိုးပါ၊ ရွတ်ဆိုပါ၊ ကိုးကွယ်ကြပါ ဒကာတို့။
Be the first to comment