စိတ်မနှံ့သူ (၁၇)နှစ်အရွယ် သမီးဖြစ်သူမှာ ရင်သားများကြီးထွားလာသဖြင့် မသင်္ကာ၍ မိခင်ဖြစ်သူမှ မေးမြန်းရာ See more

စိတ်မနှံ့သူ (၁၇)နှစ်အရွယ် သမီးဖြစ်သူမှာ ရင်သားများကြီးထွားလာသဖြင့် မသင်္ကာ၍ မိခင်ဖြစ်သူမှ မေးမြန်းရာ See more

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာတွင် ၁၇နှစ်အရွယ် စိတ်မနှံ့သူ မိန်းကလေးငယ်အား အသက် ၅၆နှစ်အရွယ်ရှိ ယောက်ျားတဦးက အလိုမတူဘဲ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာနေ ဒေါ်ဌေးကြည်သည် နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မကြည်ပြာစိုး (စိတ်ပေါ့သွပ်သူ) (၁၇)နှစ်သည်၎င်းအား ထွန်းသိန်း(၅၆)နှစ်၊(ဘ)ဦးအစံ ၏ ငါးကန်ဘေးတောထဲသို့ ဟင်းရွက်ခူးသွားစဉ် ထွန်းသိန်းမှ ငါးကန်ဘေးတောထဲသို့ ဆွဲခေါ်သွားကာ

သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊တစ်ပတ်ခန့်အကြာတွင် မကြည်ပြာစိုးသည် တစ်ရွာထဲနေ အဒေါ်ဖြစ်သူ ဒေါ်တင်ဝင်း၏နေအိမ်သို့ အလည်သွားစဉ် ပလ္လင်အမကကျောင်းအနီး အရောက်တွင် ထွန်းသိန်းမှ အ.မ.က ကျောင်း အနောက်ဘက်ရှိခြုံထဲသို့ဆွဲခေါ်သွားပြီး သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိ ရသော်လည်း

သမီးဖြစ်သူမှာ စိတ်ပေါ့သွပ်သူဖြစ်နေသဖြင့် မယုံကြည်ဘဲနေခဲ့ပါသည်။လအတော်အတန်ခန့်အကြာတွင် သမီးဖြစ်သူ၏ ရင်သားများကြီးထွားလာသည်ကို မသင်္ကာသဖြင့် ရှားခဲကျေးရွာမှ သားဖွားဆရာမ ဒေါ်နန့်စန်းမြိုင်(ငြိမ်း)ထံသို့ သွားရောက်စစ်ဆေးရာ ကိုယ်ဝန်(၅)လ ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

မိခင် ဒေါ်ဌေးကြည်၏ တိုင်တန်းချက်အရအထောင်နယ်မြေရဲစခန်း အမှုဖွင့်ပြီး ထွန်းသိန်းအား အမှုဖြင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။Crd

(Visited 2,849 times, 2 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*