ဖုန်းဝယ်ပေးမယ်ဟုဆိုကာ (၁၅)နှစ်သမီးလေးကို လမ်းဘေးချုံပုတ်ထဲ၌ အမျိုးသားနှစ်ဦးမှ See more …

ဖုန်းဝယ်ပေးမယ်ဟုဆိုကာ (၁၅)နှစ်သမီးလေးကို လမ်းဘေးချုံပုတ်ထဲ၌ အမျိုးသားနှစ်ဦးမှ See more …

ကော့သောင်းမြို့ မာရမ်းကျေးရွာအုပ်စု ၊ အေးချမ်းသာကျေးရွာ ၊ ခမောက်ငယ်ဆီအုန်းပျိုးခင်းဇုန် အတွင်း အသက် တစ်ဆယ်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးအား သားမယားအဖြစ်ပြုကျင့်သူ အမျိုးသားနှစ်ဦး အား မာရမ်းရဲတပ်ဖွဲ့ မှယမန်နေ့က ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်းသိရသည်။

ပြုကျင့်ခံရသူ အသက်၁၅နှစ်အရွယ် မ—— ၏ မိခင် ဖြစ်သူက ဆီအုန်းစိုက်ပျိုးရေး လုပ်ကွက်တာဝန်ခံ ခင်ဇော်နှင့် ဆီအုန်းလုပ်သား တင်အေးဆိုသူ နှစ်ဦးမှ သားမယားအဖြစ် ပြုကျင့်ကြောင်း တိုင်တန်းချက်အရ မာရမ်းရဲစခန်းမှ မ——-အား စစ်မေးရာ လွန်ခဲ့သည့် တစ်လခန့် က ပြုကျင့်ခံရသူ မ——- သည်

ဆီအုန်းအလုပ်စခန်းမှ အိမ်သို့ပြန်လာစဉ် လုပ်ကွက်တာဝန်ခံ ခင်ဇော်က လိုက်ပါပို့ဆောင်ပေးရာ လမ်းတွင် လမ်းဘေးချုံပုတ်အတွင်း သို့ဆွဲခေါ်ကာ သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း ၊ ယင်းနောက် လွန်ခဲ့သည့်(၂၀)ရက်ခန့် က မ——သည်

မိမိနေအိမ်တွင်တစ်ဦးတည်း ထမင်းချက်နေစဉ် ဆီအုန်းလုပ်သား တင်အေးဆိုသူမှ နေအိမ်နောက်ပေါက်မှ အိမ်ပေါ်သို့ တက်လာပြီး မ——အား ဖုန်းဝယ်မေးမယ် ၊ ရန်ကုန်သို့ ခိုးပြေးကြမယ် ဟုပြောဆိုကာ ပါးစပ်ပိတ်၍ သားမယားအဖြစ် (၁)ကြိမ် ထပ်မံပြုကျင့် ခဲ့ရကြောင်း စစ်ဆေးဖေါ် ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဉ်နှင့် စပ်လျဉ်း၍ မိခင်ဖြစ်သူ၏ တိုင်းတန်းချက်အပေါ် ပြုကျင့်ခံရသူမ—–အား ကော့သောင်းဆေးရုံသို့ မှုခင်းဆေးစာဖြင့် ပေးပို့စစ်ဆေးထားရှိပြီး ပြစ်မှုကျူးလွန်သူ ခင်ဇော်(၂၇)နှစ်နှင့် တင်အေး(၃၁)နှစ်တို့အား မာရမ်းရဲစခန်းက အမှုဖွင့်ကာ ဆက်လက်အရေးယူဆောင်ရွက်လျှက် ရှိကြောင်းသိရှိရသည်။ Credit

(Visited 2,187 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*